Saturday, August 8, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရန် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင်တွေ့ဆုံမည် ==================================================

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရန် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင်တွေ့ဆုံမည် ================================================== ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ်မူကြမ်း(NCA) အတွက် (၉)ကြိမ်မြောက်အစည်း အဝေးအဖြစ် သြဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC ) တွင် ကျင်းပခဲ့ကြသည်။ UPWC နှင့် SD တို့၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတွက် (၉)ကြိမ်မြောက် ကျင်းပသော ဆွေးနွေးပွဲ အပြီးတွင် MPC မှ အထူးအကြံပေး ဦးလှမောင်ရွှေ၊ SD မှ ဒုတိယအဖွဲ့ခေါင်းဆောင်(၂)ဖြစ်သူ ပူးဇင်ကျုံး နှင့် အဖွဲ့ဝင်ဖြစ်သူ ဦးနိုင်ဟံသာတို့က နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များအား မီဒီယာများ နှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ NCA စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိစ္စရပ် များနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် ခေါင်းဆောင်များ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်း ဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ် လတွင်ကျင်းပရန် အစီအစဉ်ရှိကြောင်း သိရသည်။ သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့သတင်းစဉ် အပါ အဝင် မီဒီယာများ၏ မေးမြန်းမှုအချို့အား နှစ်ဖက် ကိုယ်စားလှယ်များ၏ ဖြေကြားမှုများအား ဖော်ပြ အပ်ပါသည်။ ဦးလှမောင်ရွှေ အထူးအကြံပေး (မြန်မာနိုင်ငံငြိမ်းချမ်း ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန-MPC) NCA စာချုပ်က အခန်း (၇)ခန်းနဲ့ အပိုဒ်(၃၃) ပိုဒ်ပါပါတယ်။ (၃၃) ပိုဒ်လုံးကို တိုင်းရင်းသားတွေ ဘက်က ပါဝင်လက်မှတ်ရေးထိုးမယ့် ကိစ္စကလွဲလို့ ကျန်တဲ့အချက်တွေကို သဘောတူညီနိုင်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ ဒီစာချုပ် ပြီးသွားတဲ့အခါမှာ အားလုံးအဆင်သင့်ဖြစ်တဲ့အတွက် ၁၅ ဖွဲ့ကို လက်မှတ် ရေးထိုးဖို့ အဆင်သင့်ဖြစ်ပြီ။ အဆင်သင့်ဖြစ်တဲ့ အကြောင်းကိုလည်း ဝန်ကြီးဦးအောင်မင်းတို့ဘက်က လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ဖို့ ရှိပါတယ်။ မီဒီယာတွေ ကတစ်ဆင့် နှစ်ဖက်အဖွဲ့အစည်းဆွေးနွေးထားတဲ့ NCA မူကြမ်းတစ်ခုလုံးကို ထုတ်ပြန်ကြေညာဖို့ အစီ အစဉ်ရှိပါတယ်။ UPCC နှင့် UPWC ရဲ့ မူဝါဒကတော့ ၁၅ ဖွဲ့နဲ့ လက်မှတ်ရေးထိုးဖို့ပါ။ အစိုးရဘက်က ဒီ ၁၅ ဖွဲ့နဲ့ပဲ လက်မှတ်စထိုးနိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပေး တယ်။ ဒါပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က ထိပ်သီးအဖွဲ့ ငါးဖွဲ့နဲ့SD ခေါင်းဆောင်တွေက နိုင်ငံတော် အမြင့်ဆုံးတာဝန်ရှိသူတွေကို လာရောက် တွေ့ဆုံပြီး ဆွေးနွေးဖို့ဆိုတဲ့ အဆိုပြုချက်ကို UPWC က လက်ခံပြီး ယူသွားပါတယ်။ အသေးစိတ်ကိုတော့ မကြာမီရက်အတွင်းမှာ ညှိနှိုင်းကြပါလိမ့်မယ်။UPCC ကပေးထားတဲ့မူဝါဒ ထပ်ပြီးတော့ ပြောင်းမပြောင်းဆိုတာ က တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အဆင့်တွေ တွေ့ဆုံတဲ့အခါကျရင် သိနိုင်ပါလိမ့်မယ်။ အခု အဆိုပြုချက်အသစ်ဖြစ်လို့ ဝန်ကြီး ဦးအောင်မင်း က အတတ်နိုင်ဆုံး ကြိုးစားပါမယ်ဆိုပြီး ယူသွားပါတယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အများကြီးရှိ ခဲ့ပါတယ်။ အားလုံးပါဝင်ရေးဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ MPC မှာလည်းရှိပါတယ်။ အောင်မြင်သွားတဲ့ All Inclusive တွေအားလုံးကို ကြည့်လိုက်ရင် ဒီအယူအဆ ကို နှစ်ဖက်ကလက်ခံဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ ဘက်က လက်ခံသလို ကျွန်တော်တို့ အစိုးရဘက်ကလည်း ဒါကိုလက်မခံတာမဟုတ်ပါဘူး။ ဒါပေမယ့် All Inclusive ဆိုတာ တစ်ကြိမ်တည်းကို တစ်ခါတည်းနဲ့ လက်မှတ်ထိုး တာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့အနေနဲ့ ၂ဝ၁၁ သြဂုတ်လ ၁၈ ရက်နေ့ မှာ ဖိတ်ခေါ်လာခဲ့တာက တစ်ဖွဲ့ချင်းဆွေးနွေးတယ်။ အစု အဖွဲ့ဆွေးနွေးတာကိုလည်း ကျွန်တော်တို့ သဘောတူခဲ့ တယ်။ NCCT ၊ SD နဲ့ အားလုံးကို စုဖွဲ့ဆွေးနွေးတာကို လည်း သဘောတူခဲ့တယ်။ မူကြမ်းကို အရင်ဆုံးလက်မှတ် ထိုးဖို့ နံပါတ်(၁)ဦးစားပေးပြီး အစိုးရဘက်က ချဉ်းကပ်ခဲ့ တယ်။ နံပါတ် (၂) လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းဆိုတာNCA လက်မှတ်ရေးထိုးတာထက် အရေးကြီးတယ်ဆို ပေမယ့် NCA လက်မှတ်ရေးထိုးပြီးရင် ဆက်သွားမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးပြီး အဖြေ ထွက် အကောင်ထည်ဖော်နိုင်မှ ဒီပဋိပက္ခတွေက ချုပ်ငြိမ်း မှာပါ။ ဒါကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်သူ့ ကိုမှ မပါဖို့ UPWC ဘက်က ပိတ်ထားတာ မရှိသေးပါဘူး။ ပထမဆင့်မှာ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့လောက် ရှိနေတဲ့အထဲက ၁၅ ဖွဲ့ကို လက်မှတ်ရေးထိုးဖို့ အဆိုပြု ခဲ့တာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်မနေဘူး၊ ထိန်းချုပ်ဧရိယာ အတိအကျ သတ်မှတ်ထားတာမရှိတဲ့ အဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ပါဝင်နိုင်ဖို့ ကမ်းလှမ်းထားတာရှိပါတယ်။All Inclusive ကို တွေးရာမှာ အစိုးရဘက်က နှစ်ပိုင်းခွဲပြီး စဉ်းစားတယ်။NCA နဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုပြီး။ NCA မှာက လက်မှတ်ရေးထိုးပြီးတာနဲ့ ၂၄ နာရီအတွင်း၊ တစ်ပတ်အတွင်းမှာ ဆောင်ရွက်ရမယ့်အချိန်တွေကိုNCA မူကြမ်းထဲမှာကို ထည့်ရေးဆွဲထားတယ်။ ကျန်တာကတော့ နေပြည်တော်မှာ နှစ်ဖက်ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဖြစ်တဲ့ အခါကျရင် နောက်ဆုံး ဆွေးနွေးမယ့်သဘောရှိပါတယ်။ စာချုပ်ကို ညှိနှိုင်းတဲ့ အဆင့်ကတော့ ပြီးမြောက်သွားပါပြီ။ နောက်ဆက်လုပ် မယ့် နိုင်ငံရေးမူဘောင်နဲ့ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ မှာ လူထုလူတန်းစားတွေရဲ့ သဘောထားတွေက ပါလာမှာ ပါ။ ပူးဇင်ကျုံး (ဒုတိယအဖွဲ့ခေါင်းဆောင်-၂) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အင်မတန်မှ အောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။ အားလုံးပါဝင်ရေးမူကလွဲလို့ ကျန်တဲ့ ဆွေးနွေးစရာ (၅) ချက်ကို အပြီးသတ်ဆွေးနွေး နိုင်ခဲ့ပါတယ်။ ဒီငါးချက်ဟာ (၈)ကြိမ်မြောက် ဆွေးနွေးပွဲ မှာ အခက်အခဲတွေ့နေခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။NCCT သက်တမ်းကာလ တစ်လျှောက်လုံးမှာ ဆွေးနွေး ဖို့ ကျန်ခဲ့တဲ့ အချက်တွေလည်း ဖြစ်ပါတယ်။ ဒါတွေကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့လို့လည်း အောင်မြင်တဲ့ ဆွေးနွေး ပွဲဖြစ်တယ်လို့ ကျွန်တော် ပြောနိုင်တာပါ။ အားလုံးပါဝင်ရေးကိစ္စကိုတော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ရှိတဲ့ အခါမှာ အခုအဆင့်မြင့် SD အဖွဲ့မှာပါဝင်နေတဲ့ ၁၇ ဖွဲ့လုံးက NCA စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ သဘောထားဆန္ဒရှိပါတယ်ဆိုတာကို တင်ပြကြတယ်။ SD အဖွဲ့ရဲ့ ပြင်ပမှာ ရှိနေတဲ့ လေးဖွဲ့ကလည်း သဘောဆန္ဒရှိရင် ပါဝင်ရေးထိုးလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း နိုင်ငံရေး ဆွေးနွေးပွဲမှာမှ ပါဝင်မယ်ဆိုရင်လည်း သူတို့ရဲ့ သဘော ထားဖြစ်ပါတယ်။ အစိုးရဘက်ကတော့ ၂၁ ဖွဲ့ထဲက ၁၅ ဖွဲ့ပဲ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ အခြေခံမူမှာ ရပ်နေတာ ကြောင့် နှစ်ဖက်ညှိနှိုင်းလို့မရတဲ့အနေအထား ဖြစ်နေ တယ်။ SD အဖွဲ့အနေနဲ့ အဖွဲ့ဝင် ၁၇ ဖွဲ့လုံးNCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကိစ္စအတွက် ကျွန်တော်တို့ လာတာ ဖြစ်တယ်။ ဒါကို အလျှော့အတင်း ပြုလုပ်နိုင်တဲ့ အနေအထားမျိုး ကျွန်တော်တို့မှာ မရှိပါဘူး။ လော်ခီးလာ နဲ့ လိုင်ဇာမှာလုပ်ခဲ့တဲ့ ညီလာခံ လေးကြိမ်စလုံးမှာ အားလုံး ပါဝင်ရေးမူကိုသာ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ဒါကို လက်ကိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့အတွက် ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ဒါကိုကျော်ပြီး ကျွန်တော် တို့ လုပ်ဆောင်လို့ မရပါဘူး။ ဇူလိုင်လ ၂၆ ရက်နေ့နဲ့ ၂၉ ရက်နေ့တို့မှာ လုပ်ခဲ့တဲ့ ထိပ်သီးအစည်းဝေးတွေမှာ အားလုံးပါဝင်တဲ့ မူကိုပဲUPWC နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ချပေး တယ်။ နှစ်ဖက်ညှိနှိုင်းလို့မရတဲ့ အနေအထားမျိုးမှာ ဒီတစ်ခုကျန်တာ ဖြစ်ပါတယ်။ အခန်း (၇) ခန်း၊ အပိုဒ်(၃၃) မှာ ခေါင်းစဉ်ခွဲအနေနဲ့ ကျန်တဲ့ အချက်တစ်ချက်ပဲ ကျန်ပါတော့တယ်။ ကျန်တာ အားလုံးကိုတော့ ညှိနှိုင်းသဘောတူမှုရခဲ့ပြီလို့ ပြောလို့ ရတယ်။ အားလုံးပါဝင်ရေးနဲ့ပတ်သက်တဲ့ကိစ္စကို နိုင်ငံ တော်က သမ္မတအစ ထိပ်ပိုင်းတာဝန်ရှိတဲ့ ခေါင်းဆောင် တွေနဲ့ မကြာခင်မှာ တွေ့ပြီး အဖြေရှာကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဖြေရှာနိုင်မယ်လို့ ယူဆတယ်။ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးမတည်ဆောက်လို့ မရဘူး။ ငြိမ်းချမ်းရေးတည်ဆောက်မှ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတဲ့ အခြေခံစဉ်းစားချက် နှစ်ဖက် စလုံးမှာ ရှိနေတာကြောင့် မကြာခင်မှာ အောင်မြင်လိမ့် မယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော်တို့အနေနဲ့ စဉ်းစားတာက NCA မူကြမ်း ထဲမှာ နိုင်ငံရေး၊ စစ်ရေးအရ အာမခံချက်တွေပါတယ်။ ဒီအာမခံချက်တွေဟာ NCA ကို လက်မှတ်ထိုးတဲ့ အဖွဲ့ အစည်းတွေနဲ့သာအကျုံးဝင်မှာပါ။ NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့အစည်းတွေက အကျုံးဝင်မှာ မဟုတ် ပါဘူး။ တကယ်လို့ အဲ့လိုအကျုံးမဝင်တဲ့ အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်ဖြစ်မလားဆိုတဲ့ စိုးရိမ် တာရှိတယ်။ ပိုပြီးပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်တယ်။ အားလုံးကို ခြုံပြီးတော့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်လိုက်ရင် ခြုံပြီးတော့ ပြီးသွားတယ်။ နိုင်ငံရေး၊ စစ်ရေးအရ အာမခံချက်တွေ တစ်ခါတည်း ရသွားတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်မှ ရမှာမို့ ကျွန်တော်တို့မရမက ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ဦးနိုင်ဟံသာ (အဖွဲ့ဝင်) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ဒီနေ့ ဆွေးနွေးပွဲမှာUPWC ရော၊SD ရောက ကိုယ်စားလှယ်တွေက ဆုံးဖြတ်ချက် မပေးနိုင်ဘူး။ ဒါကြောင့် သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင် အချင်း ချင်းတွေ့ဆုံပြီး နည်းလမ်းရှာပါမယ်။ အန်ကယ်တို့ ရည်မှန်းတာက အဖွဲ့တချို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ၊ SD ကခေါင်းဆောင် သုံးဦးပါဝင်ပြီး သမ္မတ အစရှိတဲ့ အစိုးရဘက်က ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့မယ်။ အစိုးရဘက်က ၁၅ ဖွဲ့၊ တိုင်းရင်းသားဘက်က ၁၇ ဖွဲ့ အဆိုပြုချက်က အရေအတွက်အရတော့ မကွာပါ ဘူး။SD ၁၇ ဖွဲ့ထဲမှာ အစိုးရဘက်က လက်မခံတာ က ခြောက်ဖွဲ့ပါတယ်။ အစိုးရဘက်က ၁၅ ဖွဲ့ထဲမှာ ပြင်ပလေးဖွဲ့ပါတယ် အဲ့လိုဖြစ်နေပါတယ်။ ကျွန်တော်တို့ဘက်က အားလုံးပါဝင်ဖို့ တောင်းဆို တယ်။ အားလုံးပါဝင်မှလည်း တစ်ခါတည်းပြီးသွားမှာ ပေါ့။ တစ်နိုင်ငံလုံးအေးချမ်းသွားမယ်။ နိုင်ငံရေးဆွေးနွေး တော့ အားလုံးပါဝင်ခြင်းအားဖြင့် တစ်ခါတည်း ပြီးသွား မယ်။NCCT ၁၆ ဖွဲ့ကနေ အခု SD ၁၇ ဖွဲ့ ဖြစ်လာတဲ့ အထိ တစ်လျှောက်လုံး အတူတူဆွေးနွေးလာကြ တယ်။ အန်ကယ်တို့ရဲ့ အဖော်တွေကို ချန်ထားပြီး လက်မှတ်ထိုးဖို့မဖြစ်နိုင်ဘူး။ ကျန်နေတဲ့အဖွဲ့တွေ မတိုက်ပါဘူးဆိုတဲ့ အာမခံချက် ဒီနေ့အထိ မရှိသေး ဘူး။ သဘောထားကြီးဖို့လိုတယ်။ တိုက်ပွဲကာလမှာ သူ့ဘက် ကိုယ့်ဘက် နာကျင်ခဲ့ကြတာရှိမယ်။ ဒါတွေကို မေ့ပစ်ပြီး အားလုံးပါဝင်ရေးကို လုပ်ဆောင်နိုင်မှသာ ကျွန်တော်တို့နိုင်ငံက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ သတင်း-ရဲခေါင်ညွန့်၊ မြတ်သန္တာမောင် ဓာတ်ပုံ-ဖိုးထောင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရန် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင်တွေ့ဆုံမည် ================================================== ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ်မူကြမ်း(NCA) အတွက် (၉)ကြိမ်မြောက်အစည်း အဝေးအဖြစ် သြဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC ) တွင် ကျင်းပခဲ့ကြသည်။ UPWC နှင့် SD တို့၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတွက် (၉)ကြိမ်မြောက် ကျင်းပသော ဆွေးနွေးပွဲ အပြီးတွင် MPC မှ အထူးအကြံပေး ဦးလှမောင်ရွှေ၊ SD မှ ဒုတိယအဖွဲ့ခေါင်းဆောင်(၂)ဖြစ်သူ ပူးဇင်ကျုံး နှင့် အဖွဲ့ဝင်ဖြစ်သူ ဦးနိုင်ဟံသာတို့က နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များအား မီဒီယာများ နှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ NCA စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိစ္စရပ် များနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် ခေါင်းဆောင်များ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်း ဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ် လတွင်ကျင်းပရန် အစီအစဉ်ရှိကြောင်း သိရသည်။ သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့သတင်းစဉ် အပါ အဝင် မီဒီယာများ၏ မေးမြန်းမှုအချို့အား နှစ်ဖက် ကိုယ်စားလှယ်များ၏ ဖြေကြားမှုများအား ဖော်ပြ အပ်ပါသည်။ ဦးလှမောင်ရွှေ အထူးအကြံပေး (မြန်မာနိုင်ငံငြိမ်းချမ်း ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန-MPC) NCA စာချုပ်က အခန်း (၇)ခန်းနဲ့ အပိုဒ်(၃၃) ပိုဒ်ပါပါတယ်။ (၃၃) ပိုဒ်လုံးကို တိုင်းရင်းသားတွေ ဘက်က ပါဝင်လက်မှတ်ရေးထိုးမယ့် ကိစ္စကလွဲလို့ ကျန်တဲ့အချက်တွေကို သဘောတူညီနိုင်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ ဒီစာချုပ် ပြီးသွားတဲ့အခါမှာ အားလုံးအဆင်သင့်ဖြစ်တဲ့အတွက် ၁၅ ဖွဲ့ကို လက်မှတ် ရေးထိုးဖို့ အဆင်သင့်ဖြစ်ပြီ။ အဆင်သင့်ဖြစ်တဲ့ အကြောင်းကိုလည်း ဝန်ကြီးဦးအောင်မင်းတို့ဘက်က လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ဖို့ ရှိပါတယ်။ မီဒီယာတွေ ကတစ်ဆင့် နှစ်ဖက်အဖွဲ့အစည်းဆွေးနွေးထားတဲ့ NCA မူကြမ်းတစ်ခုလုံးကို ထုတ်ပြန်ကြေညာဖို့ အစီ အစဉ်ရှိပါတယ်။ UPCC နှင့် UPWC ရဲ့ မူဝါဒကတော့ ၁၅ ဖွဲ့နဲ့ လက်မှတ်ရေးထိုးဖို့ပါ။ အစိုးရဘက်က ဒီ ၁၅ ဖွဲ့နဲ့ပဲ လက်မှတ်စထိုးနိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပေး တယ်။ ဒါပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က ထိပ်သီးအဖွဲ့ ငါးဖွဲ့နဲ့SD ခေါင်းဆောင်တွေက နိုင်ငံတော် အမြင့်ဆုံးတာဝန်ရှိသူတွေကို လာရောက် တွေ့ဆုံပြီး ဆွေးနွေးဖို့ဆိုတဲ့ အဆိုပြုချက်ကို UPWC က လက်ခံပြီး ယူသွားပါတယ်။ အသေးစိတ်ကိုတော့ မကြာမီရက်အတွင်းမှာ ညှိနှိုင်းကြပါလိမ့်မယ်။UPCC ကပေးထားတဲ့မူဝါဒ ထပ်ပြီးတော့ ပြောင်းမပြောင်းဆိုတာ က တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အဆင့်တွေ တွေ့ဆုံတဲ့အခါကျရင် သိနိုင်ပါလိမ့်မယ်။ အခု အဆိုပြုချက်အသစ်ဖြစ်လို့ ဝန်ကြီး ဦးအောင်မင်း က အတတ်နိုင်ဆုံး ကြိုးစားပါမယ်ဆိုပြီး ယူသွားပါတယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အများကြီးရှိ ခဲ့ပါတယ်။ အားလုံးပါဝင်ရေးဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ MPC မှာလည်းရှိပါတယ်။ အောင်မြင်သွားတဲ့ All Inclusive တွေအားလုံးကို ကြည့်လိုက်ရင် ဒီအယူအဆ ကို နှစ်ဖက်ကလက်ခံဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ ဘက်က လက်ခံသလို ကျွန်တော်တို့ အစိုးရဘက်ကလည်း ဒါကိုလက်မခံတာမဟုတ်ပါဘူး။ ဒါပေမယ့် All Inclusive ဆိုတာ တစ်ကြိမ်တည်းကို တစ်ခါတည်းနဲ့ လက်မှတ်ထိုး တာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့အနေနဲ့ ၂ဝ၁၁ သြဂုတ်လ ၁၈ ရက်နေ့ မှာ ဖိတ်ခေါ်လာခဲ့တာက တစ်ဖွဲ့ချင်းဆွေးနွေးတယ်။ အစု အဖွဲ့ဆွေးနွေးတာကိုလည်း ကျွန်တော်တို့ သဘောတူခဲ့ တယ်။ NCCT ၊ SD နဲ့ အားလုံးကို စုဖွဲ့ဆွေးနွေးတာကို လည်း သဘောတူခဲ့တယ်။ မူကြမ်းကို အရင်ဆုံးလက်မှတ် ထိုးဖို့ နံပါတ်(၁)ဦးစားပေးပြီး အစိုးရဘက်က ချဉ်းကပ်ခဲ့ တယ်။ နံပါတ် (၂) လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းဆိုတာNCA လက်မှတ်ရေးထိုးတာထက် အရေးကြီးတယ်ဆို ပေမယ့် NCA လက်မှတ်ရေးထိုးပြီးရင် ဆက်သွားမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးပြီး အဖြေ ထွက် အကောင်ထည်ဖော်နိုင်မှ ဒီပဋိပက္ခတွေက ချုပ်ငြိမ်း မှာပါ။ ဒါကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်သူ့ ကိုမှ မပါဖို့ UPWC ဘက်က ပိတ်ထားတာ မရှိသေးပါဘူး။ ပထမဆင့်မှာ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့လောက် ရှိနေတဲ့အထဲက ၁၅ ဖွဲ့ကို လက်မှတ်ရေးထိုးဖို့ အဆိုပြု ခဲ့တာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်မနေဘူး၊ ထိန်းချုပ်ဧရိယာ အတိအကျ သတ်မှတ်ထားတာမရှိတဲ့ အဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ပါဝင်နိုင်ဖို့ ကမ်းလှမ်းထားတာရှိပါတယ်။All Inclusive ကို တွေးရာမှာ အစိုးရဘက်က နှစ်ပိုင်းခွဲပြီး စဉ်းစားတယ်။NCA နဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုပြီး။ NCA မှာက လက်မှတ်ရေးထိုးပြီးတာနဲ့ ၂၄ နာရီအတွင်း၊ တစ်ပတ်အတွင်းမှာ ဆောင်ရွက်ရမယ့်အချိန်တွေကိုNCA မူကြမ်းထဲမှာကို ထည့်ရေးဆွဲထားတယ်။ ကျန်တာကတော့ နေပြည်တော်မှာ နှစ်ဖက်ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဖြစ်တဲ့ အခါကျရင် နောက်ဆုံး ဆွေးနွေးမယ့်သဘောရှိပါတယ်။ စာချုပ်ကို ညှိနှိုင်းတဲ့ အဆင့်ကတော့ ပြီးမြောက်သွားပါပြီ။ နောက်ဆက်လုပ် မယ့် နိုင်ငံရေးမူဘောင်နဲ့ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ မှာ လူထုလူတန်းစားတွေရဲ့ သဘောထားတွေက ပါလာမှာ ပါ။ ပူးဇင်ကျုံး (ဒုတိယအဖွဲ့ခေါင်းဆောင်-၂) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အင်မတန်မှ အောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။ အားလုံးပါဝင်ရေးမူကလွဲလို့ ကျန်တဲ့ ဆွေးနွေးစရာ (၅) ချက်ကို အပြီးသတ်ဆွေးနွေး နိုင်ခဲ့ပါတယ်။ ဒီငါးချက်ဟာ (၈)ကြိမ်မြောက် ဆွေးနွေးပွဲ မှာ အခက်အခဲတွေ့နေခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။NCCT သက်တမ်းကာလ တစ်လျှောက်လုံးမှာ ဆွေးနွေး ဖို့ ကျန်ခဲ့တဲ့ အချက်တွေလည်း ဖြစ်ပါတယ်။ ဒါတွေကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့လို့လည်း အောင်မြင်တဲ့ ဆွေးနွေး ပွဲဖြစ်တယ်လို့ ကျွန်တော် ပြောနိုင်တာပါ။ အားလုံးပါဝင်ရေးကိစ္စကိုတော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ရှိတဲ့ အခါမှာ အခုအဆင့်မြင့် SD အဖွဲ့မှာပါဝင်နေတဲ့ ၁၇ ဖွဲ့လုံးက NCA စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ သဘောထားဆန္ဒရှိပါတယ်ဆိုတာကို တင်ပြကြတယ်။ SD အဖွဲ့ရဲ့ ပြင်ပမှာ ရှိနေတဲ့ လေးဖွဲ့ကလည်း သဘောဆန္ဒရှိရင် ပါဝင်ရေးထိုးလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း နိုင်ငံရေး ဆွေးနွေးပွဲမှာမှ ပါဝင်မယ်ဆိုရင်လည်း သူတို့ရဲ့ သဘော ထားဖြစ်ပါတယ်။ အစိုးရဘက်ကတော့ ၂၁ ဖွဲ့ထဲက ၁၅ ဖွဲ့ပဲ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ အခြေခံမူမှာ ရပ်နေတာ ကြောင့် နှစ်ဖက်ညှိနှိုင်းလို့မရတဲ့အနေအထား ဖြစ်နေ တယ်။ SD အဖွဲ့အနေနဲ့ အဖွဲ့ဝင် ၁၇ ဖွဲ့လုံးNCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကိစ္စအတွက် ကျွန်တော်တို့ လာတာ ဖြစ်တယ်။ ဒါကို အလျှော့အတင်း ပြုလုပ်နိုင်တဲ့ အနေအထားမျိုး ကျွန်တော်တို့မှာ မရှိပါဘူး။ လော်ခီးလာ နဲ့ လိုင်ဇာမှာလုပ်ခဲ့တဲ့ ညီလာခံ လေးကြိမ်စလုံးမှာ အားလုံး ပါဝင်ရေးမူကိုသာ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ဒါကို လက်ကိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့အတွက် ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ဒါကိုကျော်ပြီး ကျွန်တော် တို့ လုပ်ဆောင်လို့ မရပါဘူး။ ဇူလိုင်လ ၂၆ ရက်နေ့နဲ့ ၂၉ ရက်နေ့တို့မှာ လုပ်ခဲ့တဲ့ ထိပ်သီးအစည်းဝေးတွေမှာ အားလုံးပါဝင်တဲ့ မူကိုပဲUPWC နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ချပေး တယ်။ နှစ်ဖက်ညှိနှိုင်းလို့မရတဲ့ အနေအထားမျိုးမှာ ဒီတစ်ခုကျန်တာ ဖြစ်ပါတယ်။ အခန်း (၇) ခန်း၊ အပိုဒ်(၃၃) မှာ ခေါင်းစဉ်ခွဲအနေနဲ့ ကျန်တဲ့ အချက်တစ်ချက်ပဲ ကျန်ပါတော့တယ်။ ကျန်တာ အားလုံးကိုတော့ ညှိနှိုင်းသဘောတူမှုရခဲ့ပြီလို့ ပြောလို့ ရတယ်။ အားလုံးပါဝင်ရေးနဲ့ပတ်သက်တဲ့ကိစ္စကို နိုင်ငံ တော်က သမ္မတအစ ထိပ်ပိုင်းတာဝန်ရှိတဲ့ ခေါင်းဆောင် တွေနဲ့ မကြာခင်မှာ တွေ့ပြီး အဖြေရှာကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဖြေရှာနိုင်မယ်လို့ ယူဆတယ်။ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးမတည်ဆောက်လို့ မရဘူး။ ငြိမ်းချမ်းရေးတည်ဆောက်မှ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတဲ့ အခြေခံစဉ်းစားချက် နှစ်ဖက် စလုံးမှာ ရှိနေတာကြောင့် မကြာခင်မှာ အောင်မြင်လိမ့် မယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော်တို့အနေနဲ့ စဉ်းစားတာက NCA မူကြမ်း ထဲမှာ နိုင်ငံရေး၊ စစ်ရေးအရ အာမခံချက်တွေပါတယ်။ ဒီအာမခံချက်တွေဟာ NCA ကို လက်မှတ်ထိုးတဲ့ အဖွဲ့ အစည်းတွေနဲ့သာအကျုံးဝင်မှာပါ။ NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့အစည်းတွေက အကျုံးဝင်မှာ မဟုတ် ပါဘူး။ တကယ်လို့ အဲ့လိုအကျုံးမဝင်တဲ့ အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်ဖြစ်မလားဆိုတဲ့ စိုးရိမ် တာရှိတယ်။ ပိုပြီးပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်တယ်။ အားလုံးကို ခြုံပြီးတော့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်လိုက်ရင် ခြုံပြီးတော့ ပြီးသွားတယ်။ နိုင်ငံရေး၊ စစ်ရေးအရ အာမခံချက်တွေ တစ်ခါတည်း ရသွားတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်မှ ရမှာမို့ ကျွန်တော်တို့မရမက ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ဦးနိုင်ဟံသာ (အဖွဲ့ဝင်) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ဒီနေ့ ဆွေးနွေးပွဲမှာUPWC ရော၊SD ရောက ကိုယ်စားလှယ်တွေက ဆုံးဖြတ်ချက် မပေးနိုင်ဘူး။ ဒါကြောင့် သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင် အချင်း ချင်းတွေ့ဆုံပြီး နည်းလမ်းရှာပါမယ်။ အန်ကယ်တို့ ရည်မှန်းတာက အဖွဲ့တချို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ၊ SD ကခေါင်းဆောင် သုံးဦးပါဝင်ပြီး သမ္မတ အစရှိတဲ့ အစိုးရဘက်က ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့မယ်။ အစိုးရဘက်က ၁၅ ဖွဲ့၊ တိုင်းရင်းသားဘက်က ၁၇ ဖွဲ့ အဆိုပြုချက်က အရေအတွက်အရတော့ မကွာပါ ဘူး။SD ၁၇ ဖွဲ့ထဲမှာ အစိုးရဘက်က လက်မခံတာ က ခြောက်ဖွဲ့ပါတယ်။ အစိုးရဘက်က ၁၅ ဖွဲ့ထဲမှာ ပြင်ပလေးဖွဲ့ပါတယ် အဲ့လိုဖြစ်နေပါတယ်။ ကျွန်တော်တို့ဘက်က အားလုံးပါဝင်ဖို့ တောင်းဆို တယ်။ အားလုံးပါဝင်မှလည်း တစ်ခါတည်းပြီးသွားမှာ ပေါ့။ တစ်နိုင်ငံလုံးအေးချမ်းသွားမယ်။ နိုင်ငံရေးဆွေးနွေး တော့ အားလုံးပါဝင်ခြင်းအားဖြင့် တစ်ခါတည်း ပြီးသွား မယ်။NCCT ၁၆ ဖွဲ့ကနေ အခု SD ၁၇ ဖွဲ့ ဖြစ်လာတဲ့ အထိ တစ်လျှောက်လုံး အတူတူဆွေးနွေးလာကြ တယ်။ အန်ကယ်တို့ရဲ့ အဖော်တွေကို ချန်ထားပြီး လက်မှတ်ထိုးဖို့မဖြစ်နိုင်ဘူး။ ကျန်နေတဲ့အဖွဲ့တွေ မတိုက်ပါဘူးဆိုတဲ့ အာမခံချက် ဒီနေ့အထိ မရှိသေး ဘူး။ သဘောထားကြီးဖို့လိုတယ်။ တိုက်ပွဲကာလမှာ သူ့ဘက် ကိုယ့်ဘက် နာကျင်ခဲ့ကြတာရှိမယ်။ ဒါတွေကို မေ့ပစ်ပြီး အားလုံးပါဝင်ရေးကို လုပ်ဆောင်နိုင်မှသာ ကျွန်တော်တို့နိုင်ငံက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ သတင်း-ရဲခေါင်ညွန့်၊ မြတ်သန္တာမောင် ဓာတ်ပုံ-ဖိုးထောင်

No comments: