Thursday, August 20, 2015

KIO တပ်မဟာ (၄) မှ ပြည်တွင်းစီးပွားရေးဘဏ်များထံသို့ သတိပေး အကြောင်းကြားစာပေးပို့

KIO တပ်မဟာ (၄) မှ ပြည်တွင်းစီးပွားရေးဘဏ်များထံသို့ သတိပေး အကြောင်းကြားစာပေးပို့ Thrusday, August 20, 2015 ပြည်တွင်း စီးပွားရေးဘဏ်များဖြစ်ကြသည့် ရိုးမဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်များအနေဖြင့် KIO/KIA တပ်မဟာ (၄) ထံသို့ သြဂုတ်လ (၂၀) ရက်နေ့ နောက်ဆုံးထား၍ အခွန်ငွေပေးဆောင်ရန် အကြောင်းကြားစာများပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ အကြောင်းကြားစာများတွင် ဖော်ပြချက်များမှာKIO/KIA တပ်မဟာ (၄) နယ်မြေအတွင်း တည်ရှိနေသော အဆိုပါဘဏ်များအနေဖြင့် KIO/KIA အဖွဲ့အား အခွန်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပေးဆောင်ရမည့် အခွန်ငွေအား သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားပေးဆောင်ရ မည်ဖြစ်ပြီး ပေးဆောင်ခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သတိပေးသည် ဟူ၍ ပါရှိသည်။ အဆိုပါ အကြောင်းကြားစာအား KIO/KIA တောင်ပိုင်းတိုင်း အမှတ် (၄) တပ်မဟာမှ တာဝန်မှုးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ နေ့စဉ်သတင်းထူး သတင်းဦးများ Eleven Media Group

No comments: