Saturday, August 8, 2015

မင်္ဂလာနေ့လည်ခင်းပါ------------ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မြန်မာစံတော်ချိန် (၁၃း၀၀) နာရီအချိန်တွင် ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်……

၂၀၁၅ခုနှစ်၊ သြဂုတ်လ (၈)ရက် ======================================== မင်္ဂလာနေ့လည်ခင်းပါ------------ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မြန်မာစံတော်ချိန် (၁၃း၀၀) နာရီအချိန်တွင် ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်…………………………………………… (၁) စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင်မှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် (၂) လက်မခန့်၊ဆိပ်သာမြို့တွင် (၁) ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်နာရီအနည်းငယ်အတွင်းပြည်မြို့နှင့် နောက် (၂) ရက်အတွင်း ဆိပ်သာမြို့တို့တွင် ယင်းမြို့များ၏စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခွဲခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့် ပြန်လည်ကျဆင်းနိုင်ပါသည်။ (၂) စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်မှု အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၃)ပေခွဲခန့်စီ၊ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပါသည်။ နောက်(၂)ရက်အတွင်း(၁) ပေခွဲခန့်ကျဆင်းနိုင်ပြီး ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့ တွင် (၃)ပေခွဲခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပါသည်။ နောက်(၂) ရက်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထုးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

No comments: