Tuesday, August 18, 2015

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်း အမှတ် ရပ်ကွက်ပေါင်းစုံအာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲဖွင့်လှစ်ခြင်း အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး

အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ်အာဟာရချက်ပြုတ်ပြိုင်ပွဲကျင်းပ မြစ်ကြီးနား သြဂုတ် ၁၇ ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်း အမှတ် ရပ်ကွက်ပေါင်းစုံအာဟာရချက်ပြုတ် သရုပ်ပြပြိုင် မြစ်ကြီးနား သြဂုတ် ၁၇ ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်း အမှတ် ရပ်ကွက်ပေါင်းစုံအာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲဖွင့်လှစ်ခြင်း အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကံဆီးဆိုင်းလုံက အဖွင့်အမှာ စကား ပြောကြား သည်။ ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း အတွင်းရေးမှူးဒေါ်ရွှေလီက အစားအစာများကို အာဟာရပြည့်ဝစေရန်ပြင်ဆင်ချက်ပြုတ်ရမည့် နည်းလမ်းများ ကိုရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်မည့်ရပ်ကွက်ရှစ်ခုမှ ချက်ပြုတ်မည့်ဟင်းလျာများပြင်ဆင်ထားရှိမှု၊ အာဟာရပြည့်ချက် ပြုတ်ပြီးအစားအစာများအား ပြည်နယ်ပြည် သူ့ကျန်းမာရေး ဦးစီးဌာန အာဟာရတာဝန်ခံဆရာဝန် ဒေါက်တာခိုင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက အမှတ်ပေးစည်းမျဉ်းများအတိုင်းလိုက်လံကြည့်ရှုစစ်ဆေးကာ ချက် ပြုတ်ပြီး စားသောက်ဖွယ်ရာများအား မူလတန်းကြိုကျောင်းသား၊ ကျောင်းသူ ၄ဝ ဦးကို ကျွေးမွေးကြသည်။ဆက်လက်၍ အာဟာရတာဝန်ခံအဖွဲ့ ခေါင်းဆောင် ဆရာဝန်က အမှတ်ပေးစည်း ကမ်းများနှင့် ဆုရွေးချယ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပထမဆုရ မြို့သစ်ကြီးရပ်ကွက်၊ ဒုတိယဆုရလယ်ကုန်းရပ်ကွက်နှင့် တတိယဆုရ ယုဇနရပ်ကွက်တို့အား ကြီး ကြပ်ရေးအဖွဲ့နာယကက လည်းကောင်း၊ နှစ်သိမ့်ဆုရ ရပ်ကွက် ငါးခုအား အဖွဲ့ဝင် ဒေါ်ခင်အေးမြင့်ကလည်းကောင်း အသီးသီးဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments: