Saturday, August 8, 2015

ကလေးမြို့လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက် ==================================

ကလေးမြို့လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက် ================================== လျှပ်စစ်ဝန်ကြီးဌာန ဒုတီယ၀န်ကြီး ဦးအောင်သန်းဦးသည် တာဝန်ရှိသူများ သြဂုတ် ၆ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ၀န်ထမ်း (၅၂) ဦး၊ မှီခို (၁၁၈) ဦး၊ စုစုပေါင်း (၁၇၀) ဦးတို့ကို သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားပီး စားသောက်ဖွယ်ရာ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ရေကြီးနစ်မြုပ်သွားသည့် ကလေး ၆၆ ကေဗွီ ဓာတ်အားခွဲရုံ Control Panel Battery Charger နှင့် Capacitor Bank 1250KVA နှင့် 500KVA ထရန်စဖော်မာ ဒီဇယ်ဓာတ်အားပေးစက်ရုံတွင် နစ်မြုပ်သွားသည့် 1250KVA မီးစက်တစ်လုံး၊ 500KVA မီးစက်(၂)လုံး၊ 300KVA မီးစက်တစ်လုံးတို့အားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးစက်များနျှင့် ထရန်စဖော်မာများကို စမ်းသက်စစ်ဆေးပြုပြင်ရေးနှင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်မည့် အစီအစဉ်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက်ရုံအဆာက်အဦးနှင့် ၀န်ထမ်းအိမ်ရာများ ရေနစ်မြုပ်ခဲ့မှု အခြေအနေမာျးနှင့် ရုံးဝန်းနှင့်ဝန်ထမ်းအိမ်ရာများတွင် တင်ကျန်လျက်ရှိသော ရွံ့နွှံများအားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရူစစ်ဆေ သည်။ ယင်းနောက်ကလေးမြို့အတွင်း ရေနစ်မြုပ်ခဲ့သည့် ဓာတ်အားပေးစက်ရုံ ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများကို လျှပ်စစ်ဓာတ်အား အမြန်းဆုံးပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် လှည့်လည်ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်မှားကြားသည်။ သြဂုတ် (၇) ရက်နံနံပိုင်းတွင် ရေနစ်မြုပ်ခဲ့သည့် ၆၆ ကေဗွီလျှပ်စစ်ဓာတ်အားခွဲရုံ တင်ကျန်လျက်ရှိသည့်အမှိုက်၊ ရွှံ့နွံများအား ဖယ်ရှားရှင်းလင်းသန့်ရှင်းရေးဆောင်ရွက်နေမှု မြို့အတွင်းရှိ ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်များပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရူစစ်ဆေးသည်။ (သတင်းစဉ်)

No comments: