မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 19, 2015
မဲဇာမြစ်ကူးတံတားကြီး ရေကြီးရေလျှံခြင်းကြောင့် ယိမ်းယိုင်မှုရှိလာ ============================================
မဲဇာမြစ်ကူးတံတားကြီး ရေကြီးရေလျှံခြင်းကြောင့် ယိမ်းယိုင်မှုရှိလာ
============================================
အင်းတော် သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်သချေရွာသူရွာသားများနှင့် ဒေသခံသံဃာတော်များ ပူးပေါင်း ဆောက်လုပ်ထားသည့် မဲဇာမြစ်ကူးသစ်သားတံတားကြီးသည် လွန်ခဲ့သည့် ဇူလိုင်လများနှင့် သြဂုတ်လအတွင်းက မကြာခဏမိုးရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်း၊ ရေလျှံခြင်းများဖြစ်ပေါ်မှုကြောင့် မဲဇာမြစ်ပေါင်းကူးတံတားကြီးမှာ ယိမ်းယိုင်လျက်ရှိနေကြောင်း သိရသည်။
ပင်သချေရွာနှင့် အလယ်ဆိပ်ကျေးရွာကြားတွင်ရှိ မဲဇာမြစ်ကိုဖြတ်သန်းကာ ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ထား သော သစ်သားတံတားကြီးသည် အလျားပေ ၅ဝဝ၊ အနံ ၁၂ ပေခန့်ရှိ သည်။ ထိုတံတားကြီးကို မဲဇာမြစ် တစ်ဖက်ကမ်းတွင်ရှိသော ပင်သချေရွာ၊ မကျီးပင်ရွာ၊ ပိန္နဲပင်ရွာ၊ သစ်လှတောရွာ၊ တုန်စီရွာ၊ နတ်ရေတွင်းရွာ၊ ပါအော့ ရွာများရှိ ပြည်သူများ နွေမိုးဆောင်းရာသီမရွေး သွားလာကြသည်။
ထိုတံတားကြီးမှာ မဲဇာမြစ်ရေကြီး၍ ရေလွှမ်းနစ်မြုပ်ခဲ့သောကြောင့် အနောက်ဘက်သို့ ယိမ်းယိုင်လျက်ရှိရာ ခိုင်ခံ့တောင့်တင်းရေးအတွက် ပြင်ဆင်ပေးရန် ဒေသခံများကလိုလားနေကြကြောင်း သိရသည်။
သန်းမောင်လေး(ကချင်မြေ) မဲဇာမြစ်ကူးတံတားကြီး ရေကြီးရေလျှံခြင်းကြောင့် ယိမ်းယိုင်မှုရှိလာ

သန်းမောင်လေး(ကချင်မြေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment