Sunday, August 16, 2015

ဖဆပလနှစ်ခြမ်းကွဲ သန့်ရှင်း၊ တည်မြဲ နှစ်ပါတီအဓိကနဲ့ ပမညတတို့၊ တသီးပုဂ္ဂလတို့ပါတဲ့ ရွေးကောက်ပွဲအ ကြောင်းလေးကို ထမင်းစားဝိုင်းမှာအဖေပြောပြခဲ့တဲ့ စကားတချို့ကိုမှတ်မိနေပါသေးတယ်

1960လောက်က ဖဆပလနှစ်ခြမ်းကွဲ သန့်ရှင်း၊ တည်မြဲ နှစ်ပါတီအဓိကနဲ့ ပမညတတို့၊ တသီးပုဂ္ဂလတို့ပါတဲ့ ရွေးကောက်ပွဲအ ကြောင်းလေးကို ထမင်းစားဝိုင်းမှာအဖေပြောပြခဲ့တဲ့ စကားတချို့ကိုမှတ်မိနေပါသေးတယ် အဲဒီတုန်းက လက်ရှိအာဏာရ ဖဆပလအစိုးရအဖွဲ့မှာ သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလ ကွဲကြရာက ရွေးကောက်ပွဲက အကြိတ်အနယ် ဖြစ်သွားတာ။ သန့်ရှင်းဖဆပလဥက္ကဋ္ဌ ဦးနုက “သန့်ရှင်းဖဆပလ အနိုင်ရရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းမယ်”ဆိုပြီး မဲဆွယ်ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဆရာတော်ကြီးတွေဆိုတာကလည်း ပိဋကတ်စာပေနဲ့ သာသနာရေးကိစ်္စကလွဲလို့ နိုင်ငံရေးကိစ္စဆိုတာ ဘာသိဘာသာ နေလာကြတာဆိုတော့ “ကြက်ဥအရောင်တို့၊ တိမ်တောင်သဖွယ်” တို့ကို ဘယ်သိမလဲ၊ “သာသနာ တ၀က်၊ မင်းကောင်းတဆက်ဆိုတာ ဒီမင်းမျိုးပဲ”နဲ့ ဖြစ်ကုန်ကြရော။ ပါလီမန်မှာရော အပြင်ဘက်မှာရော ဒီကိစ်္စနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်တာကတော့ ပမညတပါတီက ဦးသိန်းဖေမြင့်တို့၊ ၀ိဓူရသခင်ချစ်မောင်တို့ အုပ်စုလို့သိရပါတယ် သူတို့အကြောင်းပြတာက ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာဝင်တွေချည်း နေတာမဟုတ်ဘူး။ အထူးသဖြင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ တိုင်းရင်းသားတွေ အများစုရှိတဲ့ ကော်သူးလေး(ကယား)၊ ကချင်၊ ချင်းဆိုတဲ့ ပြည်နယ်တွေက မကျေမနပ်ဖြစ်မှာ သေချာတယ်။ ဒါဟာ ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်းပြည်ဖရိုဖရဲဖြစ်ရေး ဦးတည်တဲ့ကိစ္စသာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်၊ ပြောဆို၊ ရေးသားကြတာ။ သူတို့ပါတီကလည်း ဦးနုရဲ့ဒီပျော့ကွက်ကို ကိုင်ပြီး တိုက်ခိုက်စည်းရုံးတယ်ဆိုရမှာပေါ့။ နောက်ပြီး ဘုတလင်ဆိုတာက ဦးသိန်းဖေမြင့်ရဲ့ဇာတိနယ်ပေါ့။ မုံရွာကလည်း သူတို့ဇာတိသား “ညိုမြမှ ညိုမြ”ဆိုတဲ့ အသံတွေ ကျယ်လာသလို၊ ဘုတလင်နယ်ကလည်း ဆရာတော်ကြီးများကလည်း သူတို့နယ်သား “သိန်းဖေမြင့် မှ သိန်းဖေမြင့်ပေါ့ အဲဒီတုန်းက သန့်ရှင်းဖဆပလအဖွဲ့မှာ အတွင်းရေးမှူးလား ဘာလားတော့ မသိဘူး၊ အတော်အရေးလည်းပါသူ စည်းရုံးရေး လည်းကောင်းပြီးစကားပြောကောင်းလှပါတယ်ဆိုတဲ့ သခင်ကျော်ဒွန်းက ဘုတလင်သွားဖို့ ကိစ္စမှာ ဦးသိန်းဖေမြင့်ကိုအနိုင်ရရေးအတွက် ဂိုက်ဆိုက်စတိုင်ကျကျနဲ့ အပြောလည်းကောင်းတဲ့ ဦးကျော်စိန်ဆိုသူကိုစည်းရုံးရေးလုပ်ဖို့ အတွက်အတင်းခေါ်ပါသတဲ့။ ဦးကျော်စိန်က သခင်ကျော်ဒွန်းကို “ဘုတလင်ကိစ်္စက ကျွန်တော်တို့ စည်းရုံးနိုင်ဖို့ သိပ်တော့လွယ်မယ်မထင် ဘူး ဘာလို့လည်းဆိုတော့ ဦးသိန်းဖေမြင့်က သူတို့ဇာတိလည်း ဖြစ်တော့ သူ့နယ်က ဆရာတော်ကြီးတွေက အစ “အစိုးရ မဖွဲ့နိုင်ချင်နေ၊ တို့နယ်သား ထင်ရှားအောင် သိန်းဖေကိုပဲ မဲထည့်ရမယ် ”လို့ပြော ကြသတဲ့။ ဒါနဲ့ သခင်ကျော်ဒွန်းက ပြောတယ် “ဘာမှ မပူပါနဲ့ ကိုကျော်စိန်ရာ))) ဘုန်းကြီးတွေနဲ့ သိန်းဖေမြင့်ကို ရန်တိုက်ပေးလိုက်ရင် ဒီကိစ္စပွဲပြတ် ပြီလို့ပြောပါသတဲ့။ အဲ့လောက်လွယ်ပါ့မလား မထင်ဘူးနော်”လို့ပြောတော့ ဆရာတော်ကြီးတွေ ဆိုတာ “ကွန်မြူနစ်”ဆိုရင် အသံတောင် ကြားချင်ကြတာ မဟုတ်ဘူးကွ" ဒီလူတွေက ဒီဝါဒလက်ခံတဲ့ လူတွေ။ ပြီးတော့ ငါတို့ပါတီနဲ့လည်းသဟဇတ ဖြစ်တဲ့သူတွေမှမဟုတ်တာ “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်ဆိုတော့ဒီကိစ္စကို သိပ်စိတ်ဝင်စားနေကြတာ။ ဒါတွေ အားလုံး တွက်ကြည့်ရင် ဘာမှ ရှည်ရှည်ဝေးဝေးတောင် ပြောစရာမလိုဘူး။ တခွန်း နှစ်ခွန်းနဲ့ ပွဲပြီးသွားမှာပါ” ဆိုပြီး သွားကြတာတာပေါ့ ဟိုရောက်တောဲ့ သခင်ကျော်ဒွန်းက ဂိုဏ်းချုပ်ဆရာတော်ကြီးနဲ့ နယ်တ၀ိုက်က ထင်ရှားတဲ့ ဆရာတော်ကြီး တွေကို ဘယ်လိုလျှောက်လည်းဆိုတော့ အားလူံးရှေ့မွှာ “တပည့်တော် အခုလာတာက တပည့်တော်တို့ပါတီအတွက် လုံးဝမဟုတ်ပါဘူးဘုရား။ အရှင်ဘုရားတို့ တပည့်တော်တို့ ကိုးကွယ်အားထားရာ သာသနာတော်အတွက် သက်သက် ပဲဖြစ်ပါတယ်ဘုရာဲး ဒီနယ်ဟာ ဦးသိန်းဖေမြင့်ရဲ့ဇာတိဖြစ်သလို ဒီနယ်ကဆရာတော် သံဃာတော်များကပါ ဦးသိန်းဖေမြင့်ကိုပဲ အမတ်ဖြစ်ဖို့ လိုလားကြတယ်ဆိုတာ ကြားသိရပါတယ် တပည့်တော်တို့ပါတီအနေနဲ့ ဆရာတော် သံဃာတော်များရဲ့ ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်ဘက် မလုပ်လိုပါဘူးဘုရား။ တပည့်တော်တို့ပါတီက ရတနာသုံးပါး ဦးထိပ်ထားတဲ့ပါတီပါ။ တကယ်လို့ ဆရာတော်များ အနေနဲ့ ၀င်မပြိုင်ပါနဲ့ဆိုရင်တောင် မပြိုင်ပါဘူးဘုရား။ တပည့်တော်တို့အခု လာတာကတော့ တပည့်တော်တို့ဥက္ကဋ္ဌကြီးက သူ့ဝန်ကြီးချုပ်ဖြစ်ရင် “ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြဋ္ဌာန်းမယ်”ဆိုတာကို ဆရာတော်များလည်း သိပြီးဖြစ်မှာပါ ဘုရား ဒါဟာတကယ်ဖြစ်သင့်ပါတယ်ဘုရား တတိယသံဃာယနာတင်ခဲ့တဲ့ သာသနာ့ဒါယကာဖြစ်တဲ့ သီရိဓမ္မာ အာသောကမင်းတရားကြီးတောင် လုပ်ဆောင်နိုင်ခဲ့တာမဟုတ်ပါဘူးဘုရား ဒါပေမဲ့ ဆဋ္ဌသံဂါယနာတင် သာသနာ့ဒါယကာကြီး လက် ထက်ရောက်မှ လုပ်ဆောင်မှာဖြစ် တဲ့အတွက် ဒါဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံ တနိုင်ငံအနေနဲ့ အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကိစ္စဖြစ် ပါတယ် ဒါ့ေုကြာင့်လည်း တနိုင်ငံလုံးရှိ ဆရာတော် သံဃာတော်များဟာ နှစ်ထောင်းအားရဖြစ် နေကြပါတယ် ဘုရား ဒါ့ကြောင့် ဆရာတော် သံဃာတော်တို့ရဲ့စကားကို ဦးထိပ်ထားကြတဲ့ တပြည်လုံးရှိ မဲဆန်္ဒရှင်များကလည်းသဘောကျတဲ့ အတွက် တပည့်တော်တို့ပါတီကို မဲပေးဖို့ သေချာသလောက်ဖြစ်ပါတယ်။ ဒါပေမဲ့အရှင်ဘုရား ဆရာတော်များ သိတော်မူတဲ့အတိုင်း ဦးသိန်းဖေမြင့်ဆိုတာ စကားအရာမှာ ပြောတတ်၊ ဆိုတတ်၊ အစွမ်းအလွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တဦးဆိုတော့ တပည့်တော်တို့ ၀န်ကြီးချုပ်က ဒီအဆိုကိုတင်သွင်းတဲ့ အခါမှာ အရှင်ဘုရား တို့နယ်က ရွေးချယ်တင်မြောက်တဲ့ အမတ်က ကန့်ကွက်ခဲ့ရင် သူတို့လို စကားတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ စကားနောက် ကျန်တဲ့အမတ်တွေပါ ယိမ်းယိုင်သွားနိုင်ပါတယ်။ အဲဒီလို မဖြစ်ဖို့အတွက် ဆရာတော်တွေက ကြိုတင်သြ၀ါဒ ပေးထားမယ်ဆိုပါရင် ဒါဟာ နိုင်ငံတော်နဲ့ သာသနာတော်အတွက် အရှင်ဘုရားတို့ကူညီဆောင်ရွက်လိုက် ရာကြပါတယ်အရှင်ဘုရား ဒီလိုလည်းလျှောက်တင်လ်ိုက်ရော သံဃာအားလုံးက “ဟာ .. ဒါတော့ ဘယ်အဖြစ်ခံမလဲ၊ ဒါဟာ ကျုပ်တို့ သာသနာတော် ကိစ္စပဲ၊ ဒီလိုအရေးကြီးတဲ့ သာသနာရေးကိစ္စ ကိုဖျက်လိုဖျက်စီးလုပ်လို့ကတော့ တနယ်လုံး သံဃာနဲ့တွေ့သွားမှာပေါ့” ဆိုပြီးဖြစ်ကုန်ကြပါသတဲ့။ အရှင်ဘုရား ဒီနယ်က တော့ ပြောစရာ မရှိပါဘူးဘုရား၊ ကိုသိန်းဖေမြင့်ဆိုတာက တပည့်တော်တို့ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က အမြဲချီးကျူးနေတဲ့လူတဦးပါ။ ဒါပေမယ့် သူက ကွန်မြူနစ်ဝါဒ ခပ်သန်သန်ဖြစ်နေတာဆိုတော့ တပည့်တော်တို့ရဲ့ သာသနာရေး ရည်မှန်းချက်ကြီး ကို ထိခိုက်မှာစိုးတာတခုပါပဲ။ ဒီလိုလည်းပြောလိုက်ပါရော် “အေး .. စိတ်ချ ရွေးကောက်ပွဲမတိုင်ခင် သူနဲ့ ငါတို့ ကြိုတင်ညှိနှိုင်းမယ်၊ ဆွေးနွေးမယ် ဒီကိစ္စကိုသာဖျက်လိုဖျက်စီးလုပ်ကတော့ တနယ်လုံး မဲတပြားမှ မရစေရဘူး” ဆိုပြီးပြောတော့တာပါပဲ။ အဲ့ဒီနောက်မှာဆရာတော်တွေနဲ့ ဦးသိန်းဖေမြင့်နဲ့ ညှိလို့ မရခဲ့ပါဘူး ဦးကျော်ဒွန်းတို့က သံဃာတော်တွေရဲ့အညှာကိုကိုင် လိုက်နိုင်တာမို့ ၊ ဦးသိန်းဖေမြင့်လို နိုင်ငံရေး အသိပညာရှင် တဦးဟာရှုံးနိမ့်ခဲ့ရပါတယ် နောက်ဆုံးမှာ သန့်ရှင်းဖဆပလ အပြတ်အသတ် အနိုင်ရခဲ့ပါတယ် လွှတ်တော်အစည်း အဝေးမှာ ဦးနုဟာသူပေးထားတဲ့ကတိအတိုင်း သူ့အဆိုကို တင်သွင်းပါတယ်။ တိုင်းရင်းသားများဖြစ်ကြတဲ့ ချင်း၊ ကချင်၊ ကယားတို့က ထင်တဲ့အတိုင်း အပြင်းအထန် ကန့်ကွက်ကြရာက မပြေမလည် ဖြစ်လာတော့ တယ်။ ပင်လုံစာချုပ်ပါ ဖယ်ဒရယ်မူအရ ခွဲထွက်ရေးတို့ ဘာတို့ဆိုတဲ့ အသံတွေ တိုင်းရင်းသားတွေဆီကထွက်လာပါ တော့တယ်။ ဒါနဲ့ပဲ ဗိုလ်ချုပ်ကြီးနေ၀င်းက “ပြည်ထောင်စု ပြိုကွဲတော့မည် တိုင်းပြည်ချောက်ထဲ မကျမှီ ကယ်တင်ရမယ်”ဆိုပြီး အာဏာသိမ်းလိုက်ရာက ဒီနေ့အထိစစ်အာဏာရှင်စနစ်ဟာ ရှင်သန်နေတာဖြစ်ပါတယ် ပြောချင်တာကတော့ ဒီနေ့မြန်မာနိုင်ငံမှာဒီနေ့အဖြစ်အပျက် တွေဟာ ဖ ဆ ပ လ ခေတ်နဲ့မခြား ထိုနည်း၎င်းတွေကိုမြင်တွေကြမှာဖြစ်ပါ တယ် ဒီ ဖြစ်ပျက်နေပုံတွေကို နှိုင်းယှဉ်ပြီး ဒီနေ့စဉ်းစားကြည့်နိုင်အောင် သူများပြောတိုင်း လက်မခံရအောင် တင်ပြပေးရခြင်းပါပဲ။ ဘာသာစုံကို ကိုးကွယ်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဦးနုက ဗုဒ္ဓဘာသာတခုတည်းရဲ့ နိုင်ငံဖြစ်ရေး ကြွေးကြော်တယ်။ ဒါကို နိုင်ငံရေး အမြော်အမြင်ရှိတဲ့ ဦးသိန်းဖေမြင့်တို့က ဆန့်ကျင်တယ်။ သခင်ကျော်ဒွန်းတို့က ဆန့်ကျင်သူနဲ့ ဘုန်းကြီးတွေကို ရန်တိုက်ပေးပြီး နိုင်ငံရေး အမြတ်ထုတ်သွားတယ်။ ဒါပဲ။ နိုင်ငံရေးဆိုတာ ဒီနေ့အထိဒီလိုနည်းတွေသုံးနေကြတုန်း ပါပဲ။ ဘာသာတရားကိုဒီနေအထိနိုင်ငံရေး မှာအသုံးချနေတာကိုတွေ့မြင်ကြရပါ ဘာသာရေးလူမျိုးရေးတွေဟာ အင်မတန်မှထိလွယ်ရှလွယ်တာ ဖြစ်ပါတယ် ဒါ့ကြောင့်လည်း Nldနဲ့သံဃာတွေကိုရန်တ်ိုက်ပေးသလို ဖြစ်ခဲ့တဲ့ဇတ်ကွက်တွေကို ဖ ဆ ပ လခေတ်ကိုမှီတဲ့ရှေ့မှီနောက်မှီ သမားတွေကမြင်ကြပါယ် ထူးခြားတဲ့ဇတ်ကွက်မဟုတ်ပဲ ရှိရင်းဇတ်ကွက်ကိုသာခင်းသွားတာဖြစ် ပါတယ် ဒါကိုဒီနေ့ခေတ်လူငယ်တွေက ဘုမသိ ဘမသိနဲ့ အမျိုးဘာသာ သာသနာဆိုတာကြွေး ကြော်နေတော့ တိုင်းရင်းသာပေါင်းစုံတည်ရှိနေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ငြိမ်းချမ်းစွာရပ်တည်နိုင်မှုနည်းသွာပါ သည်။ တိုင်းပြည်မငြိမ်းချမ်းလျှင်ငြိမ်းချမ်းစွာရပ် တည်နိုင်ဖို့ဖြေရှင်းပေးမဲ့ကယ်တင်ရှင် ထိုနည်း၎င်းဆိုသလို စစ်တပ်သာရှိပါတယ် ပြောချင်တာကတော့ ပြည်သူအများဟာ မြန်မာသမိုင်းကိုသိရှိကြဖို့လိုပါတယ် ဒါမှသာ ဝေဖန်ပိုင်းခြားပြီးစဉ်ခြင်တုံတရားနဲ့အမှားအမှန်ကိုခွဲခြာနိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်ု with စစ်မှန်သော ဒီမိုကရေစီ လိုလားသူ စုချစ် သမီး စု ချစ် သမီး Khutdawn Thway Tin Ag Hlaing 1960လောက်က ဖဆပလနှစ်ခြမ်းကွဲ သန့်ရှင်း၊ တည်မြဲ နှစ်ပါတီအဓိကနဲ့ ပမညတတို့၊ တသီးပုဂ္ဂလတို့ပါတဲ့ ရွေးကောက်ပွဲအ ကြောင်းလေးကို ထမင်းစားဝိုင်းမှာအဖေပြောပြခဲ့တဲ့ စကားတချို့ကိုမှတ်မိနေပါသေးတယ် အဲဒီတုန်းက လက်ရှိအာဏာရ ဖဆပလအစိုးရအဖွဲ့မှာ သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလ ကွဲကြရာက ရွေးကောက်ပွဲက အကြိတ်အနယ် ဖြစ်သွားတာ။ သန့်ရှင်းဖဆပလဥက္ကဋ္ဌ ဦးနုက “သန့်ရှင်းဖဆပလ အနိုင်ရရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းမယ်”ဆိုပြီး မဲဆွယ်ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဆရာတော်ကြီးတွေဆိုတာကလည်း ပိဋကတ်စာပေနဲ့ သာသနာရေးကိစ်္စကလွဲလို့ နိုင်ငံရေးကိစ္စဆိုတာ ဘာသိဘာသာ နေလာကြတာဆိုတော့ “ကြက်ဥအရောင်တို့၊ တိမ်တောင်သဖွယ်” တို့ကို ဘယ်သိမလဲ၊ “သာသနာ တ၀က်၊ မင်းကောင်းတဆက်ဆိုတာ ဒီမင်းမျိုးပဲ”နဲ့ ဖြစ်ကုန်ကြရော။ ပါလီမန်မှာရော အပြင်ဘက်မှာရော ဒီကိစ်္စနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်တာကတော့ ပမညတပါတီက ဦးသိန်းဖေမြင့်တို့၊ ၀ိဓူရသခင်ချစ်မောင်တို့ အုပ်စုလို့သိရပါတယ် သူတို့အကြောင်းပြတာက ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာဝင်တွေချည်း နေတာမဟုတ်ဘူး။ အထူးသဖြင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ တိုင်းရင်းသားတွေ အများစုရှိတဲ့ ကော်သူးလေး(ကယား)၊ ကချင်၊ ချင်းဆိုတဲ့ ပြည်နယ်တွေက မကျေမနပ်ဖြစ်မှာ သေချာတယ်။ ဒါဟာ ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်းပြည်ဖရိုဖရဲဖြစ်ရေး ဦးတည်တဲ့ကိစ္စသာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်၊ ပြောဆို၊ ရေးသားကြတာ။ သူတို့ပါတီကလည်း ဦးနုရဲ့ဒီပျော့ကွက်ကို ကိုင်ပြီး တိုက်ခိုက်စည်းရုံးတယ်ဆိုရမှာပေါ့။ နောက်ပြီး ဘုတလင်ဆိုတာက ဦးသိန်းဖေမြင့်ရဲ့ဇာတိနယ်ပေါ့။ မုံရွာကလည်း သူတို့ဇာတိသား “ညိုမြမှ ညိုမြ”ဆိုတဲ့ အသံတွေ ကျယ်လာသလို၊ ဘုတလင်နယ်ကလည်း ဆရာတော်ကြီးများကလည်း သူတို့နယ်သား “သိန်းဖေမြင့် မှ သိန်းဖေမြင့်ပေါ့ အဲဒီတုန်းက သန့်ရှင်းဖဆပလအဖွဲ့မှာ အတွင်းရေးမှူးလား ဘာလားတော့ မသိဘူး၊ အတော်အရေးလည်းပါသူ စည်းရုံးရေး လည်းကောင်းပြီးစကားပြောကောင်းလှပါတယ်ဆိုတဲ့ သခင်ကျော်ဒွန်းက ဘုတလင်သွားဖို့ ကိစ္စမှာ ဦးသိန်းဖေမြင့်ကိုအနိုင်ရရေးအတွက် ဂိုက်ဆိုက်စတိုင်ကျကျနဲ့ အပြောလည်းကောင်းတဲ့ ဦးကျော်စိန်ဆိုသူကိုစည်းရုံးရေးလုပ်ဖို့ အတွက်အတင်းခေါ်ပါသတဲ့။ ဦးကျော်စိန်က သခင်ကျော်ဒွန်းကို “ဘုတလင်ကိစ်္စက ကျွန်တော်တို့ စည်းရုံးနိုင်ဖို့ သိပ်တော့လွယ်မယ်မထင် ဘူး ဘာလို့လည်းဆိုတော့ ဦးသိန်းဖေမြင့်က သူတို့ဇာတိလည်း ဖြစ်တော့ သူ့နယ်က ဆရာတော်ကြီးတွေက အစ “အစိုးရ မဖွဲ့နိုင်ချင်နေ၊ တို့နယ်သား ထင်ရှားအောင် သိန်းဖေကိုပဲ မဲထည့်ရမယ် ”လို့ပြော ကြသတဲ့။ ဒါနဲ့ သခင်ကျော်ဒွန်းက ပြောတယ် “ဘာမှ မပူပါနဲ့ ကိုကျော်စိန်ရာ))) ဘုန်းကြီးတွေနဲ့ သိန်းဖေမြင့်ကို ရန်တိုက်ပေးလိုက်ရင် ဒီကိစ္စပွဲပြတ် ပြီလို့ပြောပါသတဲ့။ အဲ့လောက်လွယ်ပါ့မလား မထင်ဘူးနော်”လို့ပြောတော့ ဆရာတော်ကြီးတွေ ဆိုတာ “ကွန်မြူနစ်”ဆိုရင် အသံတောင် ကြားချင်ကြတာ မဟုတ်ဘူးကွ" ဒီလူတွေက ဒီဝါဒလက်ခံတဲ့ လူတွေ။ ပြီးတော့ ငါတို့ပါတီနဲ့လည်းသဟဇတ ဖြစ်တဲ့သူတွေမှမဟုတ်တာ “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်ဆိုတော့ဒီကိစ္စကို သိပ်စိတ်ဝင်စားနေကြတာ။ ဒါတွေ အားလုံး တွက်ကြည့်ရင် ဘာမှ ရှည်ရှည်ဝေးဝေးတောင် ပြောစရာမလိုဘူး။ တခွန်း နှစ်ခွန်းနဲ့ ပွဲပြီးသွားမှာပါ” ဆိုပြီး သွားကြတာတာပေါ့ ဟိုရောက်တောဲ့ သခင်ကျော်ဒွန်းက ဂိုဏ်းချုပ်ဆရာတော်ကြီးနဲ့ နယ်တ၀ိုက်က ထင်ရှားတဲ့ ဆရာတော်ကြီး တွေကို ဘယ်လိုလျှောက်လည်းဆိုတော့ အားလူံးရှေ့မွှာ “တပည့်တော် အခုလာတာက တပည့်တော်တို့ပါတီအတွက် လုံးဝမဟုတ်ပါဘူးဘုရား။ အရှင်ဘုရားတို့ တပည့်တော်တို့ ကိုးကွယ်အားထားရာ သာသနာတော်အတွက် သက်သက် ပဲဖြစ်ပါတယ်ဘုရာဲး ဒီနယ်ဟာ ဦးသိန်းဖေမြင့်ရဲ့ဇာတိဖြစ်သလို ဒီနယ်ကဆရာတော် သံဃာတော်များကပါ ဦးသိန်းဖေမြင့်ကိုပဲ အမတ်ဖြစ်ဖို့ လိုလားကြတယ်ဆိုတာ ကြားသိရပါတယ် တပည့်တော်တို့ပါတီအနေနဲ့ ဆရာတော် သံဃာတော်များရဲ့ ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်ဘက် မလုပ်လိုပါဘူးဘုရား။ တပည့်တော်တို့ပါတီက ရတနာသုံးပါး ဦးထိပ်ထားတဲ့ပါတီပါ။ တကယ်လို့ ဆရာတော်များ အနေနဲ့ ၀င်မပြိုင်ပါနဲ့ဆိုရင်တောင် မပြိုင်ပါဘူးဘုရား။ တပည့်တော်တို့အခု လာတာကတော့ တပည့်တော်တို့ဥက္ကဋ္ဌကြီးက သူ့ဝန်ကြီးချုပ်ဖြစ်ရင် “ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြဋ္ဌာန်းမယ်”ဆိုတာကို ဆရာတော်များလည်း သိပြီးဖြစ်မှာပါ ဘုရား ဒါဟာတကယ်ဖြစ်သင့်ပါတယ်ဘုရား တတိယသံဃာယနာတင်ခဲ့တဲ့ သာသနာ့ဒါယကာဖြစ်တဲ့ သီရိဓမ္မာ အာသောကမင်းတရားကြီးတောင် လုပ်ဆောင်နိုင်ခဲ့တာမဟုတ်ပါဘူးဘုရား ဒါပေမဲ့ ဆဋ္ဌသံဂါယနာတင် သာသနာ့ဒါယကာကြီး လက် ထက်ရောက်မှ လုပ်ဆောင်မှာဖြစ် တဲ့အတွက် ဒါဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံ တနိုင်ငံအနေနဲ့ အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကိစ္စဖြစ် ပါတယ် ဒါ့ေုကြာင့်လည်း တနိုင်ငံလုံးရှိ ဆရာတော် သံဃာတော်များဟာ နှစ်ထောင်းအားရဖြစ် နေကြပါတယ် ဘုရား ဒါ့ကြောင့် ဆရာတော် သံဃာတော်တို့ရဲ့စကားကို ဦးထိပ်ထားကြတဲ့ တပြည်လုံးရှိ မဲဆန်္ဒရှင်များကလည်းသဘောကျတဲ့ အတွက် တပည့်တော်တို့ပါတီကို မဲပေးဖို့ သေချာသလောက်ဖြစ်ပါတယ်။ ဒါပေမဲ့အရှင်ဘုရား ဆရာတော်များ သိတော်မူတဲ့အတိုင်း ဦးသိန်းဖေမြင့်ဆိုတာ စကားအရာမှာ ပြောတတ်၊ ဆိုတတ်၊ အစွမ်းအလွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တဦးဆိုတော့ တပည့်တော်တို့ ၀န်ကြီးချုပ်က ဒီအဆိုကိုတင်သွင်းတဲ့ အခါမှာ အရှင်ဘုရား တို့နယ်က ရွေးချယ်တင်မြောက်တဲ့ အမတ်က ကန့်ကွက်ခဲ့ရင် သူတို့လို စကားတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ စကားနောက် ကျန်တဲ့အမတ်တွေပါ ယိမ်းယိုင်သွားနိုင်ပါတယ်။ အဲဒီလို မဖြစ်ဖို့အတွက် ဆရာတော်တွေက ကြိုတင်သြ၀ါဒ ပေးထားမယ်ဆိုပါရင် ဒါဟာ နိုင်ငံတော်နဲ့ သာသနာတော်အတွက် အရှင်ဘုရားတို့ကူညီဆောင်ရွက်လိုက် ရာကြပါတယ်အရှင်ဘုရား ဒီလိုလည်းလျှောက်တင်လ်ိုက်ရော သံဃာအားလုံးက “ဟာ .. ဒါတော့ ဘယ်အဖြစ်ခံမလဲ၊ ဒါဟာ ကျုပ်တို့ သာသနာတော် ကိစ္စပဲ၊ ဒီလိုအရေးကြီးတဲ့ သာသနာရေးကိစ္စ ကိုဖျက်လိုဖျက်စီးလုပ်လို့ကတော့ တနယ်လုံး သံဃာနဲ့တွေ့သွားမှာပေါ့” ဆိုပြီးဖြစ်ကုန်ကြပါသတဲ့။ အရှင်ဘုရား ဒီနယ်က တော့ ပြောစရာ မရှိပါဘူးဘုရား၊ ကိုသိန်းဖေမြင့်ဆိုတာက တပည့်တော်တို့ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က အမြဲချီးကျူးနေတဲ့လူတဦးပါ။ ဒါပေမယ့် သူက ကွန်မြူနစ်ဝါဒ ခပ်သန်သန်ဖြစ်နေတာဆိုတော့ တပည့်တော်တို့ရဲ့ သာသနာရေး ရည်မှန်းချက်ကြီး ကို ထိခိုက်မှာစိုးတာတခုပါပဲ။ ဒီလိုလည်းပြောလိုက်ပါရော် “အေး .. စိတ်ချ ရွေးကောက်ပွဲမတိုင်ခင် သူနဲ့ ငါတို့ ကြိုတင်ညှိနှိုင်းမယ်၊ ဆွေးနွေးမယ် ဒီကိစ္စကိုသာဖျက်လိုဖျက်စီးလုပ်ကတော့ တနယ်လုံး မဲတပြားမှ မရစေရဘူး” ဆိုပြီးပြောတော့တာပါပဲ။ အဲ့ဒီနောက်မှာဆရာတော်တွေနဲ့ ဦးသိန်းဖေမြင့်နဲ့ ညှိလို့ မရခဲ့ပါဘူး ဦးကျော်ဒွန်းတို့က သံဃာတော်တွေရဲ့အညှာကိုကိုင် လိုက်နိုင်တာမို့ ၊ ဦးသိန်းဖေမြင့်လို နိုင်ငံရေး အသိပညာရှင် တဦးဟာရှုံးနိမ့်ခဲ့ရပါတယ် နောက်ဆုံးမှာ သန့်ရှင်းဖဆပလ အပြတ်အသတ် အနိုင်ရခဲ့ပါတယ် လွှတ်တော်အစည်း အဝေးမှာ ဦးနုဟာသူပေးထားတဲ့ကတိအတိုင်း သူ့အဆိုကို တင်သွင်းပါတယ်။ တိုင်းရင်းသားများဖြစ်ကြတဲ့ ချင်း၊ ကချင်၊ ကယားတို့က ထင်တဲ့အတိုင်း အပြင်းအထန် ကန့်ကွက်ကြရာက မပြေမလည် ဖြစ်လာတော့ တယ်။ ပင်လုံစာချုပ်ပါ ဖယ်ဒရယ်မူအရ ခွဲထွက်ရေးတို့ ဘာတို့ဆိုတဲ့ အသံတွေ တိုင်းရင်းသားတွေဆီကထွက်လာပါ တော့တယ်။ ဒါနဲ့ပဲ ဗိုလ်ချုပ်ကြီးနေ၀င်းက “ပြည်ထောင်စု ပြိုကွဲတော့မည် တိုင်းပြည်ချောက်ထဲ မကျမှီ ကယ်တင်ရမယ်”ဆိုပြီး အာဏာသိမ်းလိုက်ရာက ဒီနေ့အထိစစ်အာဏာရှင်စနစ်ဟာ ရှင်သန်နေတာဖြစ်ပါတယ် ပြောချင်တာကတော့ ဒီနေ့မြန်မာနိုင်ငံမှာဒီနေ့အဖြစ်အပျက် တွေဟာ ဖ ဆ ပ လ ခေတ်နဲ့မခြား ထိုနည်း၎င်းတွေကိုမြင်တွေကြမှာဖြစ်ပါ တယ် ဒီ ဖြစ်ပျက်နေပုံတွေကို နှိုင်းယှဉ်ပြီး ဒီနေ့စဉ်းစားကြည့်နိုင်အောင် သူများပြောတိုင်း လက်မခံရအောင် တင်ပြပေးရခြင်းပါပဲ။ ဘာသာစုံကို ကိုးကွယ်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဦးနုက ဗုဒ္ဓဘာသာတခုတည်းရဲ့ နိုင်ငံဖြစ်ရေး ကြွေးကြော်တယ်။ ဒါကို နိုင်ငံရေး အမြော်အမြင်ရှိတဲ့ ဦးသိန်းဖေမြင့်တို့က ဆန့်ကျင်တယ်။ သခင်ကျော်ဒွန်းတို့က ဆန့်ကျင်သူနဲ့ ဘုန်းကြီးတွေကို ရန်တိုက်ပေးပြီး နိုင်ငံရေး အမြတ်ထုတ်သွားတယ်။ ဒါပဲ။ နိုင်ငံရေးဆိုတာ ဒီနေ့အထိဒီလိုနည်းတွေသုံးနေကြတုန်း ပါပဲ။ ဘာသာတရားကိုဒီနေအထိနိုင်ငံရေး မှာအသုံးချနေတာကိုတွေ့မြင်ကြရပါ ဘာသာရေးလူမျိုးရေးတွေဟာ အင်မတန်မှထိလွယ်ရှလွယ်တာ ဖြစ်ပါတယ် ဒါ့ကြောင့်လည်း Nldနဲ့သံဃာတွေကိုရန်တ်ိုက်ပေးသလို ဖြစ်ခဲ့တဲ့ဇတ်ကွက်တွေကို ဖ ဆ ပ လခေတ်ကိုမှီတဲ့ရှေ့မှီနောက်မှီ သမားတွေကမြင်ကြပါယ် ထူးခြားတဲ့ဇတ်ကွက်မဟုတ်ပဲ ရှိရင်းဇတ်ကွက်ကိုသာခင်းသွားတာဖြစ် ပါတယ် ဒါကိုဒီနေ့ခေတ်လူငယ်တွေက ဘုမသိ ဘမသိနဲ့ အမျိုးဘာသာ သာသနာဆိုတာကြွေး ကြော်နေတော့ တိုင်းရင်းသာပေါင်းစုံတည်ရှိနေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ငြိမ်းချမ်းစွာရပ်တည်နိုင်မှုနည်းသွာပါ သည်။ တိုင်းပြည်မငြိမ်းချမ်းလျှင်ငြိမ်းချမ်းစွာရပ် တည်နိုင်ဖို့ဖြေရှင်းပေးမဲ့ကယ်တင်ရှင် ထိုနည်း၎င်းဆိုသလို စစ်တပ်သာရှိပါတယ် ပြောချင်တာကတော့ ပြည်သူအများဟာ မြန်မာသမိုင်းကိုသိရှိကြဖို့လိုပါတယ် ဒါမှသာ ဝေဖန်ပိုင်းခြားပြီးစဉ်ခြင်တုံတရားနဲ့အမှားအမှန်ကိုခွဲခြာနိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်ု

No comments: