Facebook အကောင့်ထဲသို့ဝင်၍ ဓာတ်ပုံများကို အွန်လိုင်းပေါ်တင်ပြီး ဖုန်းငွေဖြည့်ကတ်များ ခြိမ်းခြောက်တောင်းယူသူကို တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ထိုသို့ ဖုန်းငွေဖြည့်ကတ်ခြိမ်းခြောက် အတောင်းခံရသူမှာ တာမွေမြို့နယ် ပျားရည်ကုန်းရပ်ကွက်နေ ကို.... (၂၉ နှစ်) ဖြစ် ကြောင်းသိရပြီး ၎င်းင်း၏ Facebook အကောင့် ထဲသို့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်တွင် အခြား Facebook အသုံးပြုသူတစ်ဦးက ၀င်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခိုးယူဝင်ရောက်သူမှာ ကို.... (၂၉ နှစ်) နှင့် လက်ထပ်မည့်ချစ်သူတို့ အချင်းချင်းစနောက်၍ Messenger မှ ပေးပို့ထား သောပုံများကူးယူ၍ Ei Thi Lwin (Babe Taliw) အကောင့်အား ကြားခံအသုံးပြုကာ ယင်းဓာတ်ပုံများပြ၍ ခြိမ်းခြောက်ကာ ဖုန်းငွေဖြည့်ကတ်များ တောင်းခဲ့သည်။
ထို့ပြင် Facebook အကောင့်ထဲသို့ ခိုးယူ ၀င်ရောက်သူမှာ အခြား Facebook အကောင့် တစ်ခုဖြစ်သော Namn Satt အမည်ရှိ အကောင့်ဖြင့် ခိုးယူဝင်ရောက် ကူးယူထားသည့် ဓာတ်ပုံများကိုတင်ကာ ငွေခြိမ်းခြောက် တောင်းခံခြင်းများပြုလုပ်ခဲ့ပြီး ယင်းအကောင့်ဖြင့်ပင် နိုဝင်ဘာ ၁ ရက်တွင်Telenor ငွေ ဖြည့်ကတ် ၅၀၀၀တန် ၂၀ ကတ်၊ MPT ငွေ ဖြည့်ကတ် ၁၀၀၀၀ တန် ငါးကတ်တို့ကို ခြိမ်းခြောက်တောင်းခံသဖြင့် ကို....က အရှက်နှင့် ဂုဏ်သိက္ခာအတွက် ပေးပို့ခဲ့ရကြောင်း ကို.... ၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်ကို ကို.... က အောက်တို ဘာ ၃ ရက်တွင် တာမွေမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက Facebook အကောင့်ထဲခိုးဝင်ပြီး အကောင့်ထဲရှိ ဓာတ်ပုံများဖြင့် ခြိမ်းခြောက်၍ ဖုန်းငွေဖြည့်ကတ် တောင်းယူသူကို (ပ) ၈၁၃/ ၂၀၁၆၊ ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။
Writer:
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်
Eleven
No comments:
Post a Comment