မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, August 10, 2015
အချုပ်သားများ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်
အချုပ်သားများ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်
ဩဂုတ်လ ၁၀ ရက် ၂၀၁၅
အမှုရင်ဆိုင်နေရဆဲ အချုပ်သားများ၏ မဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများမှ စီစဉ်ပေးမည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
“သူတို့အတွက် ပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်တွေရဲ့ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲတွေက တစ် ဆင့် စီစဉ်ပေးဖို့ ကျနော်တို့ ပြောထားပြီးပါပြီ။ မဲကတော့ ကြိုတင်မဲ ပေးရမှာပါ” ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင် ကပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် အမှုရင်ဆိုင်နေဆဲ အချုပ်သားဦးရေ စုစုပေါင်း ၁၀၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။
“ကျနော်တို့ဆီကို အချုပ်သားတွေအတွက် မဲဆန္ဒရှင်ဆိုင်ရာ ပညာပေးခြင်းနဲ့ ပတ်သက်ပြီး ဘာညွှန်ကြားချက်မှ မလာသေးပါဘူး” ဟု ပြည်နယ် အကျဉ်းဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်း ကပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အချုပ်သားများ မဲပေးရန်အတွက် အချိန်နှစ်ရက် ပေးခဲ့သည်ဟုသိရပြီး ယခု ရွေးကောက်ပွဲ အတွက်ကိုမူ အချိန်မည်မျှပေးမည်ကို မသိရသေးပေ။
သို့သော် အချုပ်သားများကို မဲဆန္ဒနယ်အတွင်းရှိ အချုပ်သားနှင့် မဲဆန္ဒနယ်ပြင်ပမှ အချုပ်သားဟူ၍ နှစ်ပိုင်း ခွဲထားပြီး မဲဆန္ဒနယ်ပြင်ပ (အခြားတိုင်းနှင့် ပြည်နယ်မှ ထောင်များတွင် ရောက်နေသူ) အချုပ်သားများ အနေဖြင့် မဲပေးလိုပါက သက်ဆိုင်ရာမှတစ်ဆင့် ၎င်းတို့၏ မြို့နယ်များနှင့် ဆက်သွယ်၍ ကြိုတင်မဲပေးခွင့်အတွက် စီစဉ် ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
MID News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment