Thursday, August 13, 2015

စိတ်ကွယ်ရာ.."

" စိတ်ကွယ်ရာ.." ----- "ဒီည ဆရာမျိုး ရဲ့ နှုတ်ဆက်ပွဲရှိတယ်နော်" "KTV သွားမယ် အပြတ်ဟဲမယ် ခင်ဗျားအိမ်ပြန်ဖို့မစဉ်းစားနဲ့တဲ့." ရုံးကတစ်ယောက် ပြောတဲ့စကားကို ကျွန်တော်ခေါင်းညိတ် ပြလိုက်တယ်...အမှန်အတိုင်း ပြောရရင် အိမ်ကိုပြန်ချင်သည်..နေ့လည်ကမှ ခိုင် ဆီကဖုန်းဆက်တယ်..ဒီနေ့ ကို ကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ထားတယ်. စောစောပြန်ခဲ့ပါတဲ့( အိမ်မှာ ခိုင်နဲ့ သမီးလေး မျှော်နေရှာမယ်).. ဒါပေမယ့်လည်း ဆရာအရင်းတစ်ယောက်လုံးရဲ့ နှုတ်ဆက်ပွဲကိုရှောင်လို့မကောင်း ခိုင့်ကို နားလည်အောင်ပြောပြီး နောက်ကျမယ့်အကြောင်းကို ဖုန်းဆက်ရအုံးမည် ဆိုင်ရောက်တော့ နှုတ်ဆက်ပွဲမှာ လူစုံတက်စုံ သောက်ကြစားကြခိုင့်ကို မသောက်တော့ဘူးလို့ ကတိပေးထားပေမယ့် အားနာတာနဲ့နဲနဲသောက်ဖြစ်သွားသည်(ခိုင် နားလည်မှာပါလေ)… ..သောက်ရင်းစားရင်းဆိုတော့ အားလုံးပျော်နေကြသည်..ပြီးရင် " KTV ဆက်ဒိုးမယ်နော် ဘယ်သူမှ မပြန်ရဘူး " တဲ့(ကျွန်တော်လည်းမငြင်းမိ) KTV ကိုရောက်တော့ ဘီယာထပ်သောက်ဖြစ်တယ်..နယ်မြို့လေးမှာနေခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ KTV လိုနေရာမျိုးဆိုတာရောက်ခဲလှတဲ့ နေရာမျိုးပါ..အသစ်အဆန်းပေါ့.. နဲနဲမူးလာတော့ စိတ်က အလိုလိုပျော်လာတယ်..အဲဒီအချိန် ဆိုင်က မိန်းကလေးတစ်ယောက်ဘေးမှာ ၀င်ထိုင်တယ်.." ကိုကြီး ထိုင်မယ်နော်." .တဲ့… ပြာလဲ့လဲ့မီးရောင်အောက်မှာ ဆံပင်ရှည်ကို ဖြောင့်ထားပြီး မျက်နှာထားလေးချိုကာ တော်တော်လှပြီး ချစ်စရာကောင်းသည့် ကောင်မလေး ဟု မှတ်ချက်ပြုမိသည်… " ကိုကြီး (ဟ)" ဆိုပြီး ပန်းသီးလေး ခွံကျွေးတယ်.. ဘီယာလေး ငှဲ့ပေးတယ်.. "ကိုကြီးကလည်း မြတ်နိုး ကို မခင်ဘူးလား" ဟု ချွဲနွဲ့ကာ ပြောသည်..ရုတ်တရက်( ခိုင့်ကို မျက်လုံးထဲ မြင်ယောင်မိသည်.ကလေးတဖက်နဲ့ဆံပင်က ဖရိုဖရဲ.ကလေးရပြီးနောက် နဲနဲဝလာသည့် ကိုယ်လုံး. အိမ်မှုကိစ္စများ နှင့် အမြဲရှုပ်ထွေးနေသည့် ခိုင်) .. ချက်ခြင်းအတွေးထဲ ပြန်ပျောက်သွားသည်.. ပြောလေ.." မြတ်နိုး ကို မခင်ဘူးလားလို့".." ခင်ပါတယ်ဗျားး" (မြတ်နိုးရဲ့ အထိအတွေ့ ချွဲနွဲ့တဲ့စကားသံ ချစ်စရာကောင်မလေးတစ်ယောက်ရဲ့ လိုအပ်သည်ထက်ပိုမိုတဲ့ ဂရုစိုက်မှုအောက်မှာ တဒင်္ဂ ရင်ခုန် ပျော်ရွှင် သာယာလာမိတယ်..) (.အိမ်မှာ စောင့်နေတဲ့ ခိုင်နဲ့သမီးလေး ကို မေ့ပြီ )……… တစ်ခွက်က နှစ်ခွက် ရင်ခုန်ယစ်မူးပျော်ရွှင်မှုနဲ့အတူ မြတ်နိုးက ကျွန်တော့်ရင်ခွင်ထဲတွင် နေသားတကျ ရှိနေချေပြီ……….. ဆိုင်က ပြန်မယ်လုပ်တော့ ည ၁၂ နာရီကျော်.. "ကောင်မလေးကို မုန့်ဖိုး ပေးလိုက်အုံးလေကွာ" တဲ့..သူငယ်ချင်းကလက်တို့ပြီးပြောမှ မုန့်ဖိုး ဘယ်လောက်ပေးရတယ်ဆိုတာ သိတယ်… ပိုက်ဆံအိတ်ထဲက တစ်ထောင်တန် (၁၀)ရွက်ထုတ်ပေးလိုက်တော့..မြတ်နိုးက ပိုက်ဆံကို တစ်ရွက်ချင်း သေချာရေတွက်ပြီး သူ့ပိုက်ဆံအိတ်ထဲကို ထည့်လိုက်တယ်.. မြတ်နိုး ကိုကြည့်ရတာ ပိုက်ဆံရလိုက်လို့ တခုခုကိုစဉ်းစားပြီး ပျော်ရွှင်သွားပုံပါ.. " ကိုကြီး ကျေးဇူးပဲနော်" ..ဆိုပြီး ကျွန်တော့်ကို ဖက်ကာနှုတ်ဆက်တယ်… " ဘယ်တော့လာအုံးမှာလဲ " ..ဆိုတဲ့ မေးခွန်းကို မေးပေမယ့်..ကျွန်တော် သေချာမဖြေဖြစ်ခဲ့…ပြုံးပြီးတော့သာ နှုတ်ဆက်ခဲ့တယ်…. အိမ်ကိုရောက်တော့ ကျွန်တော့် မိန်းမ ခိုင် ဆက်တီခုံပေါ်တွင် ထိုင်လျှက်လေး အိပ်နေရှာသည်။ ကျွန်တော် သနားသွားတယ်..ကျွန်တော့်ကိုတွေ့တော့"ကို ရယ် နောက်ကျလိုက်တာ "..ဆိုတဲ့ စကားမှလွဲပြီး ကျန်တာမပြော ..နှုတ်ဆက်ပွဲ နောက်ကျမယ် ပြောထားလို့လား မသိ..နားလည်ပေးရှာသည်… အိပ်ရာထဲရောက်တော့ ခိုင် တနေကုန်ပင်ပန်းထားလို့ ထင်သည် ချက်ခြင်းအိပ်ပျော်သွားရှာသည်.. ကျွန်တော့်မှာ ချက်ခြင်းအိပ်မပျော်..ရင်ခုန်ယစ်မူးဖွယ်အထိအတွေ့ မြတ်နိုးရဲ့တီတီတာတာ စကားပြောသံများ ချစ်စဖွယ်ဟန်ပန်အမူအရာများကို မျက်လုံးထဲမြင်ယောင်နေမိသည်..ခေါင်းကို ခါထုတ်လိုက်သည်. နောက်တနေ့ ရုံးမှာ နေ့ခင်း လက်ဖက်ရည်ဆိုင်ထိုင်တော့"မနေ့ညက စော်လေးကတကယ်အလန်းလေးနော်.ညက အိုကေနေတယ်မလား".တဲ့ကျွန်တော်က " ဒီလိုပါပဲကွာ" လို့ဆိုတော့ လူပျိုကြီးကိုမောင်သိန်းက ထပ်ပြောတယ် "ညက ကျွန်တော့်ကောင်မလေးလည်း ချစ်စရာလေးဗျ.နာမည်က စနိုးတဲ့ " .." ဒီညတောင် ထပ်သွားချင်လိုက်တာဗျာ" ဆိုပြီး စကားစတယ်… ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်.အမှန်အတိုင်းဝန်ခံရရင်ရင်ခုန်ယစ်မူးဖွယ် ချစ်စရာကောင်းတဲ့ မြတ်နိုးဆိုသော ကောင်မလေး နဲ့(မသိစိတ်က) ထပ်ဆုံချင်နေမိသည်….. ညနေစောင်းတော့ လူပျိုကြီး ကိုမောင်သိန်းက ထဖောက်သည်.." ဒီည သွားရအောင်ဗျာ " ..တဲ့.. " ကျွန်တော် ငြင်းလိုက်တော့ ".." လိုက်ခဲ့ပါဗျာ.ကောင်မလေးကဖုန်းဆက်ခေါ်နေလို့ပါ ကျွန်တော်ဒကာခံပါ့မယ်.ဒီတစ်ညတော့ လိုက်ခဲ့ပါ".. တခြားသူလည်း မသိစေချင်လို့ လိုက်ခဲ့ပါဆိုပြီး.ဇွတ်ခေါ်နေတော့ ..မငြင်းမိတော့ ."..စိတ်ထဲမှာတော့ မြတ်နိုးမျက်နှာမြင်ယောင်ပြီးရင်ခုန်သလိုလို…ခိုင် ဆီကိုတော့ ညဂျူတီဝင်ရမှာမို့ မနက်ခင်းမှ ခဏပြန်လာနိုင်မယ်လို့ ဖုန်းဆက်ရပေတော့မည်…….. ဒီညတော့ KTV ခန်းထဲရောက်တော့ အပြင်မှာအရက်သောက်မလာတဲ့အတွက် ဆိုင်ထဲရောက်တော့ လူကရှက်ကိုးရှက်ကန်းဖြစ်နေတယ်.. မကြာပါ မြတ်နိုးရောက်လာတယ်..အလှဆုံးပြင်ဆင်လာဟန်တူပါရဲ့…"ကိုကြီး ရောက်လာပြီလား "..ဆိုပြီး အနားမှာလာကပ်ထိုင်သည်.သူ့ရဲ့ ရေမွှေးနံ့နဲ့ မိတ်ကပ်နံ့က ရင်ကိုတဒိတ်ဒိတ်ခုန်စေသည်… ..ထုံးစံအတိုင်း ဘီယာခွက်ကို ငှဲ့ပေးတယ်..မနေ့ညကတော့ မူးလည်းမူးဆိုင်ထဲမှာလည်း လူများပြီး ဆူညံနေတော့ မြတ်နိုးနဲ့ အေးဆေး စကားမပြောဖြစ်ခဲ့..ဒီနေ့မှ ဘီယာသောက်ရင်း စကားပြောဖြစ်ကြသည်… " .အမှန်အတိုင်းပြောရရင် ကိုကြီး က တကယ်ခင်ဖို့ကောင်းပါတယ်".ပြီးတော့ ဆိုင်လာတဲ့တခြားမူးနေတဲ့သူတွေနဲ့လည်း မတူဘူး..သဘောကောင်းပြီး အေးဆေးနေတတ်တဲ့ပုံစံမျိုးပါတဲ့… ပြီးတော့ သူ့အကြောင်းကို ထပ်ပြောပြတဲ့အခါ….…မြတ်နိုး ရဲ့အဖေက သူ၎တန်းနှစ်ကတည်းက ဆုံးသွားတဲ့အကြောင်း…ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရတဲ့ အကြောင်း..မောင်တစ်ယောက်ပဲရှိပြီး အရမ်းဆိုးလို့ ခု ထောင်ထဲရောက်နေတဲ့အကြောင်း..ခု အမေနဲ့အတူနေပြီး..အမေကလည်း မောင်လေးစိတ်နဲ့ပဲ အိပ်ရာထဲလဲပြီး.နာတာရှည် လူမမာဖြစ်နေတဲ့ အကြောင်း…..ပြောပြတယ်…… " မနေ့ညကလည်း ကိုကြီး မုန့်ဖိုးပေးတော့ အမေ့အတွက် ဆေးဖိုးရပြီ ဆိုပြီး မြတ်နိုး အရမ်းပျော်သွားတယ် သိလား ". " မြတ်နိုးလည်း ဒီအလုပ်ကို မလုပ်ချင်ပါဘူး ပိုက်ဆံအရမ်းလိုနေတော့ကြံရာမရ လုပ်မိသွားတာ"..ယောက်ျားတွေကို ဒီလိုရင်းရင်းနှီးနှီးနေမှပဲမုန့်ဖိုးက ရမှာကိုး.မုန့်ဖိုးရမှ အမေ့အတွက် ဆေးကုလို့ ရမယ်လေ... "ဒါပေမယ့် ကိုကြီးလို ရိုးသားအေးဆေးတဲ့သူတစ်ယောက်ဆီကနေ ဒီလိုပုံစံမျိုးနဲ့ ပိုက်ဆံမယူချင်ပါဘူး …….ပြီးတော့ကိုကြီးမှာ မိန်းမနဲ့သမီးလေးတစ်ယောက်ရှိတယ်ဆိုတာ… မနေ့ညက ကြားလိုက်တယ်" မြတ်နိုး ငရဲကြီးမှာ ကြောက်တယ်..ဆိုပြီး မျက်နှာငယ်လေးဖြင့် ပြောပြလာသည့်အခါ.ကျွန်တော်သိလိုက်ပြီ သွားပြီ…ကျွန်တော် မှားပြီ..ကျွန်တော့်ရဲ့ ရင်ခုန်ယစ်မူး ဆိတ်ကွယ်ရာမှာဖောက်ပြန်ချင်သလိုဖြစ်သွားတဲ့စိတ် ကျွန်တော့်မိန်းမ ခိုင် အပေါ်မှာ သစ္စာဖောက်မိလေခြင်း…..ပြီးတော့ အပြစ်မဲ့တဲ့ သမီးလေး ရဲ့ မျက်နှာ…....ပြီးတော့….. မြတ်နိုး ..ဟုတ်တယ် မြတ်နိုးသာ ကျွန်တော့်ညီမလေးဆိုရင် ဆိုတဲ့ အတွေးက ရင်ထဲကို နင့်ခနဲဖြစ်သွားစေတယ်..အဖြစ်ဆိုးလိုက်တာ..မိခင်ရဲ့ကျန်းမာရေးအတွက် ဘ၀ကို စတေး.. အလှကို စတေး…ခန္ဒာကိုယ်ကို စတေးပြီး သူငယ်ချင်းကအဆွယ်ကောင်းလို့ ပိုက်ဆံလိုချင်တဲ့စိတ်တခုနဲ့ KTV မှာဝင်လုပ်သတဲ့…….. ကျွန်တော် အမှားကြီး မှားပြီ …. " မြတ်နိုးး.." ..ကျွန်တော် ဖွဖွလေး ခေါ်လိုက်တယ်..ခေါင်းကို မော့ပြီး ကျွန်တော့်ကို ကြည့်လာတယ်.မျက်နှာငယ်လေးနှင့်မျက်ဝန်းမှာ မျက်ရည်စ တချို့ကို တွေ့တယ်…စိတ်ထဲမကောင်း…….ကျွန်တော်..မြတ်နိုးရဲ့ခေါင်းကို အသာလေး ပုတ်လိုက်တယ်.."မငိုနဲ့တော့ မြတ်နိုး "…" အကိုပြောမယ် သေချာနားထောင်"…." မြတ်နိုး ပိုက်ဆံလိုချင်တဲ့စိတ်တစ်ခုနဲ့ ဒီအလုပ်ကို ရွေးချယ်လိုက်တာ မှားတယ်…"…. အကိုလည်းမှားတယ် ."အကိုက မြတ်နိုးထက်ပိုမှားတယ်..သာယာမှုတခုနောက်ကို လိုက်ပြီး အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အနေနဲ့ သိသိကြီးနဲ့ အကိုလည်း အမှားကြီး မှားခဲ့မိတယ်"… ဘီယာရှိပေမယ့် မြတ်နိုး ဖန်ခွက်ထဲကို ရေကိုသာငှဲ့ပေးတယ် ..ဘီယာ ကျန်ပါသေးတယ် ကိုယ်တိုင်လည်း သောက်ချင်စိတ်မရှိတော့…. ကျွန်တော် ပိုက်ဆံအိတ်ထဲကနေ ၃ သောင်း ဆွဲထုတ်လိုက်တယ်.. " ရော့….. ညီမလေး "….မြတ်နိုး ငြင်းတယ်.. " မယူပါရစေနဲ့ အကို.မယူပါရစေနဲ့ " ..တဲ့( ကျွန်တော် ညီမလေး လို့ ခေါ်လိုက်တော့ချက်ခြင်း အကိုလို့ပြောင်းခေါ်တယ်) " ယူပါ အကိုက ညီမလေးအရင်းတစ်ယောက်လို သဘောထားပြီးပေးတာ ညီမလေး အမေဆေးကုဖို့ စိတ်သန့်သန့် နဲ့.ယူလိုက်ပါ"… ".. လူဆိုတာ အမှားကိုသိရင် အမှန်ကိုပြင်နိုင်မှ လူပီသတယ်တဲ့" ..အကိုတို့နှစ်ယောက်လုံး မှားခဲ့ကြတယ်.. ခုကစပြီး ပြင်ကြမယ်....အကိုလည်း ဒီလိုဆိုင်မျိုး ဘယ်တော့မှ မလာတော့ဘူး…ညီမလေးလည်း.. ဒီအလုပ်ကထွက်လိုက်တော့….အကို့ သူငယ်ချင်းစတိုးဆိုင်မှာ အရောင်းစာရေးမ အလုပ်ရဖို့ အကိုပြောပေးမယ်..ဒီလိုဆိုင်မျိုးမှာ နောက်ဘယ်တော့မှ လာမလုပ်နဲ့"ကျေးဇူးတင်လိုက်တာ..အကိုရယ်" ဆိုပြီး .ခုန်အောက်ကိုဆင်းကျွန်တော့်ခြေထောက်ကို ဖက်ပြီးငိုတယ်..ထိုင်ရှိခိုးတယ်.. ၀မ်းသာလို့ ကျတဲ့ မျက်ရည်ထင်ပါရဲ့….ကျွန်တော့် ညီမလေးသာဆိုရင် ဆိုတဲ့အသိနဲ့ ရင်ထဲမှာနင့်ခနဲ..မျက်ဝန်းထဲက စိမ့်ထွက်လာတဲ့ မျက်ရည်ကို လက်ဖမိုးနဲ့ အမြန်သုတ်လိုက်တယ်…… အိမ်ကို ပြန်မယ်..ခိုင်နဲ့သမီးလေး စောင့်နေရှာမှာပဲ..နားလည်မှု အပြည့်ရှိတဲ့ ချစ်ဇနီး ခိုင်နဲ့ အပြစ်မဲ့တဲ့ သမီးငယ်လေး..အပြစ်တွေကို ဖွင့်ဟ၀န်ခံဖို့ ကိုယ်ပြန်လာခဲ့ပါပြီ… ခိုင်..အဖြစ်အပျက်တွေပြောပြီး ခိုင် ကို ၀န်ချတောင်းပန်မယ်…"..ဆိတ်ကွယ်ရာ.." မှာ ဖြစ်သွားခဲ့တဲ့ တဒင်္ဂမှားယွင်းမှုကို နားလည်မှု အမြဲပေးနိုင်တဲ့ ခိုင်..ခွင့်လွှတ်ပေးနိုင်မှာပါလေ…… ကျွန်တော့်ခြေလှမ်းတွေက ချစ်ဇနီး ခိုင်နဲ့သမီးလေး ဆီသို့…။……..။….. (အိမ်ထောင်ရှင်လူကြီး/လူငယ် ယောက်ျားလေးတိုင်း လက်တွေ့ဘ၀မှာ ဖြစ်ပျက်ကြုံတွေ့နေကြမြဲမို့ အတုယူ ဆင်ခြင်နိုင်ကြစေရန် အပြုသဘောဆောင်စေတနာဖြင့်ရေးသားခြင်းသက်သက်သာဖြစ်ပါတယ်. ပြန်လည် ဝေမျှ Share ပေးမယ်ဆိုရင်ဖြင့် ကျေးဇူးအထူးပဲ တင်ရှိမှာဖြစ်ပါတယ်) (ရိုးနိုင်စံ(ခ)ကိုရန်နိုင်) " စိတ်ကွယ်ရာ.." ----- "ဒီည ဆရာမျိုး ရဲ့ နှုတ်ဆက်ပွဲရှိတယ်နော်" "KTV သွားမယ် အပြတ်ဟဲမယ် ခင်ဗျားအိမ်ပြန်ဖို့မစဉ်းစားနဲ့တဲ့." ရုံးကတစ်ယောက် ပြောတဲ့စကားကို ကျွန်တော်ခေါင်းညိတ် ပြလိုက်တယ်...အမှန်အတိုင်း ပြောရရင် အိမ်ကိုပြန်ချင်သည်..နေ့လည်ကမှ ခိုင် ဆီကဖုန်းဆက်တယ်..ဒီနေ့ ကို ကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ထားတယ်. စောစောပြန်ခဲ့ပါတဲ့( အိမ်မှာ ခိုင်နဲ့ သမီးလေး မျှော်နေရှာမယ်).. ဒါပေမယ့်လည်း ဆရာအရင်းတစ်ယောက်လုံးရဲ့ နှုတ်ဆက်ပွဲကိုရှောင်လို့မကောင်း ခိုင့်ကို နားလည်အောင်ပြောပြီး နောက်ကျမယ့်အကြောင်းကို ဖုန်းဆက်ရအုံးမည် ဆိုင်ရောက်တော့ နှုတ်ဆက်ပွဲမှာ လူစုံတက်စုံ သောက်ကြစားကြခိုင့်ကို မသောက်တော့ဘူးလို့ ကတိပေးထားပေမယ့် အားနာတာနဲ့နဲနဲသောက်ဖြစ်သွားသည်(ခိုင် နားလည်မှာပါလေ)… ..သောက်ရင်းစားရင်းဆိုတော့ အားလုံးပျော်နေကြသည်..ပြီးရင် " KTV ဆက်ဒိုးမယ်နော် ဘယ်သူမှ မပြန်ရဘူး " တဲ့(ကျွန်တော်လည်းမငြင်းမိ) KTV ကိုရောက်တော့ ဘီယာထပ်သောက်ဖြစ်တယ်..နယ်မြို့လေးမှာနေခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ KTV လိုနေရာမျိုးဆိုတာရောက်ခဲလှတဲ့ နေရာမျိုးပါ..အသစ်အဆန်းပေါ့.. နဲနဲမူးလာတော့ စိတ်က အလိုလိုပျော်လာတယ်..အဲဒီအချိန် ဆိုင်က မိန်းကလေးတစ်ယောက်ဘေးမှာ ၀င်ထိုင်တယ်.." ကိုကြီး ထိုင်မယ်နော်." .တဲ့… ပြာလဲ့လဲ့မီးရောင်အောက်မှာ ဆံပင်ရှည်ကို ဖြောင့်ထားပြီး မျက်နှာထားလေးချိုကာ တော်တော်လှပြီး ချစ်စရာကောင်းသည့် ကောင်မလေး ဟု မှတ်ချက်ပြုမိသည်… " ကိုကြီး (ဟ)" ဆိုပြီး ပန်းသီးလေး ခွံကျွေးတယ်.. ဘီယာလေး ငှဲ့ပေးတယ်.. "ကိုကြီးကလည်း မြတ်နိုး ကို မခင်ဘူးလား" ဟု ချွဲနွဲ့ကာ ပြောသည်..ရုတ်တရက်( ခိုင့်ကို မျက်လုံးထဲ မြင်ယောင်မိသည်.ကလေးတဖက်နဲ့ဆံပင်က ဖရိုဖရဲ.ကလေးရပြီးနောက် နဲနဲဝလာသည့် ကိုယ်လုံး. အိမ်မှုကိစ္စများ နှင့် အမြဲရှုပ်ထွေးနေသည့် ခိုင်) .. ချက်ခြင်းအတွေးထဲ ပြန်ပျောက်သွားသည်.. ပြောလေ.." မြတ်နိုး ကို မခင်ဘူးလားလို့".." ခင်ပါတယ်ဗျားး" (မြတ်နိုးရဲ့ အထိအတွေ့ ချွဲနွဲ့တဲ့စကားသံ ချစ်စရာကောင်မလေးတစ်ယောက်ရဲ့ လိုအပ်သည်ထက်ပိုမိုတဲ့ ဂရုစိုက်မှုအောက်မှာ တဒင်္ဂ ရင်ခုန် ပျော်ရွှင် သာယာလာမိတယ်..) (.အိမ်မှာ စောင့်နေတဲ့ ခိုင်နဲ့သမီးလေး ကို မေ့ပြီ )……… တစ်ခွက်က နှစ်ခွက် ရင်ခုန်ယစ်မူးပျော်ရွှင်မှုနဲ့အတူ မြတ်နိုးက ကျွန်တော့်ရင်ခွင်ထဲတွင် နေသားတကျ ရှိနေချေပြီ……….. ဆိုင်က ပြန်မယ်လုပ်တော့ ည ၁၂ နာရီကျော်.. "ကောင်မလေးကို မုန့်ဖိုး ပေးလိုက်အုံးလေကွာ" တဲ့..သူငယ်ချင်းကလက်တို့ပြီးပြောမှ မုန့်ဖိုး ဘယ်လောက်ပေးရတယ်ဆိုတာ သိတယ်… ပိုက်ဆံအိတ်ထဲက တစ်ထောင်တန် (၁၀)ရွက်ထုတ်ပေးလိုက်တော့..မြတ်နိုးက ပိုက်ဆံကို တစ်ရွက်ချင်း သေချာရေတွက်ပြီး သူ့ပိုက်ဆံအိတ်ထဲကို ထည့်လိုက်တယ်.. မြတ်နိုး ကိုကြည့်ရတာ ပိုက်ဆံရလိုက်လို့ တခုခုကိုစဉ်းစားပြီး ပျော်ရွှင်သွားပုံပါ.. " ကိုကြီး ကျေးဇူးပဲနော်" ..ဆိုပြီး ကျွန်တော့်ကို ဖက်ကာနှုတ်ဆက်တယ်… " ဘယ်တော့လာအုံးမှာလဲ " ..ဆိုတဲ့ မေးခွန်းကို မေးပေမယ့်..ကျွန်တော် သေချာမဖြေဖြစ်ခဲ့…ပြုံးပြီးတော့သာ နှုတ်ဆက်ခဲ့တယ်…. အိမ်ကိုရောက်တော့ ကျွန်တော့် မိန်းမ ခိုင် ဆက်တီခုံပေါ်တွင် ထိုင်လျှက်လေး အိပ်နေရှာသည်။ ကျွန်တော် သနားသွားတယ်..ကျွန်တော့်ကိုတွေ့တော့"ကို ရယ် နောက်ကျလိုက်တာ "..ဆိုတဲ့ စကားမှလွဲပြီး ကျန်တာမပြော ..နှုတ်ဆက်ပွဲ နောက်ကျမယ် ပြောထားလို့လား မသိ..နားလည်ပေးရှာသည်… အိပ်ရာထဲရောက်တော့ ခိုင် တနေကုန်ပင်ပန်းထားလို့ ထင်သည် ချက်ခြင်းအိပ်ပျော်သွားရှာသည်.. ကျွန်တော့်မှာ ချက်ခြင်းအိပ်မပျော်..ရင်ခုန်ယစ်မူးဖွယ်အထိအတွေ့ မြတ်နိုးရဲ့တီတီတာတာ စကားပြောသံများ ချစ်စဖွယ်ဟန်ပန်အမူအရာများကို မျက်လုံးထဲမြင်ယောင်နေမိသည်..ခေါင်းကို ခါထုတ်လိုက်သည်. နောက်တနေ့ ရုံးမှာ နေ့ခင်း လက်ဖက်ရည်ဆိုင်ထိုင်တော့"မနေ့ညက စော်လေးကတကယ်အလန်းလေးနော်.ညက အိုကေနေတယ်မလား".တဲ့ကျွန်တော်က " ဒီလိုပါပဲကွာ" လို့ဆိုတော့ လူပျိုကြီးကိုမောင်သိန်းက ထပ်ပြောတယ် "ညက ကျွန်တော့်ကောင်မလေးလည်း ချစ်စရာလေးဗျ.နာမည်က စနိုးတဲ့ " .." ဒီညတောင် ထပ်သွားချင်လိုက်တာဗျာ" ဆိုပြီး စကားစတယ်… ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်.အမှန်အတိုင်းဝန်ခံရရင်ရင်ခုန်ယစ်မူးဖွယ် ချစ်စရာကောင်းတဲ့ မြတ်နိုးဆိုသော ကောင်မလေး နဲ့(မသိစိတ်က) ထပ်ဆုံချင်နေမိသည်….. ညနေစောင်းတော့ လူပျိုကြီး ကိုမောင်သိန်းက ထဖောက်သည်.." ဒီည သွားရအောင်ဗျာ " ..တဲ့.. " ကျွန်တော် ငြင်းလိုက်တော့ ".." လိုက်ခဲ့ပါဗျာ.ကောင်မလေးကဖုန်းဆက်ခေါ်နေလို့ပါ ကျွန်တော်ဒကာခံပါ့မယ်.ဒီတစ်ညတော့ လိုက်ခဲ့ပါ".. တခြားသူလည်း မသိစေချင်လို့ လိုက်ခဲ့ပါဆိုပြီး.ဇွတ်ခေါ်နေတော့ ..မငြင်းမိတော့ ."..စိတ်ထဲမှာတော့ မြတ်နိုးမျက်နှာမြင်ယောင်ပြီးရင်ခုန်သလိုလို…ခိုင် ဆီကိုတော့ ညဂျူတီဝင်ရမှာမို့ မနက်ခင်းမှ ခဏပြန်လာနိုင်မယ်လို့ ဖုန်းဆက်ရပေတော့မည်…….. ဒီညတော့ KTV ခန်းထဲရောက်တော့ အပြင်မှာအရက်သောက်မလာတဲ့အတွက် ဆိုင်ထဲရောက်တော့ လူကရှက်ကိုးရှက်ကန်းဖြစ်နေတယ်.. မကြာပါ မြတ်နိုးရောက်လာတယ်..အလှဆုံးပြင်ဆင်လာဟန်တူပါရဲ့…"ကိုကြီး ရောက်လာပြီလား "..ဆိုပြီး အနားမှာလာကပ်ထိုင်သည်.သူ့ရဲ့ ရေမွှေးနံ့နဲ့ မိတ်ကပ်နံ့က ရင်ကိုတဒိတ်ဒိတ်ခုန်စေသည်… ..ထုံးစံအတိုင်း ဘီယာခွက်ကို ငှဲ့ပေးတယ်..မနေ့ညကတော့ မူးလည်းမူးဆိုင်ထဲမှာလည်း လူများပြီး ဆူညံနေတော့ မြတ်နိုးနဲ့ အေးဆေး စကားမပြောဖြစ်ခဲ့..ဒီနေ့မှ ဘီယာသောက်ရင်း စကားပြောဖြစ်ကြသည်… " .အမှန်အတိုင်းပြောရရင် ကိုကြီး က တကယ်ခင်ဖို့ကောင်းပါတယ်".ပြီးတော့ ဆိုင်လာတဲ့တခြားမူးနေတဲ့သူတွေနဲ့လည်း မတူဘူး..သဘောကောင်းပြီး အေးဆေးနေတတ်တဲ့ပုံစံမျိုးပါတဲ့… ပြီးတော့ သူ့အကြောင်းကို ထပ်ပြောပြတဲ့အခါ….…မြတ်နိုး ရဲ့အဖေက သူ၎တန်းနှစ်ကတည်းက ဆုံးသွားတဲ့အကြောင်း…ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရတဲ့ အကြောင်း..မောင်တစ်ယောက်ပဲရှိပြီး အရမ်းဆိုးလို့ ခု ထောင်ထဲရောက်နေတဲ့အကြောင်း..ခု အမေနဲ့အတူနေပြီး..အမေကလည်း မောင်လေးစိတ်နဲ့ပဲ အိပ်ရာထဲလဲပြီး.နာတာရှည် လူမမာဖြစ်နေတဲ့ အကြောင်း…..ပြောပြတယ်…… " မနေ့ညကလည်း ကိုကြီး မုန့်ဖိုးပေးတော့ အမေ့အတွက် ဆေးဖိုးရပြီ ဆိုပြီး မြတ်နိုး အရမ်းပျော်သွားတယ် သိလား ". " မြတ်နိုးလည်း ဒီအလုပ်ကို မလုပ်ချင်ပါဘူး ပိုက်ဆံအရမ်းလိုနေတော့ကြံရာမရ လုပ်မိသွားတာ"..ယောက်ျားတွေကို ဒီလိုရင်းရင်းနှီးနှီးနေမှပဲမုန့်ဖိုးက ရမှာကိုး.မုန့်ဖိုးရမှ အမေ့အတွက် ဆေးကုလို့ ရမယ်လေ... "ဒါပေမယ့် ကိုကြီးလို ရိုးသားအေးဆေးတဲ့သူတစ်ယောက်ဆီကနေ ဒီလိုပုံစံမျိုးနဲ့ ပိုက်ဆံမယူချင်ပါဘူး …….ပြီးတော့ကိုကြီးမှာ မိန်းမနဲ့သမီးလေးတစ်ယောက်ရှိတယ်ဆိုတာ… မနေ့ညက ကြားလိုက်တယ်" မြတ်နိုး ငရဲကြီးမှာ ကြောက်တယ်..ဆိုပြီး မျက်နှာငယ်လေးဖြင့် ပြောပြလာသည့်အခါ.ကျွန်တော်သိလိုက်ပြီ သွားပြီ…ကျွန်တော် မှားပြီ..ကျွန်တော့်ရဲ့ ရင်ခုန်ယစ်မူး ဆိတ်ကွယ်ရာမှာဖောက်ပြန်ချင်သလိုဖြစ်သွားတဲ့စိတ် ကျွန်တော့်မိန်းမ ခိုင် အပေါ်မှာ သစ္စာဖောက်မိလေခြင်း…..ပြီးတော့ အပြစ်မဲ့တဲ့ သမီးလေး ရဲ့ မျက်နှာ…....ပြီးတော့….. မြတ်နိုး ..ဟုတ်တယ် မြတ်နိုးသာ ကျွန်တော့်ညီမလေးဆိုရင် ဆိုတဲ့ အတွေးက ရင်ထဲကို နင့်ခနဲဖြစ်သွားစေတယ်..အဖြစ်ဆိုးလိုက်တာ..မိခင်ရဲ့ကျန်းမာရေးအတွက် ဘ၀ကို စတေး.. အလှကို စတေး…ခန္ဒာကိုယ်ကို စတေးပြီး သူငယ်ချင်းကအဆွယ်ကောင်းလို့ ပိုက်ဆံလိုချင်တဲ့စိတ်တခုနဲ့ KTV မှာဝင်လုပ်သတဲ့…….. ကျွန်တော် အမှားကြီး မှားပြီ …. " မြတ်နိုးး.." ..ကျွန်တော် ဖွဖွလေး ခေါ်လိုက်တယ်..ခေါင်းကို မော့ပြီး ကျွန်တော့်ကို ကြည့်လာတယ်.မျက်နှာငယ်လေးနှင့်မျက်ဝန်းမှာ မျက်ရည်စ တချို့ကို တွေ့တယ်…စိတ်ထဲမကောင်း…….ကျွန်တော်..မြတ်နိုးရဲ့ခေါင်းကို အသာလေး ပုတ်လိုက်တယ်.."မငိုနဲ့တော့ မြတ်နိုး "…" အကိုပြောမယ် သေချာနားထောင်"…." မြတ်နိုး ပိုက်ဆံလိုချင်တဲ့စိတ်တစ်ခုနဲ့ ဒီအလုပ်ကို ရွေးချယ်လိုက်တာ မှားတယ်…"…. အကိုလည်းမှားတယ် ."အကိုက မြတ်နိုးထက်ပိုမှားတယ်..သာယာမှုတခုနောက်ကို လိုက်ပြီး အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အနေနဲ့ သိသိကြီးနဲ့ အကိုလည်း အမှားကြီး မှားခဲ့မိတယ်"… ဘီယာရှိပေမယ့် မြတ်နိုး ဖန်ခွက်ထဲကို ရေကိုသာငှဲ့ပေးတယ် ..ဘီယာ ကျန်ပါသေးတယ် ကိုယ်တိုင်လည်း သောက်ချင်စိတ်မရှိတော့…. ကျွန်တော် ပိုက်ဆံအိတ်ထဲကနေ ၃ သောင်း ဆွဲထုတ်လိုက်တယ်.. " ရော့….. ညီမလေး "….မြတ်နိုး ငြင်းတယ်.. " မယူပါရစေနဲ့ အကို.မယူပါရစေနဲ့ " ..တဲ့( ကျွန်တော် ညီမလေး လို့ ခေါ်လိုက်တော့ချက်ခြင်း အကိုလို့ပြောင်းခေါ်တယ်) " ယူပါ အကိုက ညီမလေးအရင်းတစ်ယောက်လို သဘောထားပြီးပေးတာ ညီမလေး အမေဆေးကုဖို့ စိတ်သန့်သန့် နဲ့.ယူလိုက်ပါ"… ".. လူဆိုတာ အမှားကိုသိရင် အမှန်ကိုပြင်နိုင်မှ လူပီသတယ်တဲ့" ..အကိုတို့နှစ်ယောက်လုံး မှားခဲ့ကြတယ်.. ခုကစပြီး ပြင်ကြမယ်....အကိုလည်း ဒီလိုဆိုင်မျိုး ဘယ်တော့မှ မလာတော့ဘူး…ညီမလေးလည်း.. ဒီအလုပ်ကထွက်လိုက်တော့….အကို့ သူငယ်ချင်းစတိုးဆိုင်မှာ အရောင်းစာရေးမ အလုပ်ရဖို့ အကိုပြောပေးမယ်..ဒီလိုဆိုင်မျိုးမှာ နောက်ဘယ်တော့မှ လာမလုပ်နဲ့"ကျေးဇူးတင်လိုက်တာ..အကိုရယ်" ဆိုပြီး .ခုန်အောက်ကိုဆင်းကျွန်တော့်ခြေထောက်ကို ဖက်ပြီးငိုတယ်..ထိုင်ရှိခိုးတယ်.. ၀မ်းသာလို့ ကျတဲ့ မျက်ရည်ထင်ပါရဲ့….ကျွန်တော့် ညီမလေးသာဆိုရင် ဆိုတဲ့အသိနဲ့ ရင်ထဲမှာနင့်ခနဲ..မျက်ဝန်းထဲက စိမ့်ထွက်လာတဲ့ မျက်ရည်ကို လက်ဖမိုးနဲ့ အမြန်သုတ်လိုက်တယ်…… အိမ်ကို ပြန်မယ်..ခိုင်နဲ့သမီးလေး စောင့်နေရှာမှာပဲ..နားလည်မှု အပြည့်ရှိတဲ့ ချစ်ဇနီး ခိုင်နဲ့ အပြစ်မဲ့တဲ့ သမီးငယ်လေး..အပြစ်တွေကို ဖွင့်ဟ၀န်ခံဖို့ ကိုယ်ပြန်လာခဲ့ပါပြီ… ခိုင်..အဖြစ်အပျက်တွေပြောပြီး ခိုင် ကို ၀န်ချတောင်းပန်မယ်…"..ဆိတ်ကွယ်ရာ.." မှာ ဖြစ်သွားခဲ့တဲ့ တဒင်္ဂမှားယွင်းမှုကို နားလည်မှု အမြဲပေးနိုင်တဲ့ ခိုင်..ခွင့်လွှတ်ပေးနိုင်မှာပါလေ…… ကျွန်တော့်ခြေလှမ်းတွေက ချစ်ဇနီး ခိုင်နဲ့သမီးလေး ဆီသို့…။……..။….. (အိမ်ထောင်ရှင်လူကြီး/လူငယ် ယောက်ျားလေးတိုင်း လက်တွေ့ဘ၀မှာ ဖြစ်ပျက်ကြုံတွေ့နေကြမြဲမို့ အတုယူ ဆင်ခြင်နိုင်ကြစေရန် အပြုသဘောဆောင်စေတနာဖြင့်ရေးသားခြင်းသက်သက်သာဖြစ်ပါတယ်. ပြန်လည် ဝေမျှ Share ပေးမယ်ဆိုရင်ဖြင့် ကျေးဇူးအထူးပဲ တင်ရှိမှာဖြစ်ပါတယ်) (ရိုးနိုင်စံ(ခ)ကိုရန်နိုင်)

No comments: