မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, September 13, 2015
KIA အဖွဲ့ဝင် ၃ ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိ
KIA အဖွဲ့ဝင် ၃ ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိ
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၁၅
ကချင်ပြည်နယ် ၊ မန်စီမြို့နယ် ၊ ဂိုက်ထိပ်ကျေးရွာအနီး စက်တင်ဘာလ ၈ ရက်နေ့တွင် မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲ မှုကြောင့် KIA အဖွဲ့ဝင် ၃ ဦး ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ KIA အဖွဲ့ဝင် ၃ ဦး သည် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီချိန်တွင် ဘွမ်ကထောင် - ဖရာ လမ်းကြောင်းအတိုင်း ဂိုက်ထိပ်ကျေးရွာအနီးသို့ ရောက်ရှိစဉ် ထောင်ထားသော မိုင်းများအား စစ်ဆေးပြီး မိုင်းထပ် ထောင်စဉ် ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဂိုက်ထိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြောပါသည်။
“ရွာနားမှာတော့ အစိုးရတပ်တွေရှိတယ်၊ ထောင်တာကတော့ အစိုးရတပ်တွေကို လာထောင်တာပဲ၊ ရွာသားတွေ သွားနေတဲ့လမ်းမှာပေါ့ဗျာ၊ မြေပြင်မှာတော့ ရွာသားတွေပဲ နင်းမိတာများတယ်၊ ဒီတစ်ခါတော့ သူတို့မိုင်းကို သူတို့ပြန်နင်းမိ သွားပြီ်”ဟု ဂိုက်ထိပ်ရွာသား တစ်ဦးကပြောသည်။
KIA အဖွဲ့အနေဖြင့် ယခုလို ဒေသခံကျေးရွာများ အနီးတစ်ဝိုက်တွင် မိုင်းများထောင်ထားမှုကြောင့် ဒေသခံ တိုင်းရင်းသား တို့မှာ မကြာခဏမိုင်းနင်းမိလေ့ရှိကြပြီး အပြစ်မဲ့ပြည်သူများမှာ အသက်ပင်သေဆုံးနေရကြောင်းနှင့် တောတောင်ထဲတွင် စားဝတ်နေရေးအတွက်ပင်မဆိုထား၊ ကျွဲ၊ နွားများကျောင်းရန်ပင် မိုင်းအန္တရာယ်ကြောင့် ကြောက်ရွံ့နေကြကြောင်း မန်စီမြို့ခံဆရာဝန်တစ်ဦးက ပြောကြားသွားသည်။
စိုင်းနောင်(ဖားကန့်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment