မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 18, 2015
သဘာဝဘေးအန္တရာယ်ကျရောက်နေသည့် ဒေသများတွင် MECTel မှ အခမဲ့ဖုန်းခေါ်ဆိုနိုင်ကြောင်းနှင့် ဖုန်းခေါ်ဆိုခများ လျှော့ချနေကြောင်းသိရှိရ
သဘာဝဘေးအန္တရာယ်ကျရောက်နေသည့် ဒေသများတွင် MECTel မှ အခမဲ့ဖုန်းခေါ်ဆိုနိုင်ကြောင်းနှင့် ဖုန်းခေါ်ဆိုခများ လျှော့ချနေကြောင်းသိရှိရ
နေပြည်တော် ၊ သြဂုတ် ၁၇
သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဟားခါးမြို့နယ်၊ ကလေးမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဟင်္သာတမြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ညောင်တုန်းမြို့နယ် များတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အထောက်အကူပြု လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် MECTel မှ သြဂုတ် ၁၈ ရက်မှစတင်၍ MECTel ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခ အခမဲ့ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းအပြင် MECTel မှ သုံးစွဲသူမိဘပြည်သူများ၏ စေတနာကို တုံ့ပြန်သော အားဖြင့် သြဂုတ် ၁၈ ရက်မှစတင်၍ အထူးခြားဆုံး “ ရွှေမေတ္တာအစီအစဉ် ” (SHWE MYITTA Package) ကို Silver, Gold, Diamond Package များ အထူးဝန်ဆောင်မှုပေးထားကြောင်း သိရှိရသည်။
အဆိုပါအထူးဝန်ဆောင်မှု၌ Diamond Package တွင် ဖုန်းခေါ်ဆိုခအား တစ်မိနစ်လျှင်၂၀ ကျပ်နှုန်း ၊ Internet သုံးစွဲခအား 1 MB လျှင် ၄ ကျပ်နှုန်းဖြင့်လည်းကောင်း၊ Gold Package တွင် ဖုန်းခေါ်ဆိုခအား တစ်မိနစ်လျှင် ၂၁ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၅ ကျပ်နှုန်းဖြင့်လည်းကောင်း၊ Silver Package တွင် ဖုန်းခေါ် ဆိုခအား တစ်မိနစ်လျှင် ၂၂ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၆ ကျပ်နှုန်းဖြင့်လည်းကောင်း အထူးခြားဆုံးဝန်ဆောင်မှုပေးနေကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment