မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 9, 2015
ဆွမ်ပရာဘွမ်ဒုက္ခသည်များ ရိက္ခာပြတ်လပ်တော့မည် ========================================
ဆွမ်ပရာဘွမ်ဒုက္ခသည်များ ရိက္ခာပြတ်လပ်တော့မည်
========================================
8, August, 2015 By Kachin People
မြစ်ကြီးနားမြို့နယ်၊ ဆွမ်ပရာဘွမ်နှင့် ပူတာအိုသို့ စစ်ကူများမလာနိုင်ရန် လမ်းကြောင်း ပေါ်ရှိ တံတားကြီး/ငယ် (၄) စင်းအား KIA မှ မိုင်းထောင်ဖေါက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လိုက်သဖြင့် လမ်းကြောင်းတလျောက်ပေါ်ရှိ ဒေသခံပြည်သူများအား စစ်တပ်မှ ရိက္ခာဖဲ့၍ ထောက်ပံ့နေသော်လည်း နောက်(၃)ရက်လောက်တွင် ရိက္ခာပြတ်လပ်တော့မည်ဖြစ်ကြောင်း ဆွမ်ပရာဘွမ်ရှိ ဒေသခံတစ်ဦး၏ ဖုန်းသတင်းပေးချက်အရ ကြားသိခဲ့ရပါသည်။
KIA မှ တပ်မတော်အား စစ်ကူမပြုလုပ်နိုင်ရန်နှင့် ရိက္ခာထောက်ပံ့ရေး မပြုလုပ် နိုင်ရန်အတွက် လမ်းတံတားများ ဖျက်ဆီးခြင်းဖြစ်ကြောင်း အမှန်တကယ် ဒုက္ခရောက်ကြရသည်မှာ ဒေသခံပြည်သူများသာဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။
ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ KIA ဖျက်ဆီးခဲ့သော တံတား ကြီး/ငယ်(၄) စင်းမှာ-
(၁) ဇနန်ခ(ကျေးရွာပျက်)အနီး တံတားအမှတ်(၁၁၁/၁)၊ တံတားအရှည်(၁၄၀)ပေ၊ အကျယ် (၁၅)ပေ၊ သံဘောင်ဘေလီသစ်သားတံတား (၂၀၁၅ ဇူလိုင် ၂၆)
(၂) ဆွမ်ပီယန်ကျေးရွာအနီး တံတားအမှတ်(၁/၁၇၆) တံတားအရှည် (၅၀)ပေ၊ သံဘောင် ဘေလီ သစ်သားတံတား (၂၀၁၅ သြဂုတ် ၁)
(၃) လုံရှာယန်ကျေးရွာအနီး (ဒေသအခေါ်- ကျောက်ရေတွင်း) မိုင်တိုင်အမှတ် (၁၈၆/၃)၊ တံတားအရှည်(၅၀)ပေ၊ အကျယ်(၂၀)ပေ၊ သံဘောင်ဘေလီသစ်သားတံတား (၂၀၁၅ သြဂုတ် ၅)
(၄) အင်ဆိုင်းယန်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၆၆/၄)နှင့် (၁၆၆/၅)ကြား တံတားအရှည် (၁၈)ပေ၊ အကျယ် (၁၂)ပေ၊ တံတားအမျိုးအစား သစ်သားတံတား (၂၀၁၅ သြဂုတ် ၆) ဆွမ်ပရာဘွမ်ဒုက္ခသည်များ ရိက္ခာပြတ်လပ်တော့မည်
========================================
8, August, 2015 By Kachin People
မြစ်ကြီးနားမြို့နယ်၊ ဆွမ်ပရာဘွမ်နှင့် ပူတာအိုသို့ စစ်ကူများမလာနိုင်ရန် လမ်းကြောင်း ပေါ်ရှိ တံတားကြီး/ငယ် (၄) စင်းအား KIA မှ မိုင်းထောင်ဖေါက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လိုက်သဖြင့် လမ်းကြောင်းတလျောက်ပေါ်ရှိ ဒေသခံပြည်သူများအား စစ်တပ်မှ ရိက္ခာဖဲ့၍ ထောက်ပံ့နေသော်လည်း နောက်(၃)ရက်လောက်တွင် ရိက္ခာပြတ်လပ်တော့မည်ဖြစ်ကြောင်း ဆွမ်ပရာဘွမ်ရှိ ဒေသခံတစ်ဦး၏ ဖုန်းသတင်းပေးချက်အရ ကြားသိခဲ့ရပါသည်။
KIA မှ တပ်မတော်အား စစ်ကူမပြုလုပ်နိုင်ရန်နှင့် ရိက္ခာထောက်ပံ့ရေး မပြုလုပ် နိုင်ရန်အတွက် လမ်းတံတားများ ဖျက်ဆီးခြင်းဖြစ်ကြောင်း အမှန်တကယ် ဒုက္ခရောက်ကြရသည်မှာ ဒေသခံပြည်သူများသာဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။
ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ KIA ဖျက်ဆီးခဲ့သော တံတား ကြီး/ငယ်(၄) စင်းမှာ-
(၁) ဇနန်ခ(ကျေးရွာပျက်)အနီး တံတားအမှတ်(၁၁၁/၁)၊ တံတားအရှည်(၁၄၀)ပေ၊ အကျယ် (၁၅)ပေ၊ သံဘောင်ဘေလီသစ်သားတံတား (၂၀၁၅ ဇူလိုင် ၂၆)
(၂) ဆွမ်ပီယန်ကျေးရွာအနီး တံတားအမှတ်(၁/၁၇၆) တံတားအရှည် (၅၀)ပေ၊ သံဘောင် ဘေလီ သစ်သားတံတား (၂၀၁၅ သြဂုတ် ၁)
(၃) လုံရှာယန်ကျေးရွာအနီး (ဒေသအခေါ်- ကျောက်ရေတွင်း) မိုင်တိုင်အမှတ် (၁၈၆/၃)၊ တံတားအရှည်(၅၀)ပေ၊ အကျယ်(၂၀)ပေ၊ သံဘောင်ဘေလီသစ်သားတံတား (၂၀၁၅ သြဂုတ် ၅)
(၄) အင်ဆိုင်းယန်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၆၆/၄)နှင့် (၁၆၆/၅)ကြား တံတားအရှည် (၁၈)ပေ၊ အကျယ် (၁၂)ပေ၊ တံတားအမျိုးအစား သစ်သားတံတား (၂၀၁၅ သြဂုတ် ၆)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment