Friday, December 2, 2016

ရှေ့တန်းမှာ စခန်းတွေ မြို့ တွေကို ... အသက်နဲ့ရင်းပြီး ကာကွယ်နေတဲ့ ... စစ်သားတွေ ရဲတွေ မျက်နှာကို ... နည်းနည်းလေးမှ မထောက်ကြတော့ဘူးလား ...

သမ္မာအာဇီဝ နဲ့ ...
ရောင်းဝယ်ဖောက်ကား ...
လုပ်ကိုင်စားသောက်နေတဲ့ ...
ကုန်သည်တွေ ကားသမားတွေကို ...
သေနတ်နဲ့ပစ်သတ် ...
ကားတွေ မီးတင်ရှို့  ...
တံတားတွေ မိုင်းခွဲ ...

ဒီလုပ်ရပ်တွေက ...
အကြမ်းဖက် လုပ်ရပ် မဟုတ်ဘူးလား ?
:'(  :'(  :'(   :'(

ဒီလုပ်ရပ်တွေ လုပ်တဲ့ အဖွဲ့တွေက ...
အကြမ်းဖက် အဖွဲ့အစည်း မဟုတ်ဘူးလား ?
:'(  :'(  :'(  :'(  :'(

လက်ရှိ မုန်းကိုးကို ...
ဝိုင်းတိုက်နေကြတယ် ...
တပ်မတော်ရယ် ရဲတပ်ဖွဲ့ရယ် ပြည်သူ့ စစ်တွေရယ်
အသက်တွေ ရင်းပြီး ခုခံကာကွယ်နေကြတာ ...
ဒီနေ့ နဲ့ ဆို ၁၂ ရက် ရှိသွားပြီ ...
:'(  :'(  :'(  :'(

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် ...
စိုးရိမ်ကြောင်း အဆိုထုတ်ဖို့  ကိစ္စ ...
မဲပေးခွင့် ရှိသူ ၃၉၈ယောက်မှာ ...
ထောက်ခံသူ အမတ်   ၁၄၁
ကန့်ကွက်သူ အမတ် ၂၄၄
ကြားနေ အမတ် ၇ ယောက်တဲ့ ..
ဘာတွေ ဖြစ်ကုန်ကြတာလဲဗျာ ...
:'(  :'(  :'(  :'(  :'(

ရှေ့တန်းမှာ စခန်းတွေ မြို့ တွေကို ...
အသက်နဲ့ရင်းပြီး ကာကွယ်နေတဲ့ ...
စစ်သားတွေ ရဲတွေ မျက်နှာကို ...
နည်းနည်းလေးမှ မထောက်ကြတော့ဘူးလား ...
:'(  :'(  :'(  :'(  :'(

No comments: