မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, September 5, 2015
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း သြဂုတ် ၂၉ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနိုင်းချောင်းရေ မြင့်တက်ကာ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များနှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့်
တနိုင်းမြို့နယ် အတွင်း ရေကြီး ရေလျှံမှု ဖြစ် ပေါ် ခဲ့ သည့် ရပ် ကွက် များ ရှိ ရေဘေးသင့် ပြည်သူများအား ကူညီရွှေ့ပြောင်း …
နေပြည်တော် စက်တင်ဘာ ၎
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း သြဂုတ် ၂၉ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနိုင်းချောင်းရေ မြင့်တက်ကာ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များနှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၃ရက်တွင်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရေဘေးသင့် ပြည်သူများနှင့် ပစ္စည်းများအား တနိုင်းမြို့၊ မြို့မဘုန်းတော်ကြီး ကျောင်းရှိ ယာယီ ရေဘေး ကယ်ဆယ် ရေး စခန်းသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထို့အပြင် နယ်မြေခံ တပ်မတော်သားများက ရေဝင်ရောက်သော ရပ်ကွက်၊ ကျေးရွာများနှင့် ယာယီရေဘေး ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများ အတွက် ဆန် ၁၅အိတ်၊ စားသုံးဆီ ၃ဝပိဿာ၊ ခေါက် ဆွဲခြောက် ၅ဝ ဖာ၊ အလှူငွေကျပ် ၁ဝသိန်းနှင့် ထမင်းထုပ်များ၊ ရေသန့်ဘူးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment