Tuesday, August 18, 2015

လွှတ်တော်တွင် ပွဲကြီးပွဲကောင်း အားပြိုင်မှုများ ဖြစ်ပေါ်မည်ဟု ဆို ============

လွှတ်တော်တွင် ပွဲကြီးပွဲကောင်း အားပြိုင်မှုများ ဖြစ်ပေါ်မည်ဟု ဆို ============ စိတ်ဝင်စားစရာ ဒရမ်မာဇတ်လမ်းတပုဒ်ကို အင်္ဂါနေ့ မှာ နေပြည်တော်တွင် ဆက်လက်ကပြဖို့ ရှိပါသည်။ သူရရွှေမန်းအနေဖြင့် လွှတ်တော်မှာ သူ၏ ပါတီက သမ္မတဦးသိန်းစိန်၏ အုပ်စုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ပါသည်။ ကြံ့ ခိုင်ဖွံဖြိုးရေးပါတီမှာ ဦးရွှေမန်းက ရှိနေဆဲအပြင် အင်အားကောငိးသော လွှတ်တော်ဥက္ကဌ ရာထူးမှာလည်း ရှိနေပါသေးသည်။ သို့ သော် သူ့ ကို လွှတ်တော်ကိုယ်စားလှယ်နေရာက ဖြုတ်ချနိုင် မည့် ဥပဒေကို အတည်ပြုပေးရန် ဖိအားပေးတာကိုလည်း ခံနေရပါသည်။ အဆိုပါ ဥပဒေသာအတည်ပြုပါက လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက ကိုယ်စားလှယ်နေရာကနေ ရုပ်သိမ်းတောင်းဆို ရန် တိုင်ကြားပြီး ရွေးကောက်ပွဲကော်မရှင်က အဆိုပါ တောင်းဆိုချက်သည် မျှတကြောင်း ဆုံးဖြတ်သည်နှင့် လွှတ်တော်ကိုယ်စားလှယ်ကနေ ဖယ်ရှားနိုင် ပါသည်။ ဦးရွှေမန်း အနေဖြင့်ပြီးခဲ့သည့်ဇွန်လက စစ်တပ်၏ အာဏာကို ကန့် သတ် မည့် အခြေခံဥပဒေပြင်ဆင်ရန် ထောက်ခံခဲ့မှုဖြင့် မဲဆန္ဒရှင်များက တိုင်တန်းတောင်းဆိုတာကို ခံရဖို့ ရှိပါသည်။ သို့ သော် လွှတ်တော်မှာ ကိုယ်စားလှယ် အဖြစ်က ရုတ်သိမ်းရေး ဥပဒေအတွက်ထောက်ခံမှု မည်မျှလိုကြောင်းကို ရှင်းရှင်းလင်းလင်းမသိရပါ။ အဆိုပါ မဲခွဲဆုံးဖြတ်ခြင်း သည် ဦးရွှေမန်းကို လွှတ်တော်မှာ ဆက်လက်ထားရှိမလား မထားဘူးလား ဆိုတာကို ပထမဆုံးစမ်းသပ်မှုဖြစ်လာပါလိမ့်မည်။ “သူ့ ကို ကာကွယ်ပေးဖို့ အတွက် ကျွန်တော်တို့ မှာအစီအစဉ်ရှိပါတယ် သူတို့ ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ် “ ဟု ဦးရွှေမန်း ကို ထောက်ခံသော ကြံခိုင်ရေးပါတီ အမတ်တဦးက ပြောပါသည်။ တချို့ ကလည်း ဦးရွှေမန်းက သူ့ ဖာသာနုတ်ထွက်စွာတင်လိမ့်မည်ဟု ခန့် မှန်းနေကြပါသည်။ “ အခုသူက ရိုးရိုးအဖွဲ့ ဝင်ဖြစ်သွားပြီ။ သူ့ မှာ လက်ရှိပါတီကို ထိန်းချုပ်ဖို့ အာဏာလည်း မဲ့ သွားပြီ၊ ကျနော်တော့ သူလွှတ်တော်ထဲမှာ ရှိလိမ့်မယ်လို့ မထင်ဘူး “ ဟု နိုင်ငံရေးစောင့်ကြည့်ဝေဖန်သူ ဦးရန်မျိုးသိမ်းက ပြောပါသည်။ ရခိုင်အမျိုးသားပါတီက ဦးထွန်းအောင်ကျော်ကမှု အကယ်၍ ရွှေးကောက်ပွဲကော်မရှင်ဥပဒေကို အတည်ပြုပေးဖို့ တောင်းဆို ထားတောင် လက်ရှိဥပဒေအရ ကြံ့ ခိုင်ရေးပါတီသည် လွှတ်တော် အမတ်နေရာ ၄၄.၈ ရာခိုင်နှုန်းရထားသည့်အတွက် ဦးရွှေမန်းကို ဥက္ကဌနေရာက ဖယ်ရှားနိုင်သည်ဟုဆိုသည်။ တင်္နလာနေ့က ကြံ့ ခိုင်ရေးပါတီ ဌာနချုပ်မှာ သမ္မတဦသိန်းစိန် က တက်ရောက် ခဲ့ပြီး သူ၏ ခေါင်းဆောင်မှုအသစ်ဖြင့် လွှတ်တော်ကို ပြန်စဖို့ ပြင်ဆင်နေပါသည်။ ကြ့ံခိုင်ရေးပါတီ ခေါင်းဆောင်သစ်များကတော့ ပါတီစည်းလုံးမှု အတွက်တောင်းဆိုကြပါသည်။ " ကြ့ ခိုင်ရေးပါတီ အားကောင်းဖို့ လိုတယ် ကျနော်တို့  အားကောင်းရုံ တင်မကဘူး ရည်မှန်းချက်တွေ ပြီးမြောက်ဖို့  ညီညွတ်တဲ့ အင်အားပါ လိုပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွှေးကောက်ပွဲကို အနိုင်ရဖို့  မဟာမိတ် ပါတီအဖွဲ့ တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လည်း လိုပါတယ် “ ဟု ပါတီ ဥက္ကဌအသစ် ဦင်္းဌေးဦးက ပြောကြားခဲ့သည်။

No comments: