Monday, November 14, 2016

မိုင်းလားဒေသရောက် ‘၀’လက်နက်ကိုင်တပ်ဖွဲ့များ အပြောင်းအရွှေ့ စတင်ပြုလုပ်

 မိုင်းလားဒေသရှိ ‘၀’ လက်နက်ကိုင်တပ်ဖွဲ့များ လက်ရှိ တွင် တပ်အပြောင်းအရွှေ့ပြုလုပ် နေပြီဖြစ်၍ တပ်မတော်နှင့် ပြေ လည်မှုရရန် အကောင်းဘက်ကို ဦးတည်နေသည်ဟု ‘၀’ လက်နက် ကိုင်တပ်ဖွဲ့   (UWSP/UWSA) လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ကုန်ပိုင်းကစ၍ မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)၏ နယ်မြေအ တွင်းသို့ ‘၀’ လက်နက်ကိုင်တပ်ဖွဲ့ များ အလုံးအရင်းဖြင့်ဝင်ရောက် တပ်စွဲထားခြင်းနှင့် ဆက်စပ်၍ တပ်မတော်နှင့် ‘၀’ လက်နက်ကိုင် အဖွဲ့တို့ကြား တင်းမာမှုဖြစ်ပွားခဲ့ သည်။

‘‘မိုင်းလားဒေသတွေမှာ ကျွန်တော်တို့ တပ်တွေရှိပါတယ်။ ဒါပေမဲ့ အခုတစ်လော တပ်အချိန်း အပြောင်းတွေရှိတယ်။ ကျိုင်းတုံ နဲ့ မိုင်းလားဘက်ကိုသွားတဲ့ ဂိတ် လည်း ပြန်ဖွင့်ပြီလို့ ကျွန်တော် ကြားသိရပါတယ်။ အဲဒီလို အ ခြေအနေတွေရှိတော့ အကောင်း ဘက်ကို ဦးတည်တဲ့ အနေအ ထားမျိုးရှိပါတယ်။ ကျွန်တော်တို့ ၀မ်းသာပါတယ်။ ဒါမျိုးပဲဖြစ်ရ မယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း တာ အကောင်းဆုံးပဲ။ အားလုံး လိုလားတဲ့အဖြေတွေပဲလေ’’ဟု ဦးညီရန်းက ပြောသည်။

ပုံမှန်တပ်အချိန်းအပြောင်း ဟုဆိုသော်လည်း ပြီးခဲ့သည့် စက် တင်ဘာလကုန်ပိုင်းက မိုင်းလား ဒေသသို့ ၀င်ရောက်တပ်စွဲခဲ့သည့် ‘၀’ လက်နက်ကိုင်တပ်ဖွဲ့များအ နက် အချို့တပ်ဖွဲ့ဝင်မျာသည် ယခုနိုဝင်ဘာအတွင်း၌ နောက် တန်း ပြန်သည့်အခြေအနေမျိုးဖြစ် ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ‘၀’ လက်နက်ကိုင်အဖွဲ့ဘက်မှ သံချပ်ကာ ယာဉ်သုံးစီးနှင့် လူ တစ်ရာကျော်ပြန်သွားသည်ဟု ကြားသိရကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

တပ်မတော်နှင့် ‘၀’ လက် နက်ကိုင်အဖွဲ့တို့အကြား စစ်ရေး တင်းမာမှု ပြေလည်မှုရ၊ မရနှင့် ပတ်သက်၍ ၎င်းက ‘‘ပြောဖို့တော့ စောသေးတယ်။ ပြေတော့ ပြေ လည်မယ်ထင်ပါတယ်’’ဟု သုံး သပ်သည်။ UWSP/UWSAတပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၄ ရက်နောက်ဆုံးထား၍ ဆုတ်ခွာရန် တပ်မတော်ဘက်က အကြောင်း ကြားခဲ့ပြီး မိုင်းလားဒေသအခြေအ နေနှင့်ပတ်သက်၍ နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းရန် လားရှိုးမြို့ ဆက် ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီ ရန်းအား အောက်တိုဘာ ၂၇ ရက်တွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်သို့ ခေါ်ယူ၍ ပြောကြားခဲ့ ကြောင်း သိရသည်။

မိုင်းလားဒေသအတွင်း ‘၀’ တပ်ဖွဲ့ အများအပြား ၀င်ရောက် တပ်စွဲမှုနှင့်ပတ်သက်၍ ‘၀’နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအကြား ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

‘၀’နှင့် မိုင်းလား အဖွဲ့တို့အ ကြား ညှိနှိုင်းမှု အခြေအနေနှင့် ပတ်သက်၍ ဦးညီရန်းက ‘‘ညှိနှိုင်း လို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု တွေရှိလို့ ဒါမျိုးတည်ငြိမ်သွား တယ်လို့ ကျွန်တော်ယူဆပါတယ်’’ ဟု ဆိုသည်။

‘၀’နှင့် မိုင်းလား လက်နက် ကိုင်အဖွဲ့များသည် မြန်မာ- တရုတ်နယ်စပ်တွင် တည်ရှိပြီး ‘၀’တပ်ဖွဲ့များ မိုင်းလားဒေသတွင် အင်အားအလုံးအရင်း ၀င်ရောက် တပ်စွဲမှုနှင့်ဆက်စပ်၍ တင်းမာမှု များဖြစ်ပေါ်ပြီးနောက် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် တရုတ်တပ်မတော် စစ်ဦးစီးချုပ် General Fang Fenghui ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၈ ရက်မှ နိုဝင် ဘာ ၃ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတ စီကျင်းပင်နှင့် တရုတ်ပြည်သူ့လွတ်မြေက်ရေး တပ်မတော်ဦးစီးချုပ် အပါအ၀င် တရုတ်နိုင်ငံ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ နယ်စပ်ဒေသလုံခြုံရေး၊ ဖွံ့ဖြိုးတိုး တက်ရေးတို့ကို တိုးမြှင့်လုပ် ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိ သော နယ်စပ်ရေးရာများကို မြန်မာ့တပ်မတော်နှင့် တရုတ် တပ်မတော်သို့ လက်တွဲဆောင် ရွက်မည်ဟု တရုတ်နိုင်ငံတောင် ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် နိုင်ငံရေးမှူး General Wei Liang က ပြောကြားခဲ့ကြောင်း သတင်း တွင် ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေး ထိုးခြင်းမရှိသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အများစု သည် မြန်မာ-တရုတ်နယ်စပ်တစ် လျှောက်တည်ရှိနေသည်။

No comments: