Saturday, August 8, 2015

ကျေးရွာချင်းဆက်ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီး ================================

ကျေးရွာချင်းဆက်ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီး ================================ မန်စီ သြဂုတ် ၇ မန်စီမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် ကျောက်ချောလမ်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဗန်းမော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသောင်း ညွန့်နှင့်အဖွဲ့ သြဂုတ်လပထမပတ်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ မံသဲ-သစ်ဆုံး ကျေးရွာချင်းဆက်ကျောက်ချောလမ်း၊ မံသဲ-ကုန်းတိမ် ကျေးရွာချင်းဆက်ကျောက်ချောလမ်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၂ ဒသမ ၂ သန်းဖြင့် ကောင်းကင်လွင်ကုမ္ပဏီက ဆောက်လုပ်ခဲ့ရာ ရာခိုင် နှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည်။ ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဆောက်လုပ်ပြီးစီးခဲ့၍ ရာသီမရွေးလွယ်ကူစွာ သွားလာနိုင်ကြသဖြင့် ဒေသခံ ပြည်သူများ ဝမ်းမြောက်ဝမ်းသာရှိနေကြသည်။ ဝါဝါ(ဗန်းမော်)

No comments: