မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 7, 2015
ဆွမ်ပရာဘွမ်ဒုက္ခသည်များ အစားအစာပြတ်လပ်၍ ဆန်ပြုတ်သာသောက်နေရ
ဆွမ်ပရာဘွမ်ဒုက္ခသည်များ အစားအစာပြတ်လပ်၍ ဆန်ပြုတ်သာသောက်နေရ
ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေသည့် မလိယန်ကျေးရွာနှင့် အခြား ကျေးရွာများမှ ဒုက္ခသည်များမှာ ယခုအချိန်တွင် ဆန်ပြုတ်သာသောက်နေရသဖြင့် ယခုကဲ့သို့ ၃-၄ရက်သာ ဆက်နေပါက အစားအစာပြတ်လပ်ပြီး သေသွားနိုင်သည်ဟု ကြားသိရသည်။
အစိုးရစစ်တပ်မှ ကေအိုင်အေတပ်စခန်းရှိရာသို့ လက်နက်ကြီးဖြင့် ယခုတစ်လော ဆက်တိုက်ပစ်ခတ်လျက်ရှိ ကြောင်းလည်း သိရသည်။
ယခုအချိန်တွင် စစ်ပြေးဒုက္ခသည်စုစုပေါင်း ငါးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေပြီး လွန်ခဲ့သည့် ၄ရက်ခန့် ကတည်းက ဆန်ပြုတ်သာသောက်နေရပြီး စားစရာဆန်လည်း တစ်ဖြည်းဖြည်းရော့နည်းလာပြီဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာ ဆွမ်ဘရာဘွမ်မြို့နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် သွားရောက်ကူညီရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သွားခွင့်မပြုရန်သည့်အတွက် ကချင်နှစ်ခြင်းခရစ်အဖွဲ့ချုပ် (KBC)မှ ထိုနေ ရာသို့သွားရန်အစီအစဉ်အား ဆိုင်းငံ့ထားလိုက်သည်။
အဆိုပါ စစ်ဘေးဒုက္ခသည်များရှိရာနေရာသို့ ရေကြောင်းခရီးဖြင့်သွားရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ တောင်းဆိုသော်လည်း လုံခြုံရေးကြောင့် ရေလမ်းကြောင်းအားခွင့်မပြုပဲ ကုန်းလမ်းဖြင့်သာသွားရန် ပြောဆို ခဲ့သည်။
ပုံ။။။။ KBC Kachin
Kachinwaves
Subscribe to:
Post Comments (Atom)
No comments:
Post a Comment