Sunday, August 16, 2015

မြန်မာ့လူ့ဘောင်ရဲ့ အဓိကပြဿနာဟာ အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် စစ်ဘက်- အရပ်ဘက်ဆက်ဆံရေး ချောမွေ့စေရေးပဲဖြစ်ပါတယ်။

with စစ်မှန်သော ဒီမိုကရေစီ လိုလားသူ စုချစ် သား စုချစ် သမီး စု ချစ် သမီး Khutdawn Thway ဒီမိုကရေစီ ဘက်တော် သား Tin Ag Hlaing ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲ အလွန် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး မြန်မာ့လူ့ဘောင်ရဲ့ အဓိကပြဿနာဟာ အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် စစ်ဘက်- အရပ်ဘက်ဆက်ဆံရေး ချောမွေ့စေရေးပဲဖြစ်ပါတယ်။ ဒါဟာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန်ရဲ့ ပြဿနာပါ။ တစ်သက်လုံးက ဝါဒဖြန့်ချိ ရေးရောဂါ ကြောင့် လွတ်လပ်စွာ ပြောရေးဆိုခွင့်နာလန်မထူတတ် သေးချိန်မို့ ဘယ်သူကပဲဖြစ်ဖြစ် တစ်ခုခုပြောလိုက်တာနဲ့ ဘယ် ဘက်က ရပ်ပြောတာပဲလို့ ‘ဘက်’ တံဆိပ်ကပ်တတ်တဲ့ ဉာဉ်ကလည်း အရိုးစွဲနေကြတာကိုး။ နောက်တစ်ခါ လွတ်လပ်စွာပြော ရေးဆိုခွင့်ကို အနက်မှန်အောင် မဖွင့်နိုင်ကြလေတော့ ကောင်းစေချင်လို့ပြောတာဆိုတဲ့ ပေတံ မဟုတ်တဲ့ ပေတံကြီးကိုင်ကိုင်ပြီး ကိုယ့်အာဘော်ကို လူတကာလက်မခံရင် ရိုက်ဖွယ် မှားတယ်ဖြစ်တဲ့အထိ လွတ်လပ်စွာဝါဒဖြန့်ချင်ကြ တာကလည်း ‘ဘက်’တိုင်းကပဲ လို့ဆိုရပါမယ်။ လတ်တလော အခင်းအ ကျင်းတွေကိုကြည့်ရင် အကွဲအပြဲ နောင်ဂျိန်တွေက ဘက်တိုင်းက နေ မြည်နေ၊ အော်နေပါတယ်။ အဲ ဒါကတော့ ပြည်ခိုင်ဖြိုးမှာ လွှတ် တော် ပါတီဂိုဏ်းနဲ့ အစိုးရ-တစ် ကိုယ်တော်ဂိုဏ်းတွေဆိုပြီးကွဲတဲ့ အခါ စစ်ဘက်က အသည်းနာ ကြောင်းအော်ပြီး လွှတ်တော်- ပါတီဂိုဏ်းကို ကြိမ်းလားခြောက် လားလုပ်ခဲ့ရာက အခုနောက်ဆုံး တော့ အားလုံးသိကြတဲ့အတိုင်း ပြည်ခိုင်ဖြိုးလည်း အပြောင်းအလဲ တွေအများကြီးကို ညကြီးအချိန်မတော် တွေ့ကြုံလာခဲ့ပြီဖြစ်ပါ တယ်။ စစ်ဘက်က ပြည်ခိုင်ဖြိုးကို အကွဲအပြဲမဖြစ်အောင် အင်အား သုံးပြီး ဆွဲစေ့ပေးတဲ့သဘောမျိုး ဆိုရမလားပါပဲ။ တကယ်တော့ ဒီထက်မက နက်ရှိုင်းတဲ့ ပုဂ္ဂိုလ်ရေး၊ ငွေရေးကြေးရေး၊ အနာဂတ် ရေးရာဆိုင်ရာ ပြဿနာတွေ အဆုံးသတ်သွားအောင် အချင်းချင်းအာဏာပြန်ရုပ်သိမ်းတဲ့ သဘောတွေဖြစ်လာတဲ့အထိ ပြည်ခိုင်ဖြိုးမှာ ခြင်္သေ့တွေ အများကြီးရှိနေတာ ငြင်းမရပါဘူး။ တစ်ကိုယ်တော်ခြင်္သေ့နဲ့ ဂိုဏ်းအားကောင်းခြင်္သေ့၊ သစ္စာမြဲခြင်္သေ့နဲ့ ကိုယ်လွတ်ရုန်းအကြံသမား ခြင်္သေ့ဆိုတာမျိုး ပေါများနေရတာက စစ်တပ်အနေနဲ့ ပြည်ခိုင်ဖြိုးကို အင်အားတောင့်စေချင်လို့ တပ်ထဲက စွမ်းသူတွေအများကြီးကို အဲဒီမှာ နေရာချထားခဲ့တာကြောင့် လည်း ဖြစ်ပါတယ်။ ထားပါတော့ မကြာသေးခင်ကလည်း ဒီချုပ်ကကိုယ်စားလှယ်လောင်းစာရင်း ထွက်လာတော့လည်း နောင်ဂျိန်သံတွေ၊ ဗြောင်ထိန်သံတွေ ညံလာခဲ့ပါတယ်။ ဒီစာရင်းမှာ ထင်ရှားသိသာတာကတော့ ရွေးကောက်ပွဲစာရင်းတင်မယ့် ကိုယ်စားလှယ် လောင်းတွေထဲမှာ ဆရာဝန်တွေ တော်တော်များများပါတာပါ။ အဲဒီစာရင်းထွက်ပြီးတဲ့အချိန်မှာ ရေဘေးကြောင့် မီဒီယာတွေရှုပ် နေလေတော့ ဒီစာရင်းနဲ့ပတ်သက် တဲ့ ဆူညံပူညံသံတွေ စာမျက်နှာပေါ်ကို သိပ်အများကြီးရောက် မလာခဲ့ပါဘူး။ ဖေ့စ်ဘွတ်ခ်မှာ ရေဘေးသတင်းတွေလှိုင်ဘောလယ် ရှုပ်နေချိန်မှာ ရောက်လာတဲ့ သတင်းကတော့ တပ်မတော်သားအရာရှိတွေကို အရပ်ဘက်ကျန်း မာရေးဦးစီးဌာနဘက်က အရေးကြီးတဲ့အုပ်ချုပ်ရေးနဲ့ ကုသရေးရာထူးကြီးတွေကို ခန့်အပ်တယ် ဆိုတဲ့ စာတွေပဲဖြစ်ပါတယ်။ ဒီချုပ်ကိုယ်စားလှယ်လောင်းအတည် ပြုတဲ့ ရက်မတိုင်ခင် ရက်စွဲတွေနဲ့ စာတွေဖြစ်ပေမယ့် အခုရက်ပိုင်းကျမှ ဒီစာတွေလူမြင်ကွင်းထဲ ရောက်လာတဲ့ အခါ တုံ့ပြန်မှုတွေကလည်း လှိုင်းကြီးလေထန်ဖြစ် လာခဲ့ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာကတော့ အရပ်ဘက် ဝန်ထမ်းဆရာဝန်တွေအပြင် တခြားပညာတတ်များကပါ ဒီလို စစ်ဘက်အရာရှိတွေကို အရပ် ဘက်ရာထူးကြီးတွေ ခန့်အပ်မှု အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ဖဲကြိုး နက်ကမ်ပိန်းကိုလုပ်လာပြီး အချိန်တိုအတွင်းမှာပဲ ပြည်ထောင်စုဝန် ကြီးက နောက်ထပ်ခန့်အပ်မှုတွေ မလုပ်တော့ဘဲ ရပ်ဆိုင်းမယ်လို့ တုံ့ပြန်လာခြင်းပါ။ တစ်ဖက်မှာ လည်း တပ်မတော်အရာရှိကြီးများ ၄၅ ဦးက ရာထူးကနုတ်ထွက်ပြီး ပြည်ခိုင်ဖြိုးပါတီဝင် ရွေးကောက် ပွဲကိုယ်စားလှယ်လောင်းတွေဖြစ် လာကြတဲ့သတင်း တက်လာပါ တယ်။ ထုံးစံအတိုင်း ဖေ့စ်ဘွတ်ခ် မှာ သဘောထားတွေ ရေးတင်ကြ တော့ စစ်ဘက်က အရပ်ဘက်ကို ဘောင်းဘီမချွတ်ဘဲ ပြောင်းပြီး တာဝန်ထမ်းဖို့ကို ဝိုင်းကန့်ကွက် တာဟာ သွေးတိုးစမ်းတာဖြစ်ပြီး အရပ်ဘက်က စစ်ဘက်အပေါ် ခါးသီးကြောင်း သက်သေဖြစ်သွား ပြီမို့ အရပ်ဘက်က အာဏာရရင် စစ်ဘက်ဟာ မချောင်နိုင်ဘူးလို့ တွက်ဆလာနိုင်တယ်ဆိုတာမျိုး ထောက်ပြကြပါတယ်။ နောက်တစ်ခုကတော့ ရေ ဘေးကယ်ဆယ်ရေးအကြောင်း ပြုပြီး တပ်ဟာ လူထုရဲ့ထောက်ခံ မှုရရေးကို ဖေ့စ်ဘွတ်ခ်သုံးပြီး ဝါဒ ဖြန့်သလို လုပ်နေတာပါ။ အောက် ခြေက တပ်မတော်သားတွေ အင် မတန်ပင်ပန်းခံပြီး ကူညီနေတာ ကို ဒေသခံတွေအပါအဝင် လူထု က နားလည်သဘောပေါက်ကြ ပေမယ့် ဖေ့စ်ဘွတ်ခ်မှာ ဒီလိုပုံ တွေကျ မဖော်ပြရကောင်းလားဆို ပြီး ပေါက်ကွဲပြကြ၊ အစိုးရနဲ့ ပါတီတွေထက် တပ်ကပိုကြည်ညိုစရာ ကောင်းတယ်ဆိုတဲ့ ပုံရိပ်မျိုးဖြစ် အောင် ရေးသားတင်ဆက်ပြကြ ဖြစ်လာတော့ တကယ်ကို စေ တနာသန့်သန့်နဲ့ ကူညီပေးနေတဲ့ တပ်မတော်သားတွေရဲ့ မျက်နှာ ကို မြင်ရပေမယ့် ‘‘ဩော်.. သူတို့ ကို အကြောင်းပြ/ပြုပြီး ဝါဒဖြန့် ချင်နေတုန်းပါလား’’လို့ ယူကျုံး မရတောင် ဖြစ်မိရပါတယ်။ တကယ်တော့ တပ်ဟာ ဘယ်လောက်တော်တော်၊ ကောင်း ကောင်း အစိုးရတစ်ရပ်ထက်ပိုတဲ့ ပုံရိပ်မျိုးထူထောင်ဖို့ ကြိုးစားတာဟာ နိုင်ငံတော်အတွက်တော့ အကျိုးမများနိုင်ပါဘူး။ ဘာလို့လဲဆိုရင် ဒီကနေ့ နိုင်ငံရေးအခြေခံအဆောက်အအုံ အရ ကာလုံဆိုတာရှိနေသေးလို့ ကို တပ်ဟာ အစိုးရနဲ့ လွှတ်တော် ကို အပြိုင်သဘောလုပ်နေစရာ ဘာအကြောင်းမှ မရှိပါဘူး။ တပ် အပါအဝင် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေပါဝင်ပြီး ဖွဲ့ထားတဲ့ ကာလုံမှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိနေလျက်ကယ်နဲ့ တပ်က သူ့ပုံရိပ်ကို အစိုးရ၊ လွှတ်တော်၊ ပါတီတွေနဲ့အပြိုင်ထူထောင်နေရ တာဟာ တစ်ခုခုလွဲနေတယ်လို့ တွေးစရာသာဖြစ်ပါတယ်။ ကာလုံ ထဲမှာနေပြီးတော့ကို တပ်ဟာ မလုံခြုံဘူးလို့ ခံစားရနေသလား။ အရပ်သားအစိုးရဆိုတာ ဖြစ်လာ ရင် တပ်ဟာ မလုံခြုံနိုင်ဘူးလို့ တွေးနေတာမို့ပဲ ကိုယ့်လူတွေထဲ က ရန်ကုန်တိုင်းမြို့နယ်အားလုံး စာ ကိုယ်စားလှယ်အရေအတွက် လောက် ဘောင်းဘီချွတ်ခိုင်းပြီး အသွင်ပြောင်းအရပ်သားအဖြစ် အရပ်သားအစိုးရထဲမှာ တိုင်ဦး ချင်တာလား။ တစ်နည်းအားဖြင့် အရပ်သားလုပ်ခိုင်းရာမှာလည်း ပြည်ခိုင်ဖြိုးလို ဘောင်းဘီချွတ် ပါတီထဲပဲပို့ပြီး လုံခြုံမှုကို ရှာလေ သလား။ ဒါမှ တစ်ပတ်ရစ်ဘောင်း ဘီချွတ်တွေ ကြီးစိုးထားတဲ့ လွှတ် တော်ပါတီဂိုဏ်းကို လတ်လတ် ဆတ်ဆတ် ဘောင်းဘီချွတ်များနဲ့ ရေရောနိုင်မယ်လို့ တွက်လေ သလား။ တစ်ခါ တပ်က သဘောတွေ့ ပေမယ့်လည်း အစိုးရ-တစ်ကိုယ် တော်ဂိုဏ်းက အင်အားမတောင့် လို့များ အခုကတည်းက ပြင်ဆင် ထားနိုင်အောင် ဘောင်းဘီ တောင်မချွတ်ခိုင်းတော့ဘဲ အရပ်ဘက်အောက်ခြေမှာပါ ခြေကုပ်ယူလေသလား။ တစ်ခါအရပ် ဘက်နေရာမှာ မိုးကျရွှေကိုယ်လုပ်ဖို့ကိစ္စ အချိန်တိုတိုနဲ့ ရပ်သွားပြန်တာကကော လူထုရဲ့တုံ့ပြန်မှုအသံကို နားထောင်ပြီး ဘရိတ်အုပ်တာလား။ တခြားအကြောင်းရင်းခံတစ်ခုခု ရုတ်တရက်ပေါ်လာလို့လား။ တွေးစရာတွေကတော့ အများကြီးပါ။ ဘယ်လိုပဲ တွေးတွေး တပ်ရဲ့တစ်ကွင်းလုံးပြေးနေရလောက်အောင် ပျာယာ ခတ်မှုကတော့ သိသာနေလေရဲ့။ အဲဒီလို ဖြစ်လာတာဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ တင် ပြီးမသွားနိုင်ဘဲ ရွေးကောက် ပွဲအလွန်ထိပါ ဖြစ်နေနိုင်သေး တယ်လို့ ဆက်တွေးလိုက်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာအတွက် ရတက်မအေးနိုင် ပါဘူး။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပြန်လည်ကောင်းမွန် ဖို့အတွက် အစစ်အမှန်ကြိုးစား မယ်ဆိုရင်တော့ လက်ရှိနည်း လမ်းတွေက ဆေးထက်ဘေးဖြစ် ဖို့ များနေတယ်လို့ဆိုရမှာပါ။ တပ်အနေနဲ့ လူထုရဲ့အချစ်ကို ပြန်လိုချင်နေသေးဆဲလို့ လက်ခံ ယုံကြည်ပေးနိုင်ပါတယ်။ တကယ်တော့ အရပ်သားတွေ မုန်းတာက တပ်မတော်သားတွေကိုမဟုတ်ပါ ဘူး။ တပ်မတော်ထဲက အာဏာ ရှင်တွေနဲ့ တပ်မတော်ကို အာဏာ ရှင်ဖြစ်နိုင်အောင် နိုင်ငံရေးခွင် ဆင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဒီကနေ့ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းပါ။ ကျန်းမာရေးဝန်ကြီးဌာန ဘက်ရောက်လာတဲ့ တပ်မတော် သားအရာရှိတွေကို လက်မခံချင် ကြတာဟာလည်း သူတို့ရဲ့ တပ် မတော်သားဖြစ်မှု၊ အရည်အသွေး ပိုင်းဆိုင်ရာအယုံအကြည်လျော့မှု ဆိုတာတွေကြောင့်မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ ကိုယ့်သက် မွေးဝမ်းကျောင်းဝန်းကျင်မှာ ကိုယ် နေပြီး ကိုယ့်ရဲ့သီးသန့်ကိုယ်ပိုင် အခန်းကဏ္ဍအရသာ ကိုယ့်ပုံရိပ် ကို အကောင်းဆုံးထိန်းစေချင်လို့၊ ဒီလိုနည်းနဲ့သာ လူထုရဲ့အမုန်းကို မခံရနိုင်မှာဖြစ်လို့နဲ့ ဒီလိုနေပြမှပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်လာနိုင်လို့ဖြစ်ပါတယ်။ တကယ်တော့ တပ်မတော် အနေနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို အကောင်းဆုံး တည်ထောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ တပ်မတော်ဖြစ်မှုကို သိပ်သည်းကျစ်လျစ်ပြီး ဘာအကြောင်း နဲ့မှ ကိုယ်ခွဲမကစားဖို့လိုပါမယ်။ အရွယ်နဲ့ အတွေ့အကြုံအတန် အသင့်ရှိတဲ့ တပ်ထိပ်ပိုင်းအရာရှိ ကြီးတွေကို ခဏခဏလွှတ်တော် ဂိုဏ်းထဲပို့လိုက်၊ အသွင်သစ်အရပ် သားအဖြစ် ဘောင်းဘီချွတ်ပါတီ ထဲပို့လိုက်၊ အုပ်ချုပ်ရေးထဲ လွှတ် လိုက်ဆိုတာတွေကို အုံနဲ့ကျင်းနဲ့ လုပ်နေရတဲ့အတွက် တပ်ဟာ ကိုယ်ထူထောင်ထားတဲ့ တပ်စွမ်း အားအရင်းအမြစ်ကို တဲ့သက် သက်သုံးတာထက် လူရော၊ ဘဏ္ဍာရော ပိုသုံးနေရပြီး အဆုံး သတ်ရလဒ်ဟာ မျှော်မှန်းသလို ဖြစ်ချင်မှ ဖြစ်လာတာကိုး။ လွှတ် တော်ရောက် ဘောင်းဘီချွတ်တွေ အပေါ် အသည်းတယားယားဖြစ် နေရတဲ့ တပ်အနေနဲ့ ဒီသဘောကို ကောင်းကောင်းရိပ်စားမိမယ် ထင်ပါတယ်။ တပ်မတော်သား ဟာ ဘောင်းဘီဝတ်နေနေ၊ ဘောင်းဘီချွတ်နေနေ တပ်ကို သစ္စာစောင့်သိလိမ့်/ရမယ်ဆိုတဲ့ ဖော်မြူလာဟာ အခုအချိန်မှာ သိပ်မမှန်တော့တာကို တွေ့နေရ ပြီကိုး။ အသစ်အသစ်သော ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေက ဘောင်းဘီ ချွတ်တွေကို အတိုင်းအတာတစ်ခု အထိ ပြောင်းလဲစေပါတယ်။ ဒါကြောင့် တပ်ဟာ အရပ် ဘက်နဲ့ ဆက်ဆံရေးပြေလည်ဖို့ အတွက် အသွင်ပြောင်းအရပ် သားဖြစ်အောင် လုပ်ခြင်းဟာ ထိရောက်တဲ့ဖြေရှင်းနည်း မဖြစ် နိုင်ဘူးလို့ဆိုရတာပါ။ တပ်ဟာ တပ်အနေနဲ့ပဲ ဆက်လက်ရှိနေ ရေးဟာ နိုင်ငံတော်အတွက် အလွန်အရေးကြီးပါတယ်။ အရပ် ဘက်နဲ့ ဆက်ဆံရေးချောမွေ့ဖို့က တော့ တပ်ဘက်နဲ့ အရပ်ဘက်ဟာ သူအပေါ် ကိုယ်အောက်ဆိုတာ မျိုးမဟုတ်ဘဲ တန်းတူတစ်ပြေးညီ ဆက်ဆံရေးမျိုးဖြစ်ဖို့ ကြိုးစားရ မှာပါ။ တပ်အနေနဲ့ ကိုယ်ခြေကျွံ ခဲ့တာတွေကို ဆက်မကျွံအောင် ရပ်လိုက်တာထက် ကျွံပြီးသား ခြေလှမ်းအချို့ကို ပြန်နုတ်တာမျိုး လည်း လုပ်သင့်ပါတယ်။ ခြေပြန် ရုပ်တာဟာလည်း အပြုသဘော အတွက် ခြေတစ်လှမ်း လှမ်းလိုက် ခြင်းပဲဆိုတာကို မြင်အောင်ကြည့် စေချင်ပါတယ်။ ဒါ့အပြင် ဘယ် အစိုးရပဲတက်တက် တပ်မတော် ဟာ အစိုးရရဲ့ ပုံရိပ်ကို လွှမ်းမိုးဖို့ မကြိုးစားဘဲ ကိုယ့်ပုံရိပ်ကိုသာ အကောင်းဆုံးတည်ထောင်ထား နိုင်မယ်ဆိုရင် တပ်ဘက်၊ အရပ် ဘက်ဆက်ဆံရေးမှာရော၊ လူထု ရဲ့အချစ်မေတ္တာကိုရော ရေစီး ကမ်းပြိုရယူနိုင်ပါတယ်။ အရပ်ဘက်များကလည်း စစ်အာဏာရှင်စနစ်ကို မုန်းတဲ့ အမုန်းကို စစ်သားများ၊ တပ်မတော်သားများအပေါ် ပုံအော သွန်ချတာမျိုးမလုပ်ဘဲ နိုင်ငံတော်ရဲ့ လိုအပ်ချက်ထဲမှာ တပ်စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတာကို နှစ်နှစ်ကာကာ အသိအမှတ်ပြုနိုင်ကြဖို့ လိုပါတယ်။ နယ်ပယ်အသီးသီးမှာ တပ်ဘက်ရဲ့ အလွှမ်းမိုးကို ခံနေရတာမို့ ခံစားချက်တွေများပြီး ရေရှည်ကို မမြင်နိုင်ဘဲဖြစ်ကြရင် မြန်မာ့လူ့ဘောင်ရဲ့ အဓိကလိုအင်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တပ်ဘက်-အရပ်ဘက်ချော မွေ့တဲ့ဆက်ဆံရေးကိုတည် ဆောက်နိုင်မှာမဟုတ်တော့ပါဘူး။ အခုနောက်ဆုံး ပြည်ခိုင်ဖြိုး ဖြစ်ရပ်မှာ မျက်စိလည်စရာတွေ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲ ဝင်မယ့်၊ ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းရမယ့် နောက် ဆုံးနေ့ ဩဂုတ် ၁၄ မတိုင်မီမှာ ဖြစ်သွားတာမို့ ဒီချုပ်စာရင်းတုန်း ကလို အောက်ခြေက လက်မခံလို့ ပြန်ပြင်ပေးဖို့ ဆန္ဒပြတာမျိုးနဲ့မတူ တဲ့ ဖြေရှင်းနည်းနဲ့ စာရင်းအတည် ဖြစ်သွားအောင် ကြိုးစားတာလို့ နားလည်ပေးရမလိုဖြစ်ပါတယ်။ အဲဒီလိုအနေအထားမှာ သေဖော် ရှင်ဖက်တွေရဲ့ သေရေးရှင်ရေးမို့ တပ်ဘက်ကပါ ကိုယ်ထိလက် ရောက်လာဝင်ရှင်းပေးတယ်လို့ ဆိုနိုင်တဲ့အနေအထားပါ။ ညကြီး မင်းကြီး အရေးပေါ်အစည်းအဝေး မစခင်မှာ သမ္မတအမိန့်နဲ့ ဝန်ကြီး တွေကို နုတ်ထွက်ခွင့်ပြုတာတို့၊ တပ်ဘက်က ထိပ်တန်းတွေကို မူလနေရာပြန်ချတာတို့ကို အပြေး အလွှားကြေညာပေးတာကိုကြည့် တော့ အခုအချိန်ထိ တပ်ဟာ အစိုးရနဲ့ လက်တွဲပြီး အလုပ်လုပ် နေတယ်။ တစ်နည်းအားဖြင့် တပ် ဟာ ရွာလွန်ရွက်တိုက်မလုပ်နေ/ လိုဘူးလို့ မြင်ရပါတယ်။ အစိုးရ ရဲ့ ပုံရိပ်ကို လွှမ်းချင်တဲ့သဘော တွေပါတဲ့ ဖေ့စ်ဘွတ်ခ်လော်ဘီ တွေလည်း လွန်ခဲ့တဲ့ ၃၆ နာရီ လောက်အတွင်းမှာ အတော်လေး ငြိမ်ချက်သားကောင်းခဲ့ပါ သေး တယ်။ ဒီတော့ ၁၄ ရက်နေ့အ တွက် အခြေအနေတည်ငြိမ်သွား အောင် တစ်နည်းအားဖြင့် တပ် သဘောကျနိုင်တဲ့ ပြည်ခိုင်ဖြိုး အခိုင်အမာပြန်ဖြစ်အောင် အစိုးရ နဲ့ တပ်က လက်တွဲပြီး အားထုတ် လိုက်နိုင်တယ်လို့ ဆိုရမလားပဲ။ ဒီတော့ ရွေးကောက်ပွဲမတိုင် မီ လက်ကျန်ကာလမှာ လွှတ် တော်ကြီးရဲ့ အခန်းကဏ္ဍကလည်း ဘာမှသိပ်မရှိတော့သလို ဖြစ်နေ လက်စမို့ လွှတ်တော်အတွင်း အပြောင်းအလဲကတော့ ပူစရာ ငြူစရာတယ်မရှိနိုင်ပါဘူး။ အစိုး ရအဖွဲ့အပြောင်းအလဲကလည်း ဒီလက်ကျန်ကာလမှာ ဘယ် လောက်သက်ရောက်မယ်ဆိုတာ တွေးကြည့်ရင် ရှင်းနေပါတယ်။ အရေးကြီးတာကတော့ တပ်ပါပဲ။ တစ်ကွင်းလုံး ပြေးလွှားနေတဲ့၊ ကိုယ်ခွဲလိုက် ပြန်ကပ်လိုက်လုပ် နေရတဲ့ တပ်အနေနဲ့ တစုတစည်း တည်း ကြံ့ကြံ့ခိုင်နိုင်ဖို့လိုပါ တယ်။ တပ်ပြိုကွဲမယ့်အရေးကို လူထုက မလိုလားပါဘူး။ တပ်ကို လူထုအတွက် လူထုဘက်က တစည်းတလုံးတည်း ရပ်စေချင် ကြတာ လူထုရဲ့သဘောထားပါ။ တပ်အနေနဲ့ ပါတီတစ်ခုကို ကြော ထောက်နောက်ခံလုပ်ခဲ့တဲ့အ တွက် ဖြစ်လာတဲ့အကျိုးဆက်က တော့ ပါတီအတွင်းအပြောင်း အလဲနဲ့ လစ်လပ်နေရာပေါ်လေ တိုင်း တပ်တွင်းမှာပါ အခြေအနေ တွေ ရှုပ်ထွေးရတာမျိုးပါ။ ဒီသင် ခန်းစာကို မြင်အောင်မကြည့်နိုင် ရင်တော့ တပ်အနေနဲ့ ဘယ်ပါတီ ကိုမှ လက်ကိုင်တုတ်အဖြစ်ရော အသုံးချခံအဖြစ်ပါ မပူးပေါင်းသင့် ဘူးဆိုတာကို တွေ့လာနိုင်မှာပါ။ အဲဒီလို တွေ့လာတဲ့နေ့ဟာလည်း စစ်ဘက်-အရပ်ဘက်ဆက်ဆံ ရေးချောမွေ့ကောင်းမွန်နေမယ့် နေ့ပဲဖြစ်ပါတယ်။ ၂၀၁၅ မှာ မြန်မာ့လူထု ကံကောင်းနိုင်ပါစေ။ Byမသီတာ(စမ်းချောင်း)

No comments: