Wednesday, October 21, 2015

သုံးမျိုးထဲကစဉ်းစားမယ် ဆိုရင်တော့ တိုင်းရင်းသားအသီးသီးကတော့ ဒီအနေအထားနဲ့ဆို သူတို့ ဒေသဆိုင်ရာစစ်မက်ရေးရာတွေကို

သုံးမျိုးထဲကစဉ်းစားမယ် ဆိုရင်တော့ တိုင်းရင်းသားအသီးသီးကတော့ ဒီအနေအထားနဲ့ဆို သူတို့ ဒေသဆိုင်ရာစစ်မက်ရေးရာတွေကို ငြိမ်းချမ်းရေး ဖြေရှင်း နေရတဲ့အတွက် တိုင်းပြည်သမ္မတ ဘက်ကိုတော့ သူတို့ သတ်မှတ်ထား တဲ့ အဆင့်ထိတော့ မရောက်သွားနိုင်ဘူး။ ဒီတော့ တိုင်းရင်းသားတွေ ကိုဖယ်ရမယ်။ တိုင်းရင်းသားထဲက တစ်ဦးတစ်ယောက်အနေနဲ့ သမ္မတ အဖြစ်ရောက်ဖို့တော့ အတော် အတန် ခက်ခဲပါတယ်။ အတိုက်အခံဘက်က ကြည့်မယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်နိုင်ဘူး။ နောက်ပြီး ပါတီအနေနဲ့လည်း မဘသကို တရားဝင်ရော တရားမဝင်ရော တိုက်ခိုက်နေတဲ့ပါတီ။ ပါတီက အမျိုးသားရေးနဲ့ ဆန့်ကျင်နေတဲ့အတွက် ဆရာတော်တွေအားလုံးက ဆန့်ကျင်နေတဲ့အတွက် ၁၉၉၀ နဲ့စာရင် ထောက်ခံမှုက တစ်ဝက်လောက် ကျသွားတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ၂၅ ရာနှုန်း မဲကလည်း မရှိပြန်ဘူး။ ဒါကြောင့် အတိုက်အခံဘက်က အားမကောင်းနိုင်တော့ဘူး။ အဲတော့ အတိုက်အခံဘက်က အားမရှိတဲ့ အတွက် ထင်တိုင်းမဖြစ်နိုင်တော့ဘူး။ အဲတော့ ပဋိပက္ခ တွေ လုပ်ဖို့အားသန်လာလိမ့်မယ်။ ဒါကြောင့် အန်အယ်လ်ဒီရှုံးရင် ဆူပူမှုတွေဖြစ်မယ်။ ပဋိပက္ခတွေ ဖြစ်မယ်။ ရွေးကောက်ပွဲ တရားမျှတမှု မရှိဘူးဆိုပြီး ကမ္ဘာကို လှုံ့ဆော်မယ်။ တိုင်းပြည် မငြိမ်မသက်တွေ ဖြစ်လာလိမ့်မယ်။ အတိုက်အခံက အားမကောင်းတဲ့အတွက် အာဏာရပါတီက အလိုလိုနေရင်း ကံကောင်းပြီး အားကောင်းလာလိမ့်မယ်။ “
မြန်မာ့ နက္ခတ်ဗေဒဆရာ စံဇာဏီဘို နဲ့တွေ့ဆုံ မေးမြန်းခြင်း
++++++++++++++++++++++++++++++++++++++
ဗေဒင်လက္ခာဏာ ယတြာတွေကိုယုံကြည့်ကြတဲ့ ဒီမှာ နိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲတွေဖြစ်နိုင်တဲ့အခြေအနေတွေ ဗေဒင်နက္ခတ်ပညာဟာလည်းမေ့ထားလို့မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေတိုးတတ်ပြောင်းလဲရေးအတွက် အရေးကြီးဆုံးရွေးကောက်ပွဲကာလဟာ တစ်ဖြေးဖြေးနီးကပ်လာ ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြိုကာလ နဲ့ ရွေးကောက်ပွဲကာလတွေမှာ ဗေဒင်ကိန်းဂဏန်းတွေအရ ဘာတွေဖြစ်နိုင်တယ် ဘယ်လိုထူးခြားချက်တွေကို ကြုံရမလဲ သတိထားရမယ့်အရာတွေဟာ ဘာတွေလဲဆိုတာကို မြန်မာ့ နက္ခတ်ဗေဒ ပညာရှင် စံဇာဏီဘိုနဲ့တွေ့ဆုံပြီးမေးမြန်းထားပါတယ်။
ကုမုဒြာ။ ။ ဆရာတို့ ပညာရပ်အရ ၂၀၁၅ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲ အပေါ် ကိုသုံးသပ်ပေးပါဆရာ။
စံဇာဏီဘို ။ ။ ပထမဦးဆုံး ရွေးကောက်ပွဲ ကာလမှာ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင်ကာလမှာ ကိုတည်းက ကြောက်မက်ဖွယ်ကောင်းတဲ့ ဂြိုလ်အနေ အထားတွေ စတွေ့ရတယ်။ ဗုဒဟူး ဂြိုလ်လို့ခေါ်တဲ့ မာကျူရီ ဂြိုလ်ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ လ ၃၀ ရက်နေ့မှာ စပြီး တူရာသီကိုရောက်တယ် လစ်ဘရယ်လို့ခေါ်တယ် အဲဒါက နိုဝင်ဘာ ၁၈ ရက်အထိ ရှိတယ်။ အဲဒီကာလမှာ ဗုဒဟူးဂြိုလ် တူရာသီမှာရှိရင် နက္ခဗေဒင် ရဲ့ဟောကိန်းအရ မင်းအချင်းချင်း ငြင်းခုန်မူများမယ်။ ပဋိပက္ခ များဖြစ်မယ်။ မငြိမ်မသက်ဖြစ်မယ်၊ စစ်မက်ရေးရာ ဖြစ်မယ်ဆိုတဲ့ သဘောပြတယ်။ အဲတော့ ရွေးကောက်ပွဲ ကာလဟာ နိုဝင်ဘာလ ရှစ်ရက်နေ့ အဲတော့ ရွေးကောက်ပွဲ မတိုင်ခင် ၉ ရက်အလိုနဲ့ ရွေးကောက်ပွဲကျော်ပြီး ၉ ရက် အလွန်ကာလမှာ အင်မတန်ကြောက်စရာကောင်းတဲ့ အနေအထားရောက် နေရှိတယ်။အဲတော့ ဒီအချက် ကနံပါတ်တစ် အချက် ဒီအတွက်ကြောင့် ရွေးကောက်ပွဲမှာ သိပ်သတိထားရမဲ့ အကြောင်းအရာတစ်ခုဘဲ။ မတူညီတဲ့ အဖွဲ့အစည်းတွေ ပါတီစုံမှာ သွားကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်အကြမ်းဖက်ပြီး တိုက်ခိုက်မှာကို စိုးရိမ်ဖွယ်ရှိတယ်။ နိုဝင်ဘာလ ၄ ရက်နေ့ အဲဒီနေ့မှာ ဂြိုလ် နှစ်လုံးပြောင်းတယ် အဲဒါကအင်မတန်အရေးကြီးတဲ့ သောကြာ ဂြိုလ် လည်းပြောင်း အင်္ဂါဂြိုလ်လည်းပြောင်း အဓိက သောကြာဂြိုလ်ပြောင်းလိုက်တဲ့အခါမှာ သောကြာ ဂြိုလ်က ကန်ရာသီ မှာတည်ရှိပြီးတော့ ကန်ရာသီမှာ အင်္ဂါဂြိုလ်ကလည်း ကန်ရာသီကို ကူးပြောင်းသွားတယ်။ အဲဒီမှာ ရှိနေတဲ့ ရာဟု ဂြိုလ်နဲ့ သွားပေါင်းလိုက်တယ်။ ပေါင်းလိုက်တဲ့ အခါမှာ နိုဝင်ဘာလ ၄ ၇က်နေ့ ရွေးကောက်ပွဲမတိုင် ခင် ကနေ စပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ ဂြိုလ်သုံးလုံး ပူးတယ်။ အဲဒီ ဂြိုလ်က ရာဟုရယ် အဂါင်္ရယ် သောကြာရယ် ဂြိုလ် သုံးလုံးပူးတယ်။ အဲဒီ ဂြိုလ်သုံးလုံးပူးတာ အင်မတန်ကြောက်မက် ဖွယ်ကောင်းတဲ့ အနေအထားဖြစ်တယ်။ မင်းတိုအချင်းချင်းစစ်မက် ဖြစ်သွားမယ် မြေပြင်တလင်းမှာ သွေးချောင်းစီးပြီး သွေးချင်းနီနီ မဲ့အခြေ အနေဖြစ်တယ်။ နိုဝင်ဘာလ ၃၀ အထိ အဲဒီ အပူးအတိုင်းဖြစ်တယ်။ ဒါက နှစ်ဦးမှာတည်းက ဒိုင်ယာရီ ထုတ်ပြီးသား ဒီအချိန်ဒီကာလမှာ ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့အမြဲတမ်း ထုတ်ပေးပြီးသား။ ခုမှ ဒီအကြောင်းအရာကို ချဉ်းကပ်ပြီးတော့ သုံးသပ် တာမဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမကြေငြာခင် ဒီအချိန်လောက်တတည်းကထုတ်ထားတာ။ အဲတော့ ဒီကာလကို နိုဝင်ဘာ လ ရှစ်ရက်နေ့ ကို သူတို့ကို ဒါကို သိလို့ဘဲ တမင် ချိန်ကိုက်ပြီးတော့ ပဲရွေးကောက်ပွဲရက်ကိုဘဲ သတ်မှတ်တာလား။ ပြီးတော့ တနင်္ဂနွေ ကလည်း သိကြားပြည်မှာ ပြသဒါး လူနတ်သာဓု ခေါ်စရာအကြောင်း ဘယ်ရှိမလဲ။မြန်မာပြည်က ၄ ရက်နေ့ ဇန်နဝါရီမှာ လွပ်လပ်ရေးရတယ်။ ၈ နဲ့ ၄ ကမတည့်တာကို ၈ ရက်နေ့မှာ ဒီကိစ္စ လုပ်မယ်ဆိုတာ အံသြစရာ ကောင်းတယ်။ သူတို့ ကိုဒီ ဂြိုလ်တွေ အနေအထား သိရက်နဲက သိလို့ဘဲ ဒီကာလကို ထားပြီးတော့ အချင်းချင်းတွေ စစ်မက်ဖြစ်ပွားအောင်ပဲလုပ်တာလား။ ဒီပြသသနာကို ပဲစဉ်းစားစရာ နံပါတ် ၁ ဖြစ်တယ်။ ဒါမှမဟုတ်ရင်မသိလို့ဘဲလုပ်တာလား တော့မသိဘူး။ သိပ်သတိထားရမဲ့အကြောင်းအရာ ကတော့ ၃၀ ရက်နေ့အောက်တိုဘာက စပြီးတော့အားလုံးသော လူတို့ဟာ ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်းနဲ့ ပြသာနတွေကို ဒီလိုပဋိပက္ခ အသွင် ခိုက်ရန်ဖြစ်ပွားမူ မဖြစ်အောင်ထိန်း ကြပါ မထိန်းနိုင်ရင် ဒီတိုင်းပြည်ရဲ့ အနာဂါတ်ဟာ ကြောက်စရာကောင်းတယ်။ ကြောက်စရာကောင်းတယ် ဆိုတာ သွေးချောင်းစီးလာပြီဆိုရင် ပြသာနာဖြစ်တဲ့ နေရာတွေကို ငြိမ်ဝပ်ပိပြားအောင်တော့ သူတို့ စီမံအုပ်ချုပ်လိမ့်မယ်။ ဖြစ်ပေါ်တဲ့ နေရာဒေသတွေ ဥပမာ မုံရွာမှာ ဖြစ်တဲ့နေရာမှာ စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာပြီးတော့ မာရှယ်လော တို့ထုတ်ကြတယ်။ အဲဒီလို ဒေသအလိုက် မှာ ပဋိပက္ခတွေ အကြမ်းဖက်မူတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် အထိကရုန်းတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဒီကိစ္စ က တိုင်းပြည်တစ်ခုလုံးကြီးမဟုတ်ပေမဲ့ ဖြစ်နေတဲ့ဒေသ တွေ အဲဒီမှာ စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြမလား။
ဒီလိုလေးတွေ စဉ်းစားစရာရှိတယ်။ ဒီအခွင့်အရေးကြီးက အရှေ့တောင် အာရှမှာ နိုင်ငံရေး အပွင့်လင်းဆုံးနဲ့ နိုင်ငံရေးအနေ အထားအဖွံဖြိုးဆုံက ကျွန်တော်တို့မြန်မာနိုင်ငံပဲ။ တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့မှာ အခုလို နိုင်ငံရေး အကြောင်း ပြောခွင့်တွေ ရှိတယ် ဟောခွင့်တွေရှိတယ်။ တစ်ခြားနိုင်ငံတွေ ယိုးဒယားမရဘူး ။ အာဏာသိမ်းထား တယ်။ စင်္ဂပူကလည်း မရဘူး။ မလေးမရဘူး။ အင်ဒိုနီးရှား မရဘူး။ ဗီယက်နမ် မရဘူး။ ဒီလိုကြားထဲမှာ ဒီလိုကောင်းနေတဲ့ အနေအထားလေးကို ဒီမိုကရေစီ ဖွံဖြိုးမူ ဘက် အားသာနေတဲ့ အနေအထားလေးမှာ သူတို့လုပ်လုပ်မလုပ်လုပ် ဒီဟာကြိုတင်သိပြီး အားလုံးကထိမ်းနိုင်ရင်ကောင်းလိမ့်မယ်။ နောက်တစ်ခုက စိုးရမ်စရာတစ်ခု က မင်းအချင်ချင်းဆိုတဲ့ စကားလေးကပါလာပြန်ပြီ။ မင်းဆိုတာက သူတစ်လူ ငါတစ်မင်း ဆိုပြီးဗေဒင် စကားလေးမှာ ထည့်ပြောတယ်။ဒေသအသီးသီးမှာ လက်နက်ကိုင်ဆွဲပြီး တိုက်ပွဲဝင်နေသူတွေက တိုက်ပွဲ မဝင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ငြိမ်းချမ်းရေးကို ဝိုင်းပြီးလက်မှတ်ထိုးမဲ့ သူကထိုးမှာပဲ။ မထိုးဘဲ ကျန်တဲ့နေရာတွေ ရှိမှာပဲ။ ဘာကိုလေ့လာကြည့်လည်း ဆိုတော့ ကျနော်တို့ လေ့လာကြည့်တာ တနင်္ဂနွေနေ့မှာ လုပ်မယ်ဆိုရင် အဲဒီနေ့မှာ အရှေ့မြောက် အရပ် မှာ ရန်ဖြစ်နိုင်တယ်။ မြောက်ပိုင်းအရပ်တွေ မှာ ရန်ဖြစ်နိုင်တယ်။ ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ရင် မြောက်ပိုင်း တိုင်းတို့ အရှေ့မြောက်ပိုင်းတိုင်းတို့မှာ စစ်မက်လေးတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိမယ်။ စစ်မက်ဖြစ်ပွားမူတွေရဲ့ သဘာဝမှာ ဒီ ၂၀၁၅ ဂြိုလ်တွေ အနေအထားအရ ရာဟုရယ် အင်္ဂါဂြိုလ်ရယ် သောကြာဂြိုလ်ရယ် ကန်ရာသီမှာ ကူးတဲ့ နိုဝင်ဘာ ၄ ရက်နဲ့ နိုဝင်ဘာ ၃၀ အတွင်းကာလတွေမှာ သွေးချင်းချင်းနီတဲ့ စစ်ပွဲတွေ ဟိုဝန်းကျင်ကဖြစ်ခဲ့တဲ့ လောက်ကိုင်က စစ်ပွဲမျိုး ကိုလည်း ကျွန်တော်တို့ ကသတိထားရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းမူကို ရအောင်တော့ အတော်လေးကိုကြိုးစားထား ရမယ်။ ဒါတွေက ဒီလို ဒီအချိန်မှာ ဖြစ်မယ်ဆိုတာ ကြိုသိရင် ကာကွယ်ယူလို့ ရတယ်။ ဒီအချိန်မှာ ဒီလို ဖြစ်တာကို မသိလိုက်ရင် ထိနိုင်တယ်။ ဗေဒင် ဟောတယ် ဆိုတာလည်း မိုးလေဝသ ဟောသလိုဘဲ။ ဒီအချိန်မှာ ရေကြီးနိုင်မယ် ဒီအချိန်မုန်တိုင်းဝင်နိုင် မယ် မုန်တိုင်းအဆင့် ကဘယ်လောက်ရှိမယ်။ ရေကြီးမူအဆင့် ကဘယ်လိုတော့ပြင်း ထန်တယ်ဒီလိုတော့ ကျွန်တော် ပြောမယ် ဒီအပေါ်မှာ လူတွေက မထိခိုက်အောင်တော့ ကာကွယ်ယူပြီးတော့ ဒီဟာတွေ ဖြတ်သန်း ရမှာလို့ ကျွန်တော် ယုံကြည်တယ်။ အဲဒါကတော့ ဒီဟာက ဒီလိုမျိုးဖြစ်တဲ့အတွက် လုပ်လုပ်မလုပ်လုပ် ဒီလိုဖြစ်ရမယ်တော့ မဟုတ်ဘူးပေါ့။ သူရဲ့ဖြစ်တည်မူကတော့ ဖြစ်ပေါ်နေမှာပဲ။ အဲဒါကိုသေးနိုင်သမျှ သေးအောင် ကြိုးစားဖို့အတွက် ကြိုတင်ပြီးတော့ ဒါတွေတင်ပြနေတာ ပါ။ ရွေးကောက်ပွဲ အကြိုမှာရော အကျော်မှာရော က အငြင်းအခုန်တွေ၊ တိုက်ပွဲတွေ၊ သွေးထွက်သံယိုတွေ ပဋိပက္ခတွေက လွှမ်းမိုးနေတာ အထင်အရှားရှိတယ်။
ကုမုဒြာ။ ။ရွေးကောက်ပွဲမှာရော မသမာတွေ အထိကရုန်းတွေ ကြောက်မက်ဖွယ် ဖြစ်ရပ်တွေရော ဖြစ်နိုင်လား။
စံဇာဏီဘို။ ။တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုံဖြစ်စရာတွေရှိမှာ သေချာတယ်။ ငြင်းခုံပွဲတွေ ပဋိပက္ခ တွေ ရှိနိုင်တယ်။ ဒါကတော့ ရှင်းပါတယ် ငြင်းခုံတော့ ပဋိပက္ခ ရှိမှာပဲ။
ကုမုဒြာ။ ။ သမ္မတ ဖြစ်ဖို့ က အတိုက်အခံက အားကောင်းလား၊ အာဏာရပါတီက အားကောင်းလား ၊ တိုင်းရင်းသားထဲ ကအားကောင်းလား။
စံဇာဏီဘို။ ။ သုံးမျိုးထဲကစဉ်းစားမယ် ဆိုရင်တော့ တိုင်းရင်းသားအသီးသီးကတော့ ဒီအနေအထားနဲ့ဆို သူတို့ ဒေသဆိုင်ရာစစ်မက်ရေးရာတွေကို ငြိမ်းချမ်းရေး ဖြေရှင်း နေရတဲ့အတွက် တိုင်းပြည်သမ္မတ ဘက်ကိုတော့ သူတို့ သတ်မှတ်ထား တဲ့ အဆင့်ထိတော့ မရောက်သွားနိုင်ဘူး။ ဒီတော့ တိုင်းရင်းသားတွေ ကိုဖယ်ရမယ်။ တိုင်းရင်းသားထဲက တစ်ဦးတစ်ယောက်အနေနဲ့ သမ္မတ အဖြစ်ရောက်ဖို့တော့ အတော် အတန် ခက်ခဲပါတယ်။ အတိုက်အခံဘက်က ကြည့်မယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်နိုင်ဘူး။ နောက်ပြီး ပါတီအနေနဲ့လည်း မဘသကို တရားဝင်ရော တရားမဝင်ရော တိုက်ခိုက်နေတဲ့ပါတီ။ ပါတီက အမျိုးသားရေးနဲ့ ဆန့်ကျင်နေတဲ့အတွက် ဆရာတော်တွေအားလုံးက ဆန့်ကျင်နေတဲ့အတွက် ၁၉၉၀ နဲ့စာရင် ထောက်ခံမှုက တစ်ဝက်လောက် ကျသွားတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ၂၅ ရာနှုန်း မဲကလည်း မရှိပြန်ဘူး။ ဒါကြောင့် အတိုက်အခံဘက်က အားမကောင်းနိုင်တော့ဘူး။ အဲတော့ အတိုက်အခံဘက်က အားမရှိတဲ့ အတွက် ထင်တိုင်းမဖြစ်နိုင်တော့ဘူး။ အဲတော့ ပဋိပက္ခ တွေ လုပ်ဖို့အားသန်လာလိမ့်မယ်။ ဒါကြောင့် အန်အယ်လ်ဒီရှုံးရင် ဆူပူမှုတွေဖြစ်မယ်။ ပဋိပက္ခတွေ ဖြစ်မယ်။ ရွေးကောက်ပွဲ တရားမျှတမှု မရှိဘူးဆိုပြီး ကမ္ဘာကို လှုံ့ဆော်မယ်။ တိုင်းပြည် မငြိမ်မသက်တွေ ဖြစ်လာလိမ့်မယ်။ အတိုက်အခံက အားမကောင်းတဲ့အတွက် အာဏာရပါတီက အလိုလိုနေရင်း ကံကောင်းပြီး အားကောင်းလာလိမ့်မယ်။
ကုမုဒြာ။ ။ သမ္မတဖြစ်မဲ့နေရာက အမျိုးသမီး အားကောင်းလား အမျိုးသားအားကောင်းလား။
စံဇာဏီဘို။ ။ ကျွန်တော်ကတော့ အဆင်အဆက် မြန်မာနိုင်ငံရဲ့ အနာဂါတ်ကတော့ နှစ်ကာလရှည်ကြာ အမျိုးသားများ ကအုပ်ချုပ်လာတယ်။ နောက် ၁၀ နှစ် ၁၅ နှစ်လောက်အထိကို အမျိုးသားများက ဆက်လက်အားကောင်းနေအုံးမယ်ဆိုတာ သေချာတယ်။
Author ကိုသက်ဖြိုး
Credit : ကုမုဒြာ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: