Sunday, August 16, 2015

လွှတ်တော်အမတ်ကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းရန် သူရဦးရွှေမန်းထံ ဦးတင်အေး ထပ်မံစာပို့

လွှတ်တော်အမတ်ကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းရန် သူရဦးရွှေမန်းထံ ဦးတင်အေး ထပ်မံစာပို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ စာပေးပို့ထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲပြီး ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် လည်းကောင်း ပြည်ထောင်စုလွှတ်တော် နာယကထံ လိပ်မူပြီး ပေးပို့ခဲ့သော်လည်း ဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသဖြင့် အမြန်ဆုံး ပြဋ္ဌာန်းပေးရန် သြဂုတ်လ ၁၃ ရက်နေ့တွင် စာပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပေးပို့ခြင်းသည် လေးကြိမ်မြောက် ပေးပို့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းသို့ ထုတ်ပြန်ကြေညာသည့် သြဂုတ်လ ၁၃ ရက်နေ့တွင် တပ်မတော်သား မိသားစု အများဆုံး နေရာ ဇေယျာသီရိ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် တောင်းဆိုခံထားရသော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီက ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခဲ့သည်။ ယင်းနေ့တွင်မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခဲ့ပြီး ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အချို့ကိုလည်း ရာထူးမှ ဖယ်ရှားခဲ့သည်။ သို့သော် သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီက ပြောဆိုထုတ်ပြန်နေချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းသို့ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ “ဒီဥပဒေက လုပ်ပေးသင့်တယ်။ အခြေခံဥပဒေမှာ ပါပြီးသား၊ ဦးရွှေမန်းကိစ္စနဲ့ ဆက်စပ်သလား ဆိုတော့ ပါတီက ပါတီကိစ္စပါ။ လွှတ်တော်က ဥပဒေပြုရမယ့် ကိစ္စပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။ ယင်းကိစ္စသည် သူရဦးရွှေမန်းကို ပါတီက ရာထူးမှ ထုတ်ပယ်လိုက်ခြင်းနှင့် သက်ဆိုင်မှု မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သုံးသပ်သည်။ သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်အပေါ် ပြည်သူပြည်သားများ က အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန်အတွက် ၎င်း၏ ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ တပ်မတော်သား မဲဆန္ဒရှင်ပေါင်း ၁၇၄၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခြင်းဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။ ထို့အပြင် ပေးပို့ထားသောစာတွင် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များကို အရပ်သုံး စကားများဖြင့် ရည်ညွှန်းပုတ်ခတ်ပြောဆိုမှုများ ပြုလုပ်ခြင်းသည် ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦး၏ ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်အပေါ် ပြည်သူပြည်သားများက အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန်အတွက် ၎င်း၏ ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ တပ်မတော်သား မဲဆန္ဒရှင်ပေါင်း ၁၇၄၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခြင်းဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။ အလားတူ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခြင်း မရှိသေးသည့်အပြင် အတိုင်ကြားခံရသော လွှတ်တော်ကိုယ်စားလှယ်ကို မိမိစည်းရုံးရေး ထိရောက်စေရန် ဥပဒေနှင့် မညီစွာ ကာကွယ်စောင့်ရှောက်နေခြင်း ကိစ္စရပ်များသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မှုမပြုသည့် လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းထိုက်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယက တစ်ဦးကို ယင်းသို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် တပ်မတော်သားများ ကြိုးပမ်းခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မေးခွန်းထုတ်ဖွယ် ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဇွန်လ ၁၆ ရက်နေ့တွင် The Voice ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။ “တပ်မတော်အနေနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်တစ်ဦးပေါ်မှာတောင် အဲဒီလို သဘောထားမျိုး ရှိနေရင်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် အလားအလာ မကောင်းနိုင်ဘူး” ဟု ဆိုသည်။ အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း တင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသိန်းဇော်ကိုလည်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အသိပေးခြင်း မရှိသောကြောင့်ဟု ဆိုကာ ၎င်း၏ မဲဆန္ဒနယ် တပ်မတော်သားများ အပါအဝင် မဲဆန္ဒရှင် ၃၅၈၁ ဦးက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် တင်ပြထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က The Voice သို့ အတည်ပြု ဖြေကြားထားသည်။ The Voice Weekly လွှတ်တော်အမတ်ကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းရန် သူရဦးရွှေမန်းထံ ဦးတင်အေး ထပ်မံစာပို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ စာပေးပို့ထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲပြီး ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် လည်းကောင်း ပြည်ထောင်စုလွှတ်တော် နာယကထံ လိပ်မူပြီး ပေးပို့ခဲ့သော်လည်း ဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသဖြင့် အမြန်ဆုံး ပြဋ္ဌာန်းပေးရန် သြဂုတ်လ ၁၃ ရက်နေ့တွင် စာပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပေးပို့ခြင်းသည် လေးကြိမ်မြောက် ပေးပို့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းသို့ ထုတ်ပြန်ကြေညာသည့် သြဂုတ်လ ၁၃ ရက်နေ့တွင် တပ်မတော်သား မိသားစု အများဆုံး နေရာ ဇေယျာသီရိ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် တောင်းဆိုခံထားရသော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီက ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခဲ့သည်။ ယင်းနေ့တွင်မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခဲ့ပြီး ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အချို့ကိုလည်း ရာထူးမှ ဖယ်ရှားခဲ့သည်။ သို့သော် သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီက ပြောဆိုထုတ်ပြန်နေချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းသို့ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ “ဒီဥပဒေက လုပ်ပေးသင့်တယ်။ အခြေခံဥပဒေမှာ ပါပြီးသား၊ ဦးရွှေမန်းကိစ္စနဲ့ ဆက်စပ်သလား ဆိုတော့ ပါတီက ပါတီကိစ္စပါ။ လွှတ်တော်က ဥပဒေပြုရမယ့် ကိစ္စပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။ ယင်းကိစ္စသည် သူရဦးရွှေမန်းကို ပါတီက ရာထူးမှ ထုတ်ပယ်လိုက်ခြင်းနှင့် သက်ဆိုင်မှု မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သုံးသပ်သည်။ သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်အပေါ် ပြည်သူပြည်သားများ က အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန်အတွက် ၎င်း၏ ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ တပ်မတော်သား မဲဆန္ဒရှင်ပေါင်း ၁၇၄၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခြင်းဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။ ထို့အပြင် ပေးပို့ထားသောစာတွင် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များကို အရပ်သုံး စကားများဖြင့် ရည်ညွှန်းပုတ်ခတ်ပြောဆိုမှုများ ပြုလုပ်ခြင်းသည် ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦး၏ ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်အပေါ် ပြည်သူပြည်သားများက အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန်အတွက် ၎င်း၏ ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ တပ်မတော်သား မဲဆန္ဒရှင်ပေါင်း ၁၇၄၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခြင်းဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။ အလားတူ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခြင်း မရှိသေးသည့်အပြင် အတိုင်ကြားခံရသော လွှတ်တော်ကိုယ်စားလှယ်ကို မိမိစည်းရုံးရေး ထိရောက်စေရန် ဥပဒေနှင့် မညီစွာ ကာကွယ်စောင့်ရှောက်နေခြင်း ကိစ္စရပ်များသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မှုမပြုသည့် လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းထိုက်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယက တစ်ဦးကို ယင်းသို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် တပ်မတော်သားများ ကြိုးပမ်းခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မေးခွန်းထုတ်ဖွယ် ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဇွန်လ ၁၆ ရက်နေ့တွင် The Voice ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။ “တပ်မတော်အနေနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်တစ်ဦးပေါ်မှာတောင် အဲဒီလို သဘောထားမျိုး ရှိနေရင်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် အလားအလာ မကောင်းနိုင်ဘူး” ဟု ဆိုသည်။ အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း တင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသိန်းဇော်ကိုလည်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အသိပေးခြင်း မရှိသောကြောင့်ဟု ဆိုကာ ၎င်း၏ မဲဆန္ဒနယ် တပ်မတော်သားများ အပါအဝင် မဲဆန္ဒရှင် ၃၅၈၁ ဦးက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် တင်ပြထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က The Voice သို့ အတည်ပြု ဖြေကြားထားသည်။ The Voice Weekly

No comments: