Tuesday, August 18, 2015

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် စက်တင်ဘာတွင် လက်မှတ်ရေးထိုးရန်စီစဉ် =========================================

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် စက်တင်ဘာတွင် လက်မှတ်ရေးထိုးရန်စီစဉ် ========================================= မြန်မာ့သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်ကို လာမည့်စက်တင်ဘာ ဒုတိယပတ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)လက်မှတ်ရေးထိုးနိုင်ရန် သမ္မတက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံသို့ သြဂုတ် ၁၁ ရက်စွဲဖြင့် ဖိတ်ကြားစာ အသီးသီး ပေးပို့ခဲ့သည်။ ဖိတ်ကြားခံရသည့်အဖွဲ့များအနက် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)က NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ကြောင်း သြဂုတ် ၁၅ ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ် ပြန်သည်။ ကေအင်န်ယူက ဗဟိုအမြဲတမ်းကော်မတီအရေးပေါ်အစည်းအဝေး ပြုလုပ်ကာ လက်မှတ်ရေးထိုးရန်ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ NCA အတွက် အစိုးရ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များသည် သြဂုတ် ၂၅ (သို့မဟုတ်) ၂၆ ရက်တွင် တွေ့ဆုံနိုင်ဖွယ်ရှိပြီး၊ NCA လက်မှတ်ရေးထိုးနိုင်ရန် အသေးစိတ်ဆွေးနွေးသွားဖွယ်ရှိကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ခန့်မှန်းသည်။ NCA လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ သမ္မတပေးပို့သော NCA လက်မှတ်ရေးထိုး နိုင်ရန် ဖိတ်ခေါ်ထားသည့် ဖိတ်စာတွင် အစိုးရအနေဖြင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်ရှိသဘောတူညီမှုရထားသော စာချုပ်ကို ထပ်မံပြင် ဆင်ဖြည့်စွက်ရန်မရှိဘဲ လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ပါဝင်သင့်ပါဝင်ထိုက်သူ အင်အားစုများအားလုံးပါဝင် နိုင်စေရန် ဆောင်ရွက်မည်ဟု ကတိပြုထားသည်ကို တွေ့ရသည်။ NCA မူကြမ်းအတွက် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် များ အဖွဲ့(SD)တို့ ကိုးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ သြဂုတ်တွင် တွေ့ဆုံကြရန် သဘောတူ ခဲ့သည်။ ယခု အခါ NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံသို့ သမ္မတက ဖိတ်စာများ ပေးပို့ထားခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် အစိုးရသက်တမ်းတွင် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်မှာ သြဂုတ် ၈ ရက်၌ လေးနှစ်ပြည့်ပြီဖြစ်သည်။ By 7Days

No comments: