၂၃..၁၁..၁၆
-
ထားဝယ်ဒေသရှိ တာကပေါအဖွဲ့မှ အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ မနော်
ချစ်ပန်းတိုင် ပွဲခင်းထဲတွင် ရက်စက်စွာ အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ ဒေသခံ အရပ်ဖက်အဖွဲ့အစည်း ၂၃ ခုက အမှုမှန်ပေါ်ပေါက်ရေး ဆောလျင်စွာ ဆောင်ရွက်ရန် နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
-
နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ထားဝယ်မြို့ ရွှေဝယ်သီရိအားကစား
ရင်ပြင်၌မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရန်ပုံငွေ အဆိုပြိုင်ပွဲ ကျင်းပ
နေစဉ်အတွင်း မနော်ချစ်ပန်းတိုင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး နိုဝင်ဘာ ၂၁ ရက်တွင် အသုဘအခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်သည်။
-
မနော်ချစ်ပန်းတိုင်သည် ထားဝယ်ဒေသအရှေ့ဘက် ကရင်တိုင်းရင်း
သားကျေးရွာများ အတွင်း သယံဇာတတူးဖော်ထုတ်လုပ်သည့်
လုပ်ငန်းများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝ
ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ဒေသခံများ နစ်နာမှုမရှိစေရန် အသိပညာပေးလုပ်ငန်းများ၊ ဥပဒေအရ အကာအကွယ်ရရှိ
ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တာကပေါအဖွဲ့၏ အဖွဲ့ဝင်
တဦးဖြစ်သူ လက်ရှိတွင် မြေမြှုပ်မိုင်းအန္တရာယ်အကြံပေးအဖွဲ့ MAG တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
===========
News Watch
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, November 23, 2016
မိန်းကလေးတဦး ပွဲခင်းထဲတွင် ရက်စက်စွာ အသတ်ခံရမှုအပေါ် ဒေသခံအဖွဲ့အစည်း ၂၃ ခု ကြေညာချက်ထုတ်ပြန် ========================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment