Friday, August 7, 2015

ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ ===========================================

ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့
===========================================

မူဆယ်   သြဂုတ်   ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ  ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြန်မာနိုင်ငံရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့နိုင်ရန်အတွက် သြဂုတ် ၆ ရက် နံနက် ၇ နာရီ မိနစ် ၂ဝ က မူဆယ်မြို့ မန်ဝိန်းဂိတ်သို့ ရောက်ရှိလာသည်။
အဆိုပါအဖွဲ့အား မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ခရိုင်ရဲမှူး ဦးမင်းမင်းဦး၊ ခရိုင်လဝကမှူး ဦးဝင်းကိုနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ သည်။ ဆက်လက်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နိုင်ငံခြားရေးရာရုံး ညွှန်ကြားရေးမှူး Mr.He Tao ဦးဆောင်သော အဖွဲ့ဝင် ၂၁ ဦး လိုက်ပါလာသည်။ ယင်းကူညီထောက်ပံ့ပစ္စည်းများမှာ                                                         
မိုးကာယာယီတဲအလုံး ၁ဝဝဝ (ယွမ်တစ်သန်း သုံးသိန်း)၊ ဆန်တန်ချိန် ၁ဝဝ (ယွမ်လေးသိန်းလေးသောင်း)၊ နို့မှုန့်ထုပ် ၁ဝဝဝဝ (ယွမ် နှစ်သိန်း ရှစ်သောင်း)၊ ခေါက်ဆွဲဖာ ၁ဝဝဝဝ (ယွမ်သုံးသိန်း ကိုးသောင်း)ဖိုးရှိ  ထောက်ပံ့ပစ္စည်း  များကို ကုန်တင်ယာဉ် ၁၂ ဘီးယာဉ် ၁၄ စီးဖြင့် သယ်ဆောင်လာကြောင်း သိရသည်။
မြန်မာအဖွဲ့မှ ခရိုင်ထွေ/အုပ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့် လဝက အဖွဲ့တာဝန်ရှိသူများက ဦးဆောင်၍ မန္တလေးသို့ လိုက်ပါပို့ဆောင်ကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)
ဓာတ်ပုံ-ကိုမျိုး

No comments: