နေပြည်တော် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့ အနီးဝန်းကျင်ကို တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မုံးကိုးမြို့ ဖောင်းဆိုင်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅၀၀ ခန့်ရှိ ကြံတောအတွင်း လက်နက်ကိုင် အဖွဲ့များ ကျန်ရစ်ခဲ့ သည့် ရှေ့ထွက်မိုင်း တစ်လုံး၊ နင်းမိုင်းတစ်လုံး၊ အမ် ၂၂ ကျည်အိမ်နှစ်ခု၊ ကျည် ၁၃၁ တောင့်၊ အီနာဂါဗုံးသီးတစ်လုံး၊ KIA ဦးထုပ် သုံးလုံးနှင့် MNDAA ယူနီဖောင်း နှစ်စုံတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။
ထို့အတူ ယနေ့နံနက်ပိုင်းကလည်း တပ်မတော်စစ်ကြောင်းက လမ်းလုံခြုံရေးဆောင်ရွက်စဉ် မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၅၀၀ ခန့်အနီး ချောင်း ချောက်အတွင်းမှ ပီနံအိတ်နှစ်လုံး တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ အိတ်များ အတွင်းမှ ဒေသ္တရ လက်လုပ်မိုင်း ၁၀ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသည့်နေရာများနှင့် ပတ်ဝန်း ကျင်တစ်ဝိုက်ကို တပ်မတော် စစ်ကြောင်းများက စနစ်တကျနယ်မြေ ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
MOI Webportal Myanmar

No comments:
Post a Comment