Tuesday, August 18, 2015

ကန့်ဘလူမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်း၊ ပျိုးခင်းများအတွက် ကျပ်သန်းပေါင်း ၁၀၁ ဒသမ ၅၁၄ သန်း ထောက်ပံ့ပေးအပ် =============================================

ကန့်ဘလူမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်း၊ ပျိုးခင်းများအတွက် ကျပ်သန်းပေါင်း ၁၀၁ ဒသမ ၅၁၄ သန်း ထောက်ပံ့ပေးအပ် ============================================= ကန့်ဘလူ သြဂုတ် ၁၇ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူ မြို့နယ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် လမ်း/တံတားများ၊ မိုးစပါးစိုက်ခင်းနှင့် ပျိုးခင်းများ ရေကြီး နစ်မြုပ်ပျက်စီးခဲ့သည်။ အဆိုပါ ပျက်စီးသွားသော လမ်း/တံတားများကို သက်ဆိုင်ရာဌာနများက ပြုပြင်ဆောင်ရွက်လျက်ရှိပြီး တချို့မှာပြီးစီး၍ တချို့မှာ ပြုပြင်ဆဲဖြစ်သည်။ ရေကြီးရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွား သည့် မိုးစပါးစိုက်ခင်းနှင့် ပျိုးခင်းများအတွက် နိုင်ငံတော် သမ္မတ၏ ထောက်ပံ့ရေးရန်ပုံငွေဖြင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် လယ်ယာမြေများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အချိန်မီစိုက်ပျိုးနိုင်ရေး ထောက်ပံ့ငွေပေးအပ် ပွဲကို သြဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံယူကြသည်။ ကန့်ဘလူမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စု ၃၆ အုပ်စုမှ မိုးစပါးစိုက်ခင်း ၃၆၂၉ ဧက နှင့် မိုးစပါးပျိုးခင်း ၁၃၂၉ ဧက ပျက်စီးခဲ့ရာ နိုင်ငံတော် သမ္မတ၏ ထောက်ပံ့ရေးရန်ပုံငွေဖြင့် ငွေကျပ်သန်းပေါင်း ၁ဝ၁ ဒသမ ၅၁၄ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်မောင်က ပြောသည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments: