အကြမ်းဖက်တိုက် ခိုက်ခံရမှုများကြောင့် မောင်တော နယ်စပ်လုံခြုံရေးကို တင်းကျပ် ထားသော်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှုများ ဆက်လက်ရှိနေ သေးကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂ ရက်က မောင် တောမြို့နယ် ကြိမ်ချောင်းတိုက် နယ်မှ တောင်ပြိုလက်ဝဲမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီး ကို စစ်ဆေးရာတွင် ငွေကျပ်သိန်းတစ်ရာကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၅၈,၀၀၀ ကျော်ကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သည်။
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်က လည်း မောင်တောမြို့နယ်ကညင်ချောင်းအနီးရှိ လှေတစ်စီးပေါ်မှ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၆၈,၀၀၀ ကျော်ကို နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၃၀ရက်တွင် နတ်မြစ်ကိုဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမ၀င်ထွက်ခွာသော ဘင်္ဂါလီ ၅၆ ဦးနှင့် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား တစ်သောင်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ဆိုသည်။
‘‘အကြမ်းဖက်ဖြစ်စဉ်တွေ ကြောင့် အားလုံးက လုံခြုံရေး ဘက်ကို စိတ်ဝင်စားနေတဲ့အချိန် မှာ မူးယစ်ဆေးဝါးသမားတွေက အခွင့်ကောင်းယူပြီး လှုပ်ရှားနေ ကြတာ ဖြစ်ပါတယ်။ မူးယစ်ဆေး ၀ါး ဖမ်းဆီးရေး ဆက်လက်လုပ် ဆောင်မှာဖြစ်ပါတယ်’’ဟု မောင် တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲ မှူးကြီး ဉာဏ်ဝင်းဦးက ပြောကြားသည်။
မောင်တော နယ်စပ်ဒေသ သည် WY စာတန်းပါ စိတ်ကြွမူး ယစ်ဆေးပြား ရောင်းဝယ်ဖောက် ကားမှုနှင့် နာမည်ကြီးနေသော မြို့တစ်မြို့ဖြစ်ပြီး ပြီးခဲ့သည့် စက် တင်ဘာအတွင်းက စိတ်ကြွဆေး ပြား ကျပ်ငွေလေးဘီလီယံကျော် ဖိုး ဖမ်းဆီးရမိခဲ့သည်။
7day
No comments:
Post a Comment