Saturday, September 5, 2015

မလိယန်ဒေသခံတွေ ထွက်ပြေးလွတ်မြောက်လာလို့ ကျန်ရစ်သူမိသားစုဝင်များ ပျော်ရွှင် ===========

မလိယန်ဒေသခံတွေ ထွက်ပြေးလွတ်မြောက်လာလို့ ကျန်ရစ်သူမိသားစုဝင်များ ပျော်ရွှင် ========================================= 4, September, 2015 By Kachin People ဇူလိုင်လ (၁၁)ရက်နေ့တွင် KIA ဖမ်းဆီးခေါ်ဆောင်သွားသော မလိယန်ဒေသခံတွေ ပြန်လည်ထွက်ပြေးလာခဲ့ရာ စက်တင်ဘာ(၂)ရက်နေ့က ဆွမ်ပရာဘွမ်မြို့သို့ တပ်မတော် လှုပ်ရှားစစ်ကြောင်းများက ပို့ဆောင်ပေးခဲ့ကြောင်း ကြားသိရပါသည်။ မလိယန်ဒေသခံများကို KIA ရင်း(၇)မှ (၂)ကြိမ်တိုင်တိုင် လာရောက်စည်းရုံးသိမ်းသွင်းရာ မရသဖြင့် အထက်လူကြီးများ အမိန်းဟုဆိုကာ သေနတ်ဖြင့်ထောက်၍ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။ ယခင်ထွက်ပြေးလာသူ(၁၃)ဦးရှိပြီး ယခုထွက်ပြေးလွတ်မြောက်လာသူ(၃၁)ဦး စုစုပေါင်း (၄၄)ဦးဖြစ်ကြောင်း ကျန်ရစ်သူမိသားစုဝင် ဆွေမျိုးများနှင့် ပြန်လည်ဆုံတွေ့ရ၍ အရမ်းကို ၀မ်းသာ ပီတိဖြစ်မိပါကြောင်း၊ မိမိတို့အနေဖြင့် မလိယန်ရွာကို မပြန်ရဲသေးကြောင်း ဆွမ်ပရာဘွမ်တွင် နေထိုင်အုံးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တစ်ဦးမှ ပြောပြချက်အရ သိရပါသည်။

No comments: