မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 8, 2015
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါအချက်များအား ပြည်သူအားလုံးသိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန်နှစ်ဖက်အဖွဲ့သဘောတူညီ ==================================================
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါအချက်များအား ပြည်သူအားလုံးသိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန်နှစ်ဖက်အဖွဲ့သဘောတူညီ
==================================================
ရန်ကုန် သြဂုတ် ၇
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ (၉)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန( MPC)၌ ဆက်လက်ကျင်းပခဲ့သည်။ (ယာပုံ)
ယနေ့ကျင်းပသည့်အစည်းအဝေး မစတင်မီ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကUPWC နှင့် SD တို့၏ ပထမနေ့ဆွေးနွေးပွဲ တွင် နှစ်ဖက်ကိုယ်စားလှယ်များသည်NCA စာချုပ်ပါအချက်များအား ပြီးပြတ်အောင် ဆွေးနွေးနိုင်ခဲ့ပါ ကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အရေးကြီးသည့် အချက်ဖြစ်သော လက်နက်ကိုင် အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးမည့် All Inclusive ကိစ္စသည် အရေးကြီး ကြောင်း၊ မိမိတို့ ဖိတ်ခေါ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နှင့် Bilateral ဆွေးနွေးပွဲ များ ဆက်တိုက်ဆောင်ရွက်ခဲ့ကြပြီး သဘောတူညီမှု စာချုပ်ပေါင်း ၃၉ ခုကို လက်မှတ်ရေးထိုးထားနိုင်ခဲ့ ကြောင်း၊ ထို့ကြောင့် အဆိုပါအဖွဲ့ များသည် လက်တွေ့ဆန်ပြီးNCAကို ချက်ချင်း လိုက်နာဆောင်ရွက်နိုင်မည့် အဖွဲ့များဖြစ်ကြောင်း၊ မြန်မာပြည်၏ လက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းရမည့် နိုင်ငံရေးဆွေးနွေးပွဲ တွင် ပါဝင်သင့် ပါဝင်ထိုက်သူ အင်အားစုပေါင်းစုံပါဝင်ရန် လိုပါ ကြောင်း၊ အစိုးရအနေဖြင့် အားလုံး ပါဝင်ရေး (All Inclusive)ကို လက်တွေ့ကျသည့် နည်းလမ်းများနှင့် အဖြေရှာ ချဉ်းကပ်စေလိုကြောင်း၊ မည်သည့်အဆင့်တွင် မည်ကဲ့သို့ ပါဝင်လာနိုင်စေမည် ဆိုသည့်အချက် အား ထည့်သွင်းစဉ်းစားချဉ်းကပ်မှုဖြင့် သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ သွားရ မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီး ရှည်ကြီးတွင် နှစ်ဖက်၏ ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် သဘော တူညီချက်များကို ဘယ်လောက် အတိုင်းအတာအထိ အကောင် အထည်ဖော်နိုင်မလဲဆိုသည့် အပေါ် တွင် မူတည်နေကြောင်း၊ ယနေ့ အစည်းအဝေးမှနေ၍ အားလုံးပါဝင် ရေးဆိုသည့်အချက်အား နည်းလမ်း ရှာဖွေကာ ရလဒ်ကောင်းတွေ ထွက်လာစေရန်၊NCA ကို လက်မှတ် ရေးထိုးနိုင်ရန်အတွက် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးစားကြပါဟု ပြောကြား လိုကြောင်း၊ မကြာမီကာလအတွင်း နေပြည်တော်၌ ကျင်းပရန် ရည်မှန်းထားသည့် NCA စာချုပ် လက်မှတ်ရေးထိုးပွဲတွင် ပြန်လည် ဆုံတွေ့လက်မှတ်ထိုးနိုင်ကြရေး ဆန္ဒ ပြုပါကြောင်း အဖွင့်စကား ပြောကြား ခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောကြား ရာတွင် ယနေ့အစည်းအဝေး၏ ဒုတိယနေ့အဖြစ် မိမိတို့ ဆွေးနွေး ရမည့် နောက်ဆုံးအချက်အလက် သည်NCA ကို အချောသပ်ဖြစ်နိုင်ရန် အတွက် အရေးကြီးဆုံးသော အချက် အလက်တစ်ခုဖြစ်သည့် အားလုံး ပါဝင်ရေးကိစ္စ၊ NCA လက်မှတ်ထိုး နိုင်ရန် အရေးကြီးဆုံးသောအခန်းဖြစ် သည့် အခန်း(၃၃)ကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ အဆိုပါအချက်အား အကောင်းဆုံး ရလဒ်တစ်ခုထွက်ပြီး အကောင်းဆုံး ဆွေးနွေးညှိနှိုင်းမှု ရနိုင်ရန် တိုင်းရင်းသားညီလာခံက ဆုံးဖြတ်ထားသည့် လက်မှတ်ရေး ထိုးရာတွင် အားလုံးပါဝင်ရေးကိစ္စနှင့် အတူတကွ NCA ကိုလက်မှတ်ထိုးနိုင် ရန် ဆုံးဖြတ်ချက်ရှိကြောင်း၊ ကျန်ရှိနေ သည့် အခန်း(၃၃) ရှေ့ဆက်လက် သွားနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များဘက်က တာဝန် ရှိသလို အစိုးရဘက်ကသာမကဘဲ တပ်မတော်ဘက်ကလည်း တာဝန်ရှိပါ ကြောင်း၊ ယနေ့သည် နောက်ဆုံး အရေးကြီးသည့်ကဏ္ဍဖြစ်ပြီး ယခု အခန်းကဏ္ဍပြီးစီးပါက NCA တစ်ခုလုံးကို အဆုံးသတ်မည်ဖြစ် ကြောင်း၊ မိမိတို့ဆွေးနွေးရမည့် အဆိုပါအချက်များအား အဖြေရှာ ဆွေးနွေးပြီးပါက NCA တစ်ခုလုံးကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ပြော ကြားသည်။
ယနေ့ကျင်းပသော အစည်း အဝေးသည် မွန်းလွဲ ၂ နာရီခွဲတွင် ပြီးဆုံးခဲ့ပြီး အစည်းအဝေးပွဲအပြီး တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ် စားလှယ်အဖွဲ့(SD) နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့မှ ပူးတွဲသတင်း ထုတ်ပြန်ချက်တစ်ရပ် ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်အား ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေး ရာနှင့် ကျေးလက်လူမှုဘဝ မြှင့်တင် ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ နှစ်ဖက် ခေါင်းဆောင်များ ဖြစ်ကြသည့်UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် SD ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ဖြစ်သူ ဒေါက်တာလဂျာတို့က နိဂုံးချုပ်စကား ပြောကြားခဲ့ကြသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ(NCA)စာချုပ် အချောသပ်နိုင်ရေးအတွက် ယနေ့ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အစည်းအဝေး၌ NCA စာချုပ်တွင် ပါရှိသည့် အချက်အလက်များအနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ ၏ကိစ္စမှအပNCA စာချုပ်ပါအချက် အလက်အားလုံးကို သဘောတူညီနိုင် ခဲ့ကြသည်။ သဘောတူညီမှုရရှိထား သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များအား ပြည်သူများသိရှိ နိုင်ရေးအတွက် ထုတ်ပြန်သွားရန် နှစ်ဖက်ကိုယ်စားလှယ်များ သဘော တူညီကြသည်။
ပါဝင်လက်မှတ် ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိစ္စနှင့်စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်ကို ယခုသြဂုတ်လ အတွင်း နေပြည်တော်၌ ကျင်းပ သွားမည်ဖြစ်ကြောင်း အစည်းအဝေး ပွဲအပြီးတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စား လှယ်များက ထည့်သွင်းပြောကြား ခဲ့ကြသည်။
ယနေ့ကျင်းပသည့် အစည်း အဝေးအား ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာနမ်ဘီယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူး ကိုယ်စားလှယ် မစ္စတာ စန်ဂေါင်ဇင်း တို့က လေ့လာသူအဖြစ် တက်ရောက် ခဲ့ကြသည်။ ယင်းအပြင် မြန်မာနိုင်ငံ သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီလည်း လာရောက် လေ့လာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါအချက်များအား ပြည်သူအားလုံးသိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန်နှစ်ဖက်အဖွဲ့သဘောတူညီ

(သတင်းစဉ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment