Monday, November 14, 2016

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားရောက်ရန် နှစ်နိုင်ငံကြား စတင်ဆွေးနွေး


 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ သွားရောက်ရန်  နှစ်နိုင်ငံကြားအပြန်အလှန် ဆွေးနွေးမှုစတင်ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

‘‘အခုမှ Initial Stage(ကနဦးအဆင့်)အပြန်အလှန်ဆွေးနွေးကြတုန်းပဲရှိသေးတယ်။ ဒီလထဲတော့ မဟုတ်ဘူး။ ရှေ့လထဲဖြစ်ကောင်းဖြစ်နိုင်တယ်’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော် ဇေယျကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်နှင့်ပတ်သက်၍ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော် ဌေးက ‘‘ပြောဖို့ နည်းနည်းစော သေးတယ်။ နောက်ကျရင် အ ကြောင်းပြန်ပါမယ်’’ဟု 7Day Daily ၏ မေးမြန်းမှုအားဖြေကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အာဏာရလာပြီးနောက်ပိုင်း စင်ကာပူဝန်ကြီးချုပ်မစ္စတာလီ ရှန်လွန်းသည် ဇွန်လ ၇ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နေပြည်တော်၌ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံခဲ့ကာ ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာစာမျက်နှာများ၊ နိုင်ငံ တကာကိစ္စရပ်များတွင် အာဆီယံ ကိုယ်စားတက်ကြွစွာဦးဆောင် ပေးရန် ဆွေးနွေးခဲ့သည်။

စင်ကာပူဝန်ကြီးချုပ်၏ အ ဆိုပါသုံးရက်ကြာမြန်မာနိုင်ငံခရီး စဉ်အတွင်း အပြန်အလှန်ရက်သုံး ဆယ်ကြာ ဗီဇာကင်းလွတ်ခွင့်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၃ စက်တင်ဘာအတွင်း က ငါးရက်ကြာ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်တွင် စင်ကာပူသမ္မတ၊ ၀န်ကြီးချုပ်အ ပါအ၀င် နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံခဲ့ကာ စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်း၊ လာအို၊ တရုတ်၊ အိ န္ဒိယ၊ ဗြိတိန်၊ အမေရိကန်၊ ဂျပန် နိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ် သည်။

No comments: