Wednesday, August 19, 2015

မြစိမ်းရောင်ကော်မတီများဖွဲ့စည်း =======================

မြစိမ်းရောင်ကော်မတီများဖွဲ့စည်း ======================= တနိုင်း သြဂုတ် ၁၈ ကချင်ပြည်နယ် တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ကျေးရွာ ၁၃ ရွာ၌ မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အရင်းမပျောက်မတည်ရန်ပုံငွေကျပ်သိန်း ၃၃ဝဝ ဖြင့် တနိုင်းမြို့နယ်အတွင်းရှိ အောင်စိုးမိုး၊ ရေနံကုန်း၊ ရွာသစ်ကုန်း၊ မိုင်းခွန်၊ ကျောင်းကုန်း၊ မကော-လမောင်၊ ရှိန်လုံဂါ-ပန္နက်၊ လဂျာဘွမ်၊ တခက်၊ ခလုံး၊ တဆိတ်စသည့်ကျေးရွာများ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်ကျေး/လက်ဦးစီးမှူး ဒေါ်အိအိမွန်နှင့် မြို့နယ် မြစိမ်းရောင်ကော်မတီဝင်များပူးပေါင်း၍ ကျေးရွာမြစိမ်းရောင် ကြီးကြပ်ရေး ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီများကို အများဆန္ဒဖြင့် ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)

No comments: