Saturday, August 8, 2015

တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံမဲစာရင်းစိတ်ဝင်စားမှုအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်နေ ==============

တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံမဲစာရင်းစိတ်ဝင်စားမှုအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်နေ ========================================= ကချင်ပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံမဲစာရင်း စိတ်ဝင်စားမှု အများဆုံးဖြစ်ကြောင်း သြဂုတ်လ ၅ ရက်နေ့၌ မြစ်ကြီးနားမြို့ YMCA ခန်းမတွင် ပြုလုပ်သော ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပါဝင်ပတ်သက်သူများ အကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ဆိုင်ရာအစည်းအဝေးတွင် IFES မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “တိုင်းနဲ့ ပြည်နယ်အလိုက် ထပ်ပြီး ခွဲလိုက်အချိန်မှာ ကချင်ပြည်နယ်ဟာ မဆိုးတဲ့ထဲမှာ ပါတာပေါ့၊ ကချင်ပြည်နယ် အမြင့်ဆုံးထင်တယ် ၃% သိတဲ့သူများတာပေါ့” ဟု IFES မှ တာဝန်ရှိ သူက ပြောသည်။ ရာခိုင်နှုန်းနိမ့်သည့် ပြည်နယ်နှင့်တိုင်းများမှာ မကွေး၊ ရခိုင်၊ ရှမ်း၊ ကယား၊ မန္တလေး၊ ဧရာဝတီ တို့ဖြစ်ကြောင်း၊ သိရသည်။ နိုင်ငံရေးနှင့်ပက်သက်၍ အမျိုးသားနှင့် အမျိုးသမီးများကိုခွဲခြားပြီး စစ်တမ်း ကောက်ယူ ခဲ့ရာ အမျိးသမီးများက ၄%၊ အမျိုးသားများက ၁၀% ဖြစ်ပြီး အမျိုးသမီးများက အမျိုးသားထက် နိုင်ငံရေးစိတ်ဝင်စားမှု အားနည်းနေကြောင်း ၄င်းက ဆိုသည်။ ဆက်လက်ပြီး မြို့ပြများထက် ကျေးလက်ဒေသများက ရွေးကောက်ပွဲနှင့်ပက်သက်၍ စိတ်ဝင်စားမှု ပိုမိုများကြောင်း သိရသည်။ ၄င်းစစ်တမ်းများကို ဧပြီလ ၃၀ မှ မေ ၂၉ ရက်နေ့အထိ လူဦးရေ လေးသောင်းခန့်ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အချက်အလက်များ အနည်းငယ် ကွဲလွဲမှုများ ရှိနိုင်ကြောင်း သိရသည်။ By Kachinwaves တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံမဲစာရင်းစိတ်ဝင်စားမှုအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်နေ ========================================= ကချင်ပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံမဲစာရင်း စိတ်ဝင်စားမှု အများဆုံးဖြစ်ကြောင်း သြဂုတ်လ ၅ ရက်နေ့၌ မြစ်ကြီးနားမြို့ YMCA ခန်းမတွင် ပြုလုပ်သော ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပါဝင်ပတ်သက်သူများ အကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ဆိုင်ရာအစည်းအဝေးတွင် IFES မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “တိုင်းနဲ့ ပြည်နယ်အလိုက် ထပ်ပြီး ခွဲလိုက်အချိန်မှာ ကချင်ပြည်နယ်ဟာ မဆိုးတဲ့ထဲမှာ ပါတာပေါ့၊ ကချင်ပြည်နယ် အမြင့်ဆုံးထင်တယ် ၃% သိတဲ့သူများတာပေါ့” ဟု IFES မှ တာဝန်ရှိ သူက ပြောသည်။ ရာခိုင်နှုန်းနိမ့်သည့် ပြည်နယ်နှင့်တိုင်းများမှာ မကွေး၊ ရခိုင်၊ ရှမ်း၊ ကယား၊ မန္တလေး၊ ဧရာဝတီ တို့ဖြစ်ကြောင်း၊ သိရသည်။ နိုင်ငံရေးနှင့်ပက်သက်၍ အမျိုးသားနှင့် အမျိုးသမီးများကိုခွဲခြားပြီး စစ်တမ်း ကောက်ယူ ခဲ့ရာ အမျိးသမီးများက ၄%၊ အမျိုးသားများက ၁၀% ဖြစ်ပြီး အမျိုးသမီးများက အမျိုးသားထက် နိုင်ငံရေးစိတ်ဝင်စားမှု အားနည်းနေကြောင်း ၄င်းက ဆိုသည်။ ဆက်လက်ပြီး မြို့ပြများထက် ကျေးလက်ဒေသများက ရွေးကောက်ပွဲနှင့်ပက်သက်၍ စိတ်ဝင်စားမှု ပိုမိုများကြောင်း သိရသည်။ ၄င်းစစ်တမ်းများကို ဧပြီလ ၃၀ မှ မေ ၂၉ ရက်နေ့အထိ လူဦးရေ လေးသောင်းခန့်ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အချက်အလက်များ အနည်းငယ် ကွဲလွဲမှုများ ရှိနိုင်ကြောင်း သိရသည်။ By Kachinwaves

No comments: