Monday, November 7, 2016

အရာတော်မြို့နယ် ပဲစင်းငုံခင်းအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုကျူးလွန်သူကို ဖမ်းမိ

မုံရွာခရိုင် အရာတော်မြို့ နယ် ၀ါးတန်းကျေးရွာအနီး ပဲစင်း ငုံယာခင်းအတွင်း အမျိုးသမီးအားသတ်သည့် အမျိုးသားကို ဖမ်းဆီး ရမိပြီဖြစ်ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

အသက် (၂၀) အရွယ် ၎င်းအမျိုးသားကို နိုဝင်ဘာ ၄ ရက်နံနက်က ရွှေဘိုမြို့ ဘူတာမီးရ ထားသံလမ်းအနီး လက်ဖက်ရည် ဆိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်က ပြောသည်။

‘‘လူသတ်တရားခံကိုတော့ မိပါပြီ။ အင်တာနက်မှာ ခင်မင် ရင်းနှီးပြီး ရွှေဘိုကနေ မုံရွာကို အလာ ဆိုင်ကယ်နဲ့ ကောင်လေး က လိုက်ပို့တယ်။ လမ်းမှာ လူငယ်သဘာဝဆက်ဆံရေး အဆင်မပြေ မှုတွေဖြစ်ပြီး လက်လွန်သွားတယ် လို့ စစ်ဆေးချက်အရ သိရပါ တယ်။ သေသွားတဲ့ ကောင်မ လေးရဲ့ ဖုန်းကိုလည်း ရွှေဘိုမြို့ က ရေကန်ထဲကနေ ပြန်ဆယ်ရ ပြီ။ ဓားကိုတော့ အခုအချိန်အထိ ရှာနေဆဲပါ။ အခင်းဖြစ်စဉ် သရုပ် ပြတာတွေလည်း လုပ်ပြီးပြီ။ သတ်တဲ့အကြောင်းလည်း ၀န်ခံထား တယ်’’ဟု ၎င်းကပြောသည်။

အရာတော်မြို့နယ် ၀ါးတန်း ကျေးရွာအနီး မုံရွာ-ရွှေဘိုကား လမ်းဘေးရှိ ပဲစင်းငုံယာခင်းဘေး တွင် အမျိုးသမီးတစ်ဦးသည် ချွန် ထက်သော လက်နက်ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို နိုဝင်ဘာ ၁ ရက်က စစ်ဆေး တွေ့ရှိခဲ့သည်။

သေဆုံးသူသည် ၀က်လက်မြို့နယ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဦးစီးဌာနတွင် စာရေးတာဝန်ထမ်းဆောင်နေသော အသက် (၂၅)နှစ်အရွယ် မုံရွာတက္ကသိုလ် မဟာဘွဲ့လွန် သင်တန်းတက်ရောက်နေသည့် ကျောင်းသူဖြစ်သည်။

၎င်းအမျိုးသမီးကို သတ်သူ သည် ကန့်ဘလူမြို့နယ် ဇီးကုန်း တောင်ကျေးရွာတွင် နေထိုင်သောအမျိုးသားဖြစ်ပြီး အရာတော်မြို့ မြို့မရဲစခန်း၌ စစ်ဆေးလျက်ရှိ ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းအမျိုးသားအား အရာတော်မြို့နယ် မြို့မရဲစခန်းက ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

No comments: