Friday, August 21, 2015

ပူတာအိုနှင့် ဆွမ်ပရာဘွမ်ဒေသရှိ ဒေသခံများ၊ အစိုးရ၀န်ထမ်းများအတွက် စားနပ်ရိက္ခာအတွက် မြစ်ကြီးနား-ပူတာအို လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပေးလျှက်ရှိ

ပူတာအိုနှင့် ဆွမ်ပရာဘွမ်ဒေသရှိ ဒေသခံများ၊ အစိုးရ၀န်ထမ်းများအတွက် စားနပ်ရိက္ခာအတွက် မြစ်ကြီးနား-ပူတာအို လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပေးလျှက်ရှိ ========================================= 20, August, 2015 By Kachin People ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ဆက်သွယ်ထားသောလမ်းမှာ သောင်းကျန်းသူ KIA လက်ချက်ကြောင့် ဆက်သွယ်မှုပြတ်တောက်လျှက်ရှိပြီး ပူတာအိုနှင့် ဆွမ်ပရာဘွမ်ရှိ ဒေသခံ များနှင့် အစိုးရ၀န်ထမ်းများအတွက် စားနပ်ရိက္ခာများကို အစိုးရမှ မြစ်ကြီးနား-ပူတာအို လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။ ပူတာအိုမှတစ်ဆင့် ဆွမ်ပရာဘွမ်သို့ တပ်မတော်မှ လုံခြုံရေးဆောင်ရွက်ပေးကာ ကုန်းလမ်းဖြင့် ဆက်လက်ပို့ဆောင်ပေးခြင်းဖြစ်သည်။ ဒေသခံများ ကျန်းမာရေးအတွက် ဆေးဝါးများ ထောက်ပံ့ပေးခြင်း ဆေးရုံများတွင် အခမဲ့ကုသပေးခြင်းများ ဆောင်ရွက်လျှက် ရှိသည်။ အရေးပေါ်လူနာများရှိပါက ပူတာအို-မြစ်ကြီးနား လေကြောင်းဖြင့် သယ်ဆောင်ပြီး မြစ်ကြီးနားဆေးရုံသို့ ဆက်လက်ပို့ဆောင် ဆေးကုသပေးလျှက်ရှိကြောင်း သိရှိရပါသည်။

No comments: