မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 18, 2015
တပ်မတော်ထိပ်ပိုင်း အပြောင်းအလဲပြုလုပ်ရာတွင် စစ်တိုင်းမှူးကိုးဦးအား အသစ်ခန့်အပ် =========================================
တပ်မတော်ထိပ်ပိုင်း အပြောင်းအလဲပြုလုပ်ရာတွင် စစ်တိုင်းမှူးကိုးဦးအား အသစ်ခန့်အပ်
=========================================
တပ်မတော်ထိပ်တန်း အရာရှိကြီးများအား သြဂုတ် ၁၀ ရက်က ခန့်အပ်ခဲ့ရာတွင် စစ်တိုင်း မှူး ကိုးဦးပါခန့်အပ်ခဲ့ကြောင်း သတင်းရရှိသည်။ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် တပ်မတော်ထိပ်တန်းအရာရှိ ၅၀ ကျော် အနားယူပြီးနောက် ၎င်းတို့နေရာတွင် တပ်မတော်အရာရှိ ၄၅ ဦးအား အစားထိုးခန့်အပ် ရာထူးတိုးမြှင့်ပေးရာတွင် စစ်တိုင်းမှူး ကိုးဦးလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ်(ရကတ) တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မျိုးဇော်သိန်း အားလည်း ကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ)တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်ဇော်အေး အား လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်(နပတ) တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မိုးမြင့်ထွန်း အားလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် ဘုန်းမြတ် အားလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မျိုးဝင်း အားလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မောင်မောင်စိုး အားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် တေဇ ကျော် အားလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် သန်းနိုင် အားလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မြတ်ကျော် အားလည်းကောင်း အသီးသီးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ရာထူးတိုးမြှင့်ခြင်းခံရသော အရာရှိများသည် မကြာမီလပိုင်းအတွင်း ရာထူးအလိုက် တပ်မတော်အဆင့်များ တိုးမြှင့်မည်ဖြစ်ကြောင်း တပ်မတော်နှင့်နီးစပ်သူများက ပြောကြားသည်။
By 7Days
Subscribe to:
Post Comments (Atom)
No comments:
Post a Comment