Thursday, September 24, 2015

စပျစ်သီး ဖျော်ရည် အကျိုး သက်ရောက်မှု

ဘိုင်ယန် တိုက်စစ်မှူး လီဝင်ဒေါစကီး ကိုးမိနစ်အတွင်း ငါးဂိုးသွင်းယူ လေးမိနစ်အတွင်း ဟက်ထရစ် သွင်းနိုင်၍ ဘွန်ဒက်စ်လီဂါတွင် စံချိန်သစ်တင်

မြူးနစ် စက်တင်ဘာ ၂၃

အင်္ဂါနေ့ညတွင် ယှဉ်ပြိုင်ကစားသည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်မှ ပိုလန်တိုက်စစ်မှူး လီဝင်ဒေါစကီးသည် ကိုးမိနစ်အတွင်း ငါးဂိုးအထိ သွင်းယူကာ စံချိန်သစ်များ တင်နိုင်ခဲ့သည်။ ဘိုင်ယန်မြူးနစ် အသင်းသည် ပွဲချိန် ပထမပိုင်းတွင် ဝုဖ်ဘတ်၏ တစ်ဂိုးသွင်းခြင်း ခံထားရပြီး လီဝင်ဒေါစကီးသည် ဒုတယပိုင်းမှ လူစားဝင်လာကာ ပွဲချိန်မိနစ် ၅ဝ နှင့် ၄၅ စကန့်တွင် တစ်ဂိုး၊ ၅၁ မိနစ်နှင့် ၄၃ စကန့်တွင် တစ်ဂိုး၊ ၅၄ မိနစ်နှင့် သုံးစကန့်တွင် တစ်ဂိုး၊ ၅၆ မိနစ်နှင့် ၂၅ စကန့်တွင် တစ်ဂိုး၊ ၅၉ မိနစ်နှင့် ၄၂ စကန့်တွင် တစ်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၅၄ မိနစ်နှင့် တစ်စကန့်တွင် တစ်ကြိမ် ထိုင်ထိခဲ့မှု အပါအဝင် သုံးကြိမ်တိုင်ထိ ကန်နိုင်ခဲ့သည်။

ဘိုင်ယန်နည်းပြ ဂွါဒီယိုလာသည် တိုက်စစ်မြှင့်ရန် ရည်ရွယ်ကာ ဒုတိယပိုင်းအစတွင် အယ်လ်ကန်ဒါရာအစား လီဝင်ဒေါစကီးကို လူစားဝင် ကစားစေခဲ့ခြင်း ဖြစ်သည်။ လီဝင်ဒေါစကီး၏ ဟက်ထရစ်လည်း ဘွန်ဒက်စ်လီဂါ သမိုင်းတွင် အမြန်ဆုံး ဟက်ထရစ် စံချိန်တင်နိုင်ခဲ့သည်။

ယခင်က ဘွန်ဒက်စ်လီဂါ၏ အမြန်ဆုံး ဟက်ထရစ် စံချိန်မှာ ၁၉၉၁ ခုနှစ်က ဒွိုက်စ်ဘက်မှ တိုအန်နီ ခြောက်မိနစ် အတွင်း သွင်းယူခဲ့ခြင်းဖြစ်ပြီး စံချိန်ရှင်သစ် ဖြစ်လာသော လီဝင်ဒေါစကီးကို သူ့စံချိန်အား ချိုးဖျက်ထိုက်သူဟု တိုအန်နီအား ချီးကျူးသွားခဲ့သည်။

လီဝင်ဒေါစကီး၏ တစ်ပွဲတည်း ငါးဂိုးသွင်းနိုင်မှု မှတ်တမ်းသည် ပရီးမီးယားလိဂ်တွင် ၂ဝဝ၉ ခုနှစ်က ဒီဖိုး စပါး အတွက် ၃၆ မိနစ်ခွဲတွင် ငါးဂိုးသွင်းသည့် စံချိန်ထက် လေးဆပိုမြန်ခဲ့သည်။ လီဝင်ဒေါစကီး၏ ကန်ချက် သုံးကြိမ် တိုင်ထိခြင်းနှင့် ဂိုးစည်းပေါ်မှ ဝုဖ်ဘတ်ခံစစ်မှူး ရိုဒရီဂွက်ဇ် တစ်ကြိမ် ဖျက်ထုတ်ခြင်းများမှပါ ဂိုးရရှိမည် ဆိုလျှင် လီဝင်ဒေါစကီးသည် ယခုထက် ပိုကောင်းသော စံချိန်များ ထပ်တင်နိုင်မည်ဖြစ်သည်။

လီဝင်ဒေါစကီးသည် ၁၉၈၄ ခုနှစ်က ဒိုင်ဒီယက်တာဟိုးနက်စ်နောက်ပိုင်း ဘိုင်ယန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၌ တစ်ပွဲတည်းတွင် ငါးဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမားလည်း ဖြစ်လာသည်။ တစ်ပွဲတည်း ငါးဂိုးသွင်းသည့် လီဝင်ဒေါစကီး၏ စံချိန်ထက် ပိုကောင်းသော စံချိန်မှာ တစ်ခုသာရှိပြီး ၁၉၇၇ ခုနှစ်က ကိုလုံးအသင်း ဝါဒါဘရီမင်ကို ၇ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဒီယက်တာမြူရယ်လာ ခြောက်ဂိုးသွင်းခဲ့သော စံချိန်ကို လိုက်မီရန် တစ်ဂိုးသာ လိုခဲ့သည်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: