မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 20, 2015
ပျက်စီးတံတားများ ပြု ပြင်ပြီးစီးသဖြင့် မန္တလေး-မြစ်ကြီးနားရထားများ ပြန်လည်ပြေးဆွဲ ================================
ပျက်စီးတံတားများ ပြု ပြင်ပြီးစီးသဖြင့် မန္တလေး-မြစ်ကြီးနားရထားများ ပြန်လည်ပြေးဆွဲ
================================
ကန့်ဘလူ သြဂုတ် ၁၉
ဇူလိုင်နှင့် သြဂုတ်လများအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ကန့်ဘလူမြို့နယ် ကံကြီးဘူတာနှင့် ဇော်ချောင်းဘူတာကြား မန္တလေး-မြစ်ကြီးနားရထားလမ်းပေါ်ရှိ တံတားနှစ်စင်းပျက်စီးခဲ့မှုကို ပြန်လည်ပြုပြင်ပြီးစီးသဖြင့် သြဂုတ် ၁၇ ရက်မှစ၍ ရထားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ရေကြီးမှုကြောင့် ကန့်ဘလူမြို့နယ် ကံကြီးဘူတာနှင့် ဇော်ချောင်းဘူတာကြားရှိ တံတားအမှတ် (၂၈၁)နှင့် (၂၈၂)မှာ ဇူလိုင်လကုန်ပိုင်းမှစ၍ ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပြတ်တောက်ခဲ့ရာ တိုင်း(၂)မီးရထား(ရွာထောင်)မှ တိုင်းအင်ဂျင်နီယာ ဦးမင်းသိန်းစိုးနှင့်အဖွဲ့က ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂၉ရက်မှစ၍ တံတားအမှတ်(၂၈၂)၏ မြစ်ကြီးနားဘက်ခြမ်း ပေ ၂ဝဝ တာပေါင်ပျက်စီးမှုကို မြေဖို့ပြီး ဇလီဖားထပ်ခွေဆောင်ရွက်ကာ ပေ ၂ဝ သံပေါင်ပျက်စီးမှုကိုလည်း ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။ တံတား အမှတ်(၂၈၁)၏ မန္တလေးဘက်ခြမ်း တာပေါင်ပေ ၈ဝ ခန့် ပျက်စီးမှုကိုလည်း မြေဖို့ခဲ့ပြီး ပေ ၆ဝ ဘေလီနှင့် ဇလီဖား ထပ်ခွေ ပြုပြင်ပြီးဖြစ်ကြောင်းနှင့် မြစ်ကြီးနားဘက်ခြမ်း ပေ ၁၂ဝ ပျက်စီးမှုကိုလည်း ကျောက်ကြီးချလျက် ဘေလီ ထိုးကာ ပြုပြင်ခဲ့ခြင်းဖြစ်သည်။
ပျက်စီးခဲ့သော တံတားအမှတ်(၂၈၁)နှင့် (၂၈၂)တို့ ပြုပြင်မှုများကို သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပြီးစီးခဲ့သဖြင့် ပြတ်တောက်နေသော မီးရထားလမ်းကြောင်း ပြန်ပွင့်သွားခဲ့ပြီး သြဂုတ် ၁၇ ရက် နံနက် ၁ဝ နာရီမှစတင်ကာ မန္တလေး-မြစ်ကြီးနားရထားများ ပြန်လည်ပြေးဆွဲလျက်ရှိသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပြန်ပွင့်ပြီး ရထား ပြန်လည်ပြေးဆွဲနိုင်မှုကြောင့် မီးရထားစီးခရီးသွားပြည်သူများနှင့် ကုန်သည်များ၏ ခရီးသွားလာရေးနှင့် ကုန်စည် ပို့ဆောင်ရေး ပြန်လည်လွယ်ကူချောမွေ့သွားပြီဖြစ်ကြောင်း သိရသည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ) ပျက်စီးတံတားများ ပြု ပြင်ပြီးစီးသဖြင့် မန္တလေး-မြစ်ကြီးနားရထားများ ပြန်လည်ပြေးဆွဲ
================================
ကန့်ဘလူ သြဂုတ် ၁၉
ဇူလိုင်နှင့် သြဂုတ်လများအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ကန့်ဘလူမြို့နယ် ကံကြီးဘူတာနှင့် ဇော်ချောင်းဘူတာကြား မန္တလေး-မြစ်ကြီးနားရထားလမ်းပေါ်ရှိ တံတားနှစ်စင်းပျက်စီးခဲ့မှုကို ပြန်လည်ပြုပြင်ပြီးစီးသဖြင့် သြဂုတ် ၁၇ ရက်မှစ၍ ရထားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ရေကြီးမှုကြောင့် ကန့်ဘလူမြို့နယ် ကံကြီးဘူတာနှင့် ဇော်ချောင်းဘူတာကြားရှိ တံတားအမှတ် (၂၈၁)နှင့် (၂၈၂)မှာ ဇူလိုင်လကုန်ပိုင်းမှစ၍ ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပြတ်တောက်ခဲ့ရာ တိုင်း(၂)မီးရထား(ရွာထောင်)မှ တိုင်းအင်ဂျင်နီယာ ဦးမင်းသိန်းစိုးနှင့်အဖွဲ့က ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂၉ရက်မှစ၍ တံတားအမှတ်(၂၈၂)၏ မြစ်ကြီးနားဘက်ခြမ်း ပေ ၂ဝဝ တာပေါင်ပျက်စီးမှုကို မြေဖို့ပြီး ဇလီဖားထပ်ခွေဆောင်ရွက်ကာ ပေ ၂ဝ သံပေါင်ပျက်စီးမှုကိုလည်း ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။ တံတား အမှတ်(၂၈၁)၏ မန္တလေးဘက်ခြမ်း တာပေါင်ပေ ၈ဝ ခန့် ပျက်စီးမှုကိုလည်း မြေဖို့ခဲ့ပြီး ပေ ၆ဝ ဘေလီနှင့် ဇလီဖား ထပ်ခွေ ပြုပြင်ပြီးဖြစ်ကြောင်းနှင့် မြစ်ကြီးနားဘက်ခြမ်း ပေ ၁၂ဝ ပျက်စီးမှုကိုလည်း ကျောက်ကြီးချလျက် ဘေလီ ထိုးကာ ပြုပြင်ခဲ့ခြင်းဖြစ်သည်။
ပျက်စီးခဲ့သော တံတားအမှတ်(၂၈၁)နှင့် (၂၈၂)တို့ ပြုပြင်မှုများကို သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပြီးစီးခဲ့သဖြင့် ပြတ်တောက်နေသော မီးရထားလမ်းကြောင်း ပြန်ပွင့်သွားခဲ့ပြီး သြဂုတ် ၁၇ ရက် နံနက် ၁ဝ နာရီမှစတင်ကာ မန္တလေး-မြစ်ကြီးနားရထားများ ပြန်လည်ပြေးဆွဲလျက်ရှိသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပြန်ပွင့်ပြီး ရထား ပြန်လည်ပြေးဆွဲနိုင်မှုကြောင့် မီးရထားစီးခရီးသွားပြည်သူများနှင့် ကုန်သည်များ၏ ခရီးသွားလာရေးနှင့် ကုန်စည် ပို့ဆောင်ရေး ပြန်လည်လွယ်ကူချောမွေ့သွားပြီဖြစ်ကြောင်း သိရသည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment