Thursday, October 1, 2015

ဒီကနေ့နံနက်(၀၇း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ

မင်္ဂလာနံနက်ခင်းပါ .............
(၁.၁၀.၂၀၁၅)
ဒီကနေ့နံနက်(၀၇း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်မှာတိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံတာင်ပိုင်းဒေသများမှာ
တိမ်ထူထပ်နေပြီး၊ ကျန်ဒေသများမှာတိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါတယ်။

ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနဲ ကချင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊၊ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာခဲ့ကာ ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ပါတယ်။

မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ ကျော်တော်မြို့ မှာ (၃.၉၃)လက်မ၊
လွိုင်ကော်မြို့ မှာ (၁.၆၉)လက်မ၊ ကျိုင်းတုံမြို့ မှာ (၁.၁၄)လက်မနဲ တောင်ငူမြို့မှာ (၀.၉၈)လက်မ တို့ဖြစ်ကြပါတယ်......
အောက်မှာဖော်ပြထားတဲ့ပုံ များ ကတော့ ဒီနေ့မနက် (၀၇း၃၀)နာရီ အချိန်ဂြိုလ်တုတိမ်ပုံ နှင့် WRF Modelမှ ရရှိတဲ့ အောက်တိုဘာလ(၁)ရက်နေ့နဲ့ (၂)ရက်နေ့တို့အတွက်မိုးရေချိန် ခန့်မှန်းချက်ပြပုံများဖြစ်ပါတယ်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: