Wednesday, December 14, 2016

ကွတ်ခိုင်အနီးတွင် MDY 6K/----- ပရိုဘောက်(အဖြူ ရောင်)ယာဉ်မောင်း လက်နက်ငယ် ထိမှန်သေဆုံး

 

ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာနှင့်နမ့်ဖလွန်းရွာအကြား လက်နက်ငယ်ထိမှန်ပြီး ပျက်စီးနေ သည့် မော်တော်ယာဉ် ၁ စီးနှင့်အတူ အလောင်း ၁ လောင်းတွေ့ရှိနေပြည်တော်၊ ဒီဇင်ဘာ - ၁၃

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ကွတ်ရွာနှင့် နမ့်ဖလွန်းရွာအကြား ရှုခင်းသာနေရာတစ်ဝိုက်တွင် ယာဉ်ကြောပိတ်ဆို့လျက်ရှိကြောင်း သတင်းအရ လမ်းဘေးဝဲ/ ယာတစ်လျှောက်အား ဖြန့်ခွဲရှင်းလင်းစဉ် မိုင်တိုင်အမှတ် ၊ ၂၃၇/ ၃ အနီး ကားလမ်းဘယ်ဘက်ခြမ်းမီတာ ၃၀ ခန့်အကွာ လျှိုအတွင်း၌ ယာဉ်တစ်စီး တိမ်းမှောက်နေသည်ကိုတွေ့ရှိရသဖြင့် ယာဉ်အားအသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။

အသေးစိတ်စစ်ဆေးချက်အရ ယာဉ်အမှတ်၊ MDY 6K/----- ပရိုဘောက်(အဖြူ ရောင်)ယာဉ်၏ အင်ဂျင် အဖုံး၌ လက်နက်ငယ်ကျည်ဖောက်ဝင်ထားသည့် အပေါက် ၃ ပေါက်နှင့် ရှေ့လေကာမှန်/ နောက်ပိတ် တံခါးမှန်များ ကြေမွပျက်စီးနေပြီး ယာဉ်မောင်းဖြစ်သူ မြစ်သားမြို့နေ ရဲမောင်(ဘ) ဦးသံချောင်းမှာ ၀မ်းဗိုက်တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးနေသည်ကို တွေ့ရှိရသည်။

သေဆုံးသူအလောင်းအား သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကွတ်ခိုင်မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

1 comment:

myint naing said...

အနေချောင်လို့
လက်နက်ကိုင်ပြီး ပြည်သူကို အကြမ်းဖက် မိုက်ကြေးခွဲ ဓါးပြတိုက် လူသတ် ကွန်မြူနစ်လမ်းစဉ် KIA TNLA MNDA. AA