Wednesday, October 7, 2015

NLDထိပ်တန်းပုဂ္ဂိုလ်များနှင့် ထောက်ခံသူများ သံဃာတော်များကို ခွဲခြားဆက်ဆံ NLD ပါတီကိုထောက်ခံသူများသည်

NLDထိပ်တန်းပုဂ္ဂိုလ်များနှင့် ထောက်ခံသူများ သံဃာတော်များကို ခွဲခြားဆက်ဆံ
NLD ပါတီကိုထောက်ခံသူများသည် အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့(မဘသ)အဖွဲ့ဝင် သံဃာတော်များကို အစိုးရလက်ကိုင်တုတ်များဟုစွပ်စွဲခြင်း၊ မဘသအဖွဲ့ဝင်များကို ဆွမ်းမလောင်းဟုလူမှုကွန်ယက်တွင် တင်ခြင်း၊ သမ္မတဦးသိန်းစိန် ကို ထောက်ခံသည်ဟု မိန့်ကြားသည့် သံဃာတော်များကို မိုက်ရိုင်းစွာ ဆဲရေးခြင်းများ ပြုလုပ်နေကြသလို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကိုယ်တိုင်က မဘသ အဖွဲ့သည် နိုင်ငံရေးတွင် ဝင်စွက်နေကြောင်း စွပ်စွဲ ပြောဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ထောက်ခံကြောင်း ပြောကြားသည့် သံဃာတော်များကိုမူ သံဃာအစစ်များဟု ချီးကျူးနေခြင်းကို နားမလည်နိုင်ဖြစ်ရကြောင်း မဘသ အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်သူ ဦးအာဒိစ္စက မိန့်ကြားခဲ့သည်။
“NLD ပါတီခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေက သံဃာတော်တွေကို ဆက်ဆံရင် စံနှစ်မျိုးနဲ့ ဆက်ဆံ နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ် NLD ကို မဲပေးပါလို့ ပြောရင် သံဃာအစစ်၊ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတယ်လို့ ပြောရင် နိုင်ငံရေးဘုန်းကြီး၊ အစိုးရလက်ကိုင်တုတ်ဆိုပြီးတော့ ပယ်ပယ် နယ်နယ် ဆဲတော့ ဒါပဲ။ ဘုန်းကြီးတို့ သံဃာအများစုဟာ အစွဲမကုန်သေးတဲ့ ပုထုစဉ်တွေပါ။ အဲဒီတော့ ပုဂ္ဂိုလ်စွဲ ပါတီစွဲတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ပါတီကိုတော့ဖြင့် မဲပေးပါ၊ ဘယ်ပါတီကိုတော့ဖြင့် မဲမပေးပါနဲ့ လို့ သံဃာတွေအနေနဲ့ မပြောသင့်ဘူး။ ဒီလိုပြောရင် ပါတီတစ်ဖက်ဖက်ကို ဘက်လိုက်ပြီး မဲဆွယ်ရာ ရောက်တဲ့ အတွက် ပါတီနိုင်ငံရေးမှာ ဝင်စွက်ရာကျပါတယ်။ ဒါပေမယ့် နိုင်ငံခေါင်းဆောင်အနေနဲ့ သမ္မတ ဦးသိန်းစိန်ကို သဘောကျတယ်၊ ဘယ်ပါတီကိုတော့ဖြင့် သဘောကျတယ်ဆိုတာကတော့ သံဃာတစ်ပါးချင်းစီရဲ့ ပုဂ္ဂိလဓိဌာန် ပါ” ဟု ဆရာတော်က မိန့်ကြားသည်။
“ကမာရွတ်မီဒီယာရုပ်သံမှာ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက မဘသဟာ အခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံ ရေးမှာ ဝင်စွက်နေတယ်လို့ပြောသွားတယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တစ်ခါပြောဖူးပါတယ်။ ထမင်း ချက်တာလဲ နိုင်ငံရေး၊ ဈေးဝယ်တာလဲ နိုင်ငံရေး ဆိုပြီးတော့။ အဲလိုဆိုရင်တော့ ဘုန်းကြီးတို့ ဆွမ်းခံတာလဲ နိုင်ငံရေးဖြစ်သွားနိုင်သလို မဘသဖွဲ့ပြီး အမျိုးဘာသာသာသနာ ကာကွယ်ရေးလုပ်နေတာလဲ နိုင်ငံရေးလို့တော့ ပြောလို့ရမှာပေါ့။ ဒါပေမယ့် ဘုန်းကြီးတို့ ယုံကြည်တာက အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး သည် သာသာပြုရေးနဲ့ တန်းတူအရေးကြီးသော တာဝန်၊ ဘုန်းကြီးတို့ လုပ်ကို လုပ်ရမယ်။ မျိုးစောင့်အောင်ပွဲမှာ သီတဂူဆရာတော်ဘုရားကြီးလဲ မိန့်သွားတာပဲ၊ ဘာသာရေးသက်သက်မရဘူး၊ လူမှုရေးတွဲလုပ်ရမယ်လို့၊ အမျိုး ဘာသာ သာသာနာ ကာကွယ်စောင့်ရှောက်ရေးသည် ဘယ်ပါတီဖက်ကိုမှ လိုက်တဲ့ နိုင်ငံရေးမဟုတ်၊ ဘယ်ပါတီ ကိုမှ တိုက်ခိုက်တဲ့ နိုင်ငံရေးမဟုတ်ဘူး။ အဲဒါကို ကိုယ့်ပါတီက အမျိုးသားရေးထက် ကျန်တာတွေကို ဦးစားပေးနေပြီး မဘသက တိုက်ခိုက်နေတယ်လို့တော့ မမြင်စေချင်ဘူး” ဟု ဆက်လက်မိန့်ကြားသည်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုရဲမောင်က “NLD ပါတီခေါင်းဆောင်တွေဟာ သူတို့ ရှုံးတော့မယ် ဆိုတာ တွေးမိလို့ အခုလို ဘာသာရေးနဲ့ နိုင်ငံရေးရောတယ် ပြောနေကြတာ လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ရှိပါတယ်။ ဒီထဲမှာ သံဃာတော်တွေကို စော်ကားတာ၊ တိုက်ခိုက်တာ၊ သာသနာတော်ကို ညိုးနွမ်းပျက်စီးအောင် အပုပ်ချနေတာ NLD ပါတီတစ်ခုတည်း ရှိပါတယ်။ ကျန်တဲ့ ပါတီတွေက ရှင်ဆန္ဒာဓိကတို့၊ ရှင်ပညာသီဟတို့၊ ရှင်သူရိယတို့ကို NLD ပါတီ မဲပေးဖို့ ပြောကြတာကို ဗွေမယူပါဘူး။ ဒီလို ပြောကြကြေး ဆိုရင် ရှင်ဆန္ဒာဓိက ဟာလည်း ဘုန်းကြီး ဟုတ်ရဲ့လား၊ သံဃာအတုလား မေးလို့ ရပါတယ်။ မမေးပါဘူး။ ပြောကြကြေးဆိုရင် အစိုးရက ဆုတံဆိပ်ကပ်တဲ့နေရာမှာ မပါလို့ အစိုးရကို ဆန့်ကျင်တယ် ဆိုတဲ့ သတင်းတွေလည်း သံဃာတွေက ပြောကြပါတယ်။ ကျွန်တော်တို့ မပြောပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ NLD လို အာဏာငမ်းငမ်းတက် ရူးနေတာ မဟုတ်လို့ပဲ။ အခုလဲ သံဃာတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘာသာဝင်လဲ ဆိုတာ ဖြစ်လာနေပါတယ်။ မပြောပါဘူး။ OIC နဲ့ တိတ်တဆိတ် သဘောတူညီချက် ရယူထားတာတွေ ကြားနေရပါတယ်။ မပြောပါဘူး။ မဘသကို ထောက်လှမ်း စောင့်ကြည့်ပြီး အပုပ်ချဖို့ NLD ပါတီက မျိုးရန်နောင်သိမ်းလို မဒိမ်းကောင်ကို ဦးဆောင်ခိုင်းထားတာ သိပါတယ်။ မပြောပါဘူး။ မဘသ ကို စော်ကားနေကြပေမယ့် NLD ထောက်ခံတဲ့ ဘုန်းကြီးတွေကို ကျွန်တော်တို့ မပြစ်မှားပါဘူး။ NLD ဟာ သီတဂူဆရာတော်ကြီး သတိပေးခဲ့သလို ကွန်မြူနစ်စိတ်ဓါတ်တွေ၊ ကွန်မြူနစ်ဝါဒီတွေ ဖြစ်လာနေပြီလား ပြည်သူတွေ သတိရှိကြဖို့ လိုနေပါပြီ။ NLD ပါတီဟာ သံဃာကို ပြစ်မှားတယ်။ သာသနာတော်ကို စော်ကား တယ်။ ဒီလုပ်ရပ်တွေကြောင့် သေရင် အပယ်လားရုံတင်မက လာမယ့် ရွေးကောက်ပွဲ ခွက်ခွက်လန်အောင် ရှုံးတော့မှာပါ။ တစ်နိုင်ငံလုံးက ပြည်သူတွေ NLD ဆိုရင် ရွံနေကြပါပြီ။ မြို့ကြီးတွေ နိုင်ရင် နိုင်ပါလိမ့်မယ်။ ကျန်တဲ့ တစ်နိုင်ငံလုံးမှာ NLD အမတ်တွေ ခွက်ခွက်လန်အောင် ရှုံးတော့မှာပါ” ဟု ပြောသည်။
“အခု ဒေါ်အောင်ဆန်းစုကြည် ပြောနေတယ်။ NLD ပါတီနိုင်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ် လေကြီးမိုးကြီး လျှောက်ပြောနေတယ်။ ပါးစပ်ပါလို့ ပြောနေတာ လို့ ကျွန်တော်တို့က ယူဆတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကားကို ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့အမီ ရိုက်မယ် ပြောတယ်။ ပိုက်ဆံ သိန်းထောင့်ငါးရာ ပြောင်သွားတယ်။ ဘယ်မှာလဲ ရုပ်ရှင်။ အဂတိကင်းအောင်လုပ်ပါ့မယ် ပြောတယ်။ ဒီလှိုင်းဂျာနယ် သိန်းငါးထောင် ပျောက်သွား တယ်။ NLD ကိုယ်စားလှယ်တစ်ယောက် လမ်းခင်းပေးပါမယ် ဆိုပြီး သိန်းရှစ်ရာ ဖြောင်တယ်။ လူနည်းစုမို့လို့ လွှတ်တော်ထဲ ဘာမှ လုပ်လို့ မရပါဘူး ပြောတယ်။ ဦးသိန်းညွန့်တို့ ဘယ်လို ပြောမလဲ။ ဒေါ်ညိုညိုသင်းတို့ ဘယ်လိုလုပ်မလဲ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲပြီးကတည်းက လွှတ်တော်ထဲ ၀င်သွားတာ။ ဇေယျာသော် ဆိုရင် ဖိနပ်ကိုင် ထီးကိုင် အဆင့်ကကို တက်မလာဘူး။ ဦးဝင်းထိန် အရေးကြီးအဆို တင်တာက ခေါင်းပေါင်း ချွတ်ဖို့။ ရိုင်းရိုင်းပြောရရင် မျိုးစောင့်ဥပဒေတွေကို ကန့်ကွက်ပြီး ပြည့်တန်ဆာ တရားဝင် အခွင့်အရေး တောင်းဆို ခဲ့တာ NLD ပါတီပဲ။ ဒါတွေက အမှန်တွေပဲ။ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌတဲ့။ ပါးစပ်က တရားဥပဒေစိုးမိုးရေး လျှောက်ပြောနေတာ။ သူလုပ်တာတွေက အကုန်လုံး ဥပဒေ ချိုးဖောက်နေတာ။ ကျင့်ဝတ်လည်း မသိ။ အခြေခံဥပဒေလည်း နားမလည်။ ဘယ်သိမလဲ။ ပါးစပ်က ပြောကောင်းတိုင်း ပြောနေတာ။ NLD အမတ်ပေါင်း ၄၀ ကျော်ရှိတဲ့ လွှတ်တော်ထဲမှာ ဘာများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့လို့လဲ။ တာဝန်မကျေရင် ဖြုတ်ပစ်မယ် ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခွင့်ကို ကန့်ကွက်ခဲ့တဲ့ ပါတီဖြစ်တယ်။ ပြောရရင်တော့ အများကြီးပါ။ ဒေါ်အောင်ဆန်းစုကြည် လျှောက်ပြောနေတာတွေ ကျွန်တော်တို့ကတော့ မယုံဘူး။ လက်တွေ့ ဘာလုပ်ပြခဲ့သလဲ ဆိုတာက သူ ဘာပြောနေသလဲ ဆိုတာထက် အရေးကြီးပါတယ်” ဟု အမျိုးသားဝံသာနု လူငယ်ကွန်ရက်မှ ကိုရဲခေါင်က ပြောကြားခဲ့သည်။
NLD ထောက်ခံသူတစ်ဦးဖြစ်သော Melvin Moe အမည်ရှိ Facebook သုံးစွဲသူတစ်ဦးကလည်း မျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားတွင် သီတဂူဆရာတော်မိန့်ကြားချက်ကို လှောင်ပြောင်ပြီး “မ.ဘ.သ နဲ့ ကျွန်တော် အဆင်ပြေသွားပါပြီ။အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ကာမန်နီ (Ayatollah Ali Khamenei) ကို ၊ အားကျပြီး မြန်မာပြည်မှာလဲ ၊ ဘာသာရေးခေါင်းဆောင်က အုပ်ချုပ်ဖို့ ၊ ကြိုးစား အားထုတ်နေကြတယ်ဆိုတာ မသိလို့ ဝေဖန်မိတာပါ။မသိဘူးလေဗျာ။ မွတ်ဆလင် မုန်းတီးရေး လုပ်နေတဲ့ မ.ဘ.သ တွေက မွတ်ဆလင်တွေရဲ့ လမ်းစဉ်ကို အားကျပြီး အတုခိုးပြီး တသွေမတိမ်း အကောင်အထည် ဖော်နေတယ်ဆိုတာကို ကျွန်တော်ဘယ်သိပါ့မလဲ။သီတဂူဆရာတော်ကြီး ရဲ့ ပေ့ခ်ျ မှာတင်ထားတဲ့ သတင်းကို မှတ်ချက်ပေးပြီး share ထားတဲ့ ၊ NLD ကို မွတ်ဆလင်အားပေးပါတီဆိုပြီး အမြဲလိုလို ဆဲ လေ့ရှိတဲ့ ၊ မ.ဘ.သ ဘုန်းကြီးတွေရဲ့ သဘောတရားကို ဖတ်မိတော့မှ ကျွန်တော်လဲ နားလည်သဘောပေါက်သွားတယ်။ ဆက်လုပ်ပါ... ဆက်လုပ်ပါ....ဘုန်းကြီးတွေ တိုင်းပြည်အုပ်ချုပ်ရင် ကျွန်တော် သဘောကျတယ်။ မယ်သီလရှင်လေး တွေ အုပ်ချုပ်ရင်လဲ ကျေနပ်တယ်” ဟု ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်ဟု တွေ့ရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံကို ခြေဖြင့်နင်းကာ လူမှုကွန်ယက်တွင် ဖြန့်ဝေသူကို အမှုဖွင့်အရေးယူသကဲ့သို့ သံဃာတော်များကိုသာမက အစိုးရနှင့် နိုင်ငံ့အကြီးအကဲများ၊ တပ်မတော်ခေါင်းဆောင်များကို စော်ကားနေသော Melvin Moe နှင့် စင်္ကာပူရောက် မြန်မာနိုင်ငံသားများကိုလည်း ပတ်စ်ပို့စ်များ သက်တမ်းပိတ်သိမ်း၍ Black List သွင်းခြင်း၊ စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနသို့ အမည်မည်းစာရင်းများပေးခြင်း စသည်တို့ ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း အမျိုးသားရေး အင်အားစုများက ပြောသည်။

Photos from ဒေါက်တာဆိတ်ဖွား's post



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: