Friday, December 2, 2016

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဦး ဆောင်သည့်အဖွဲ့ အား ရခိုင်ဒေသခံအချို့ ဆန္ဒထုတ်ဖော်

 


ရခိုင်ဂေဇက်၊ ဒီဇင်ဘာ၂

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ သည်ဒီဇင်ဘာ၂ရက်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိလာစဉ် လေဆိပ်အနီးအတွင် ဒေသခံများက ဆန္ဒထုတ် ဖော်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်ရှင်အဖွဲ့ဥက္ကဌ မစ္စတာကိုဖီအာနန်ဦးဆောင်သည့် အဖွဲ့အား စစ်တွေ လေဆိပ်တွင် ဒေသခံများက ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သည့် ဦးအောင်သန်းဝေက ''အခုရောက်ရှိလာတဲ့ ကော်မရှင်ဟာလည်း ဘင်္ဂါလီ တွေ နဲ့ ပတ်သတ်ပြီးရောက်ရှိလာ တယ်လို့ ကျွန်တော်တို့သုံးသပ်တယ် ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်မှာ ဥပဒေပြဌာန်း ထားတယ် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ ကိုဘယ်လို လုပ်မလဲ ၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ဆိုတာရှိတယ် ဥပဒေနှင့် အညီဆောင်ရွက်ပေးပါ ၊ ယခင်အစိုးရလက်ထက်ကလည်း ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ကလဲ အကြံပြုထားတယ်၊ ဒီမြန်မာနိုင်ငံမှာ တရားဝင်ပြဌာန်းထားတဲ့ မြန်မာနိုင်ငံသားဥပဒေရှိပါလျက်နဲ့ ဘာလို့ဒီဥပဒေကို အကောင်အထည်မဖော်တာလဲ တစ်ချက်ရှိတယ်၊ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နဲ့ ပတ်သက်လို့ ကျွန်တော်တို့အလိုမရှိဘူး၊ ကော်မရှင်ကိုလဲ ဘာမှအကြံမပြုစေချင်ဘူး၊ "ဟုရခိုင်အမျိုး သားပါတီမှ စစ်တွေမြို့နယ်အတွင်းရေးမှူးဦးအောင်သန်းဝေက ပြောသည်။


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည် ဒီဇင်ဘာ၂ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ရခိုင်လူမှုအသင်းအဖွဲ့များနှင့်တွေ့ဆုံမည်ဖြစ်သည်။

အဆိုပါအဖွဲ့ သည် ဒီဇင်ဘာ၃ရက်နေ့တွင် ဘူးသီးတောင် မောင်တောမြေပုံသို့သွားရောက်မည်ဖြစ်ပြီးနှစ်ဘက် လူ့အဖွဲ့အစည်းများနှင့်တွေ့ဆုံမည်ဟု သိရှိရသည်။ဒီဇင်ဘာ ၄ရက်နေ့တွင် မြောက်ဦးမြို့သို့သွားရောက်မည်ဖြစ်ရာ ညနေတွင် စစ်တွေမှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

Rakhine Gazette

No comments: