Thursday, August 13, 2015

သံလွင်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်၏ သဘောထားကြေညာချက် ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်

သံလွင်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်၏ သဘောထားကြေညာချက် ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ် 13.8.2015 သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ရက် (Save The Salween Network) ၏ ယခုနှစ် ဇူလိုင် ၇ ရက်က ထုတ်ပြန်ခဲ့သော သဘောထားကြေ ညာချက်အား ထပ်ဆင့်ရှင်းလင်းပွဲကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီအချိန်က မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ Save The Salween Network ဖွဲ့စည်းပြီးတဲ့အချိန်မှာ ပြီးခဲ့တဲ့လမှာပဲ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီးတော့ သဘောထားထုတ်ပြန်ချက် ကြေညာခဲ့တယ်။ အဲဒီလို သဘောထားကြေညာချက် ထုတ်ပြန်ပြီး မကြာဘူး။ နိုင်ငံ အနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တယ်။ လက်ရှိလည်း ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါဟာ တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သောအားဖြင့် ဆည်တွေ၊ ရေကာ တာတွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ အခု သံလွင်မြစ်ပေါ် မှာ ရေကာတာတွေ တည်ဆောက်မယ်ဆိုရင် လက်ရှိရေကြီးရေလျှံမှုမျိုး ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်လာနိုင်တယ်။ ပိုပြီးတော့ သတိထားရမယ်ဆိုတဲ့အကြောင်း သတိပေးချင်လို့ အခုလို ရှင်းလင်းပွဲလုပ်တာ ဖြစ်ပါတယ်” ဟု Save The Salween Network မှ ကိုစောသာဘိုးက ပြောကြားသည်။ ၎င်းက ဆက်လက်၍ “အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာနိုင်မယ့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး EIA/SIA လုပ်ဆောင်ဖို့ SMEC ကုမ္ပဏီက ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကနေ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို ၀င်တယ်။ ရှမ်းပြည်နယ်မှာ ဆိုရင် ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြလို့ နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းကနေ တစ်ဆင့်ဝင်ပြီး အုပ်ချုပ်ရေးပိုင်းကလူတွေကိုပဲ သီးသန့်ရှင်းလင်းပွဲတွေ လုပ်တာတွေ့ရတယ်။ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်မှာဆိုရင် အုပ်ချုပ်ရေးယန္တရားပိုင်းကနေတစ်ဆင့် ၀င်တာကို တွေ့ရှိရပါတယ်။ ရှမ်းပြည်နယ်မှာလို စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲမျိုး မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ လာလုပ်တယ်။ ဒါကို ပြည်သူတွေ သတိပေးတဲ့ အနေနဲ့ ဒီရှင်းလင်းပွဲကို လာလုပ် တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ SMEC ကုမ္ပဏီမှ လူထုတွေ့ဆုံပွဲဆိုပြီး အုပ်ချုပ်ရေးပိုင်းက လူများနှင့် သာ တွေ့ဆုံပွဲများ လုပ်ဆောင်နေကြောင်း၊ CSO၊ မီဒီယာနှင့် ဒေသ ခံပြည်သူများနှင့် တွေ့ဆုံခြင်း မရှိကြောင်း၊ ထိုလုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြသခြင်းသာဖြစ်ကြောင်း၊ ဇူလိုင်လ အတွင်းက မော်လမြိုင်နှင့် သြဂုတ်လအတွင်း ကယားပြည်နယ်များတွင် ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့်သာ တွေ့ဆုံပွဲများ လုပ်ဆောင်သွားကြောင်း ကိုစောသာဘိုးက ပြောကြားသည်။ “အစိုးရအနေဖြင့်ကလည်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေ ကာတာ စီမံကိန်းများနှင့် ပတ်သက်ပြီး ဘယ်သူက ရင်းနှီးမြှုပ်နှံတယ်၊ ဘယ်လောက် ရင်းနှီးမြှုပ်နှံတယ်၊ ဘယ်လိုစာချုပ်တွေ ချုပ်ထားလဲ ဆိုတာကို မပြောဘူး။ နိုင်ငံဖွံ့ဖြိုးဖို့အတွက် လျှပ်စစ်ဓာတ်အား လိုတယ်ပဲ ပြောတယ်။ စီမံကိန်းတွေကို ကြည့်လိုက်ရင်လည်း တရုတ်နဲ့ထိုင်းကပဲ လျှပ်စစ်အများဆုံး ရတယ်။ ပြည်တွင်းအတွက်ဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားတွေရဲ့ ဆုံးဖြတ်ပိုင် ခွင့်တွေ၊ အခွင့်အရေးတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေ ပြောခွင့်မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်၏ သဘောထားကြေညာချက် ထပ်ဆင့်ရှင်းလင်းပွဲတွင် ရှမ်း၊ ကယား၊ မွန်နှင့် ကရင်ပြည်နယ်များမှ ဒေသခံ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာဒေသများ၏ လူမှုစီးပွားရေး အခြေအနေများ တင်ပြရှင်းလင်းခဲ့ပြီး ရှင်းလင်းပွဲသို့ သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။ Writer: ဘိုဘိုမြင့် သြဂုတ် ၁၂ ရက်က ရာမညဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် သံလွင်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်၏ သဘောထားကြေညာချက် ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ် 13.8.2015 သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ရက် (Save The Salween Network) ၏ ယခုနှစ် ဇူလိုင် ၇ ရက်က ထုတ်ပြန်ခဲ့သော သဘောထားကြေ ညာချက်အား ထပ်ဆင့်ရှင်းလင်းပွဲကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီအချိန်က မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ Save The Salween Network ဖွဲ့စည်းပြီးတဲ့အချိန်မှာ ပြီးခဲ့တဲ့လမှာပဲ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီးတော့ သဘောထားထုတ်ပြန်ချက် ကြေညာခဲ့တယ်။ အဲဒီလို သဘောထားကြေညာချက် ထုတ်ပြန်ပြီး မကြာဘူး။ နိုင်ငံ အနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တယ်။ လက်ရှိလည်း ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါဟာ တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သောအားဖြင့် ဆည်တွေ၊ ရေကာ တာတွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ အခု သံလွင်မြစ်ပေါ် မှာ ရေကာတာတွေ တည်ဆောက်မယ်ဆိုရင် လက်ရှိရေကြီးရေလျှံမှုမျိုး ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်လာနိုင်တယ်။ ပိုပြီးတော့ သတိထားရမယ်ဆိုတဲ့အကြောင်း သတိပေးချင်လို့ အခုလို ရှင်းလင်းပွဲလုပ်တာ ဖြစ်ပါတယ်” ဟု Save The Salween Network မှ ကိုစောသာဘိုးက ပြောကြားသည်။ ၎င်းက ဆက်လက်၍ “အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာနိုင်မယ့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး EIA/SIA လုပ်ဆောင်ဖို့ SMEC ကုမ္ပဏီက ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကနေ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို ၀င်တယ်။ ရှမ်းပြည်နယ်မှာ ဆိုရင် ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြလို့ နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းကနေ တစ်ဆင့်ဝင်ပြီး အုပ်ချုပ်ရေးပိုင်းကလူတွေကိုပဲ သီးသန့်ရှင်းလင်းပွဲတွေ လုပ်တာတွေ့ရတယ်။ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်မှာဆိုရင် အုပ်ချုပ်ရေးယန္တရားပိုင်းကနေတစ်ဆင့် ၀င်တာကို တွေ့ရှိရပါတယ်။ ရှမ်းပြည်နယ်မှာလို စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲမျိုး မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ လာလုပ်တယ်။ ဒါကို ပြည်သူတွေ သတိပေးတဲ့ အနေနဲ့ ဒီရှင်းလင်းပွဲကို လာလုပ် တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ SMEC ကုမ္ပဏီမှ လူထုတွေ့ဆုံပွဲဆိုပြီး အုပ်ချုပ်ရေးပိုင်းက လူများနှင့် သာ တွေ့ဆုံပွဲများ လုပ်ဆောင်နေကြောင်း၊ CSO၊ မီဒီယာနှင့် ဒေသ ခံပြည်သူများနှင့် တွေ့ဆုံခြင်း မရှိကြောင်း၊ ထိုလုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြသခြင်းသာဖြစ်ကြောင်း၊ ဇူလိုင်လ အတွင်းက မော်လမြိုင်နှင့် သြဂုတ်လအတွင်း ကယားပြည်နယ်များတွင် ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့်သာ တွေ့ဆုံပွဲများ လုပ်ဆောင်သွားကြောင်း ကိုစောသာဘိုးက ပြောကြားသည်။ “အစိုးရအနေဖြင့်ကလည်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေ ကာတာ စီမံကိန်းများနှင့် ပတ်သက်ပြီး ဘယ်သူက ရင်းနှီးမြှုပ်နှံတယ်၊ ဘယ်လောက် ရင်းနှီးမြှုပ်နှံတယ်၊ ဘယ်လိုစာချုပ်တွေ ချုပ်ထားလဲ ဆိုတာကို မပြောဘူး။ နိုင်ငံဖွံ့ဖြိုးဖို့အတွက် လျှပ်စစ်ဓာတ်အား လိုတယ်ပဲ ပြောတယ်။ စီမံကိန်းတွေကို ကြည့်လိုက်ရင်လည်း တရုတ်နဲ့ထိုင်းကပဲ လျှပ်စစ်အများဆုံး ရတယ်။ ပြည်တွင်းအတွက်ဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားတွေရဲ့ ဆုံးဖြတ်ပိုင် ခွင့်တွေ၊ အခွင့်အရေးတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေ ပြောခွင့်မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်၏ သဘောထားကြေညာချက် ထပ်ဆင့်ရှင်းလင်းပွဲတွင် ရှမ်း၊ ကယား၊ မွန်နှင့် ကရင်ပြည်နယ်များမှ ဒေသခံ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာဒေသများ၏ လူမှုစီးပွားရေး အခြေအနေများ တင်ပြရှင်းလင်းခဲ့ပြီး ရှင်းလင်းပွဲသို့ သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။ Writer: ဘိုဘိုမြင့် သြဂုတ် ၁၂ ရက်က ရာမညဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

No comments: