Wednesday, August 19, 2015

ကသာ-အင်းတော်လမ်းဘေး ဓာတ်တိုင်ပြိုလဲလု ============

ကသာ-အင်းတော်လမ်းဘေး ဓာတ်တိုင်ပြိုလဲလု ============================== ကသာ သြဂုတ် ၁၈ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နှင့် အင်းတော်မြို့နယ် ကားလမ်း ဘေးရှိ ဓာတ်အားတိုင်ကြီးမှာ ဇူလိုင် ၁၇ ရက်က သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ချောင်းရေလျှံပြီး ဓာတ်တိုင်မှာ လဲပြိုလုအခြေအနေသို့ရောက်နေ ကြောင်း သိရသည်။ ကသာ-အင်းတော်ကားလမ်းမိုင်တိုင် အမှတ် (၈/၁) နှင့် (၈/၂) ကြားရှိ လျှပ်စစ်ဓာတ်အားတိုင်မှာ ချောင်းရေစီးကြောင့် ချောင်းအလယ်သို့ ရောက်ရှိ နေပြီး အောက်ခြေအနက်မှာ တစ်ပေပင်မရှိတော့ကြောင်း သိရသည်။ သို့သော် ပြင်ဆင်မှုမရှိဘဲ ဆက်လက်ထားရှိနေပြီး ကြိုးလေးတစ်ချောင်း ဖြင့်သာ ထိန်းထားသည်ကို တွေ့ရှိနေရသည်။ ကသာခရိုင်အတွင်း၌လည်း မကြာခဏ မိုးသည်းထန်စွာရွာနေသဖြင့် ချောင်းရေကျပြီး ဓာတ်တိုင်လဲပြိုမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ အေးလွင်(ကသာ) ကသာ-အင်းတော်လမ်းဘေး ဓာတ်တိုင်ပြိုလဲလု ============================== ကသာ သြဂုတ် ၁၈ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နှင့် အင်းတော်မြို့နယ် ကားလမ်း ဘေးရှိ ဓာတ်အားတိုင်ကြီးမှာ ဇူလိုင် ၁၇ ရက်က သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ချောင်းရေလျှံပြီး ဓာတ်တိုင်မှာ လဲပြိုလုအခြေအနေသို့ရောက်နေ ကြောင်း သိရသည်။ ကသာ-အင်းတော်ကားလမ်းမိုင်တိုင် အမှတ် (၈/၁) နှင့် (၈/၂) ကြားရှိ လျှပ်စစ်ဓာတ်အားတိုင်မှာ ချောင်းရေစီးကြောင့် ချောင်းအလယ်သို့ ရောက်ရှိ နေပြီး အောက်ခြေအနက်မှာ တစ်ပေပင်မရှိတော့ကြောင်း သိရသည်။ သို့သော် ပြင်ဆင်မှုမရှိဘဲ ဆက်လက်ထားရှိနေပြီး ကြိုးလေးတစ်ချောင်း ဖြင့်သာ ထိန်းထားသည်ကို တွေ့ရှိနေရသည်။ ကသာခရိုင်အတွင်း၌လည်း မကြာခဏ မိုးသည်းထန်စွာရွာနေသဖြင့် ချောင်းရေကျပြီး ဓာတ်တိုင်လဲပြိုမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ အေးလွင်(ကသာ)

No comments: