Tuesday, November 8, 2016

တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရွယ်စုံ ပိဿာချိန် ၂ဝဝဝ ကျော်ဖမ်းမိ

 


နေပြည်တော် နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး တိုင်းရဲအကူ တပ်ဖွဲ့ ခွဲမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ နိုဝင်ဘာ ၆ ရက် နံနက် ၁ နာရီခွဲခန့်က အမရပူရမြို့နယ် မြစ် ငယ်မြို့ မြစ်ငယ် တံတားထိပ် ရန်ကုန်-မန္တလေးလမ်း၌ သွားရောက်စောင့် ဆိုင်းနေစဉ် မန္တလေး ဘက်မှ ပုသိမ်ကြီးမြို့နယ် ထုံးဘိုမြောက် ရွာနေ လှမျိုးသန့်(၃၅ နှစ်)မောင်းနှင်ပြီး ယာဉ်နောက်လိုက် မဟာအောင်မြေ မြို့နယ်နေ ဝင်းနောင်(၃၃ နှစ်) လိုက်ပါ လာသည့် 9I/---- ယာဉ်ကို ရပ်တန့်စစ် ဆေးသည်။

ထိုသို့ စစ်ဆေးရာ ယာဉ် နောက်တွဲ ကြမ်းခင်းအောက်၌ အံခွက်ပြုလုပ်၍ သယ်ဆောင်လာသော ကျောက်စိမ်း အရွယ်စုံ ၂၆၅၆ ပိဿာခန့်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့ နှစ်ဦး အား မြစ်ငယ်နယ်မြေ ရဲစခန်းက မြန်မာ့ ကျောက်မျက်ရတနာဥပဒေဖြင့် အရေးယူ ထားကြောင်း သိရသည်။

ကိုရဲ
MOI Webportal Myanmar

No comments: