Saturday, September 12, 2015

(၇)တန်းကျောင်းသူအား အလိုမတူပဲ အဓမ္မပြုကျင့်မှု - KBC ဘာလုပ်မှာလဲ

(၇)တန်းကျောင်းသူအား အလိုမတူပဲ အဓမ္မပြုကျင့်မှု - KBC ဘာလုပ်မှာလဲ ========================================= 11, September, 2015 By Kachin People ဖားကန့်မြို့ ဦးဂျော်ဂမ်ဇော်ရာ၏အိမ်တွင် အိမ်ငှားနေသော ဦးဆမားလဆိုင်း၏ တူမဖြစ်သူ မဂျာမွန်းအောင် (အထက-၁) သတ္တမတန်းတွင် ပညာသင်ကြားနေသူအား အိမ်ရှင် ဦးဂျော်ဂမ်ဇော်ရာမှ အလိုမတူပဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ရာမှ မဂျာမွန်းအောင်၌ ကိုယ်ဝန်(၅)လ ရှိနေသည်ဟု လ၀ါးကျေးရွာဥက္ကဌ ဦးဒွဲအောင်က ဦးဆမားလဆိုင်းအား ခဲ့သည်။ ထို့နောက် တူမဖြစ်သူ မဂျာမွန်းအောင်အား မေးမြန်းရာ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင်း နေအိမ်အပေါ်ထပ်တစ်ဦးထဲရှိနေစဉ် ဦးဂျော်ဂမ်ဇော်ရာမှ အလိုမတူဘဲ သားမယားပြုကျင့် ခဲ့ကြောင်း၊ မဂျာမွန်းအောင်မှာ ကြောက်၍ မပြောပဲနေခဲ့ရာ ၂၀၁၅ မတ်လအတွင်း ထပ်မံ၍ အလိုမတူဘဲ သားမယားပြုကျင့်သဖြင့် ရုန်းကန်သော်လည်း မရဘဲ “ ဒီအကြောင်းကို မည်သူကိုမျှမပြောရန်၊ ပြောလျှင် သတ်ပစ်မည်” ဟု ခြိမ်းခြောက်ခဲ့၍ ကြောက်လန့်ပြီး နေစရာအိမ် မရှိသဖြင့် ဆက်လက်နေထိုင်ခဲ့ရာ ဦးဂျော်ဂမ်ဇော်ရာမှ မကြာခဏဆိုသလို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့၍ ကိုယ်ဝန်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသို့ အသက်အရွယ်မရောက်သေးသော မဂျာမွန်းအောင်အား အသက်(၅၆)နှစ်ရှိသူ ဦးဂျော်ဂမ်ဇော်ရာမှ အလိုမတူပဲ အတင်းအဓမ္မ ပြုကျင့်မှုအပေါ် ကချင်လူမှုအဖွဲ့အစည်းများနှင့် ကချင်ဘာသာရေးအသင်းအဖွဲ့ဟု နာမည်တပ်ထားသော KBC အဖွဲ့အစည်းမှ မသိကျိုးကျွံပြု နေခြင်းအပေါ် ကချင်ဒေသခံပြည်သူများမှ လွန်စွာရွံရှာစက်ဆုတ်နေကြောင်း၊ ၎င်းအဖွဲ့အစည်းများ အပေါ် ဒေသခံတွေအနေဖြင့် မည်သည့်အကြောင်းကိစ္စတွင်မဆို ပါဝင်ကူညီဆောင်ရွက်မည် မဟုတ်ကြောင်း ကြားသိရပါသည်။ ၎င်းဖြစ်စဉ်နှင့် ပက်သက်၍ ဖားကန့်မြို့နယ် ရဲစခန်းမှ တရားခံအား ဖမ်းဆီးထားပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

No comments: