ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ပိုက်လိုင်းဖြတ်သန်းသွားရာ ဒေသတစ်လျှောက် ကွင်းဆင်းစစ်ဆေးနေစဉ် (ဓာတ်ပုံ − မောင်ကံ)
မြန်မာ-တရုတ်ရေ နံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကြောင့် ရခိုင်ပြည်နယ် အမ်းမြို့ နယ်အတွင်း ထိခိုက်နစ်နာခဲ့သည့် မြေယာများနှင့် သီးနှံများအတွက် ကွင်းဆင်းစစ်ဆေးမှု ပြီးစီးပြီဖြစ် ပြီး စစ်ဆေးတွေ့ရှိချက်များကို ပြည်နယ် အစိုးရအဖွဲ့ထံ အစီရင်ခံစာ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ထိခိုက် နစ်နာ သည့် မြေများအတွက် လျော်ကြေး ငွေများပေးနိုင်ရန် အစိုးရ၊ ပိုက် လိုင်းတည်ဆောက်သည့် ကုမ္ပဏီ နှင့် တောင်သူကိုယ်စားလှယ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာပြီးခဲ့သည့် သြဂုတ်၁၃ ရက်က စတင်စစ် ဆေးခဲ့ခြင်း ဖြစ်သည်။
‘‘မြေပြင်ကွင်းဆင်းစစ်ဆေး ရေးတော့ ပြီးပါပြီ။ တောင်သူတွေ ရဲ့ သဘောတူလက်မှတ်အုပ်စု လိုက် ဆောင်ရွက်နေရပါတယ်။ ပြီးရင် စစ်ဆေးရေးအဖွဲ့အစည်း အ ဝေးလုပ်ဖို့ ရှိပါတယ်။ တွေ့ရှိချက် တွေ၊ တောင်သူတွေရဲ့ တောင်း ဆိုချက်တွေ၊ အကြံပြုချက်တွေကို အစီရင်ခံစာရေးပြီး ပြည်နယ်အစိုး ရအဖွဲ့ထံ ပို့ပါမယ်’’ဟု ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဝင်ဦးမျိုးလွင်က ပြောကြားသည်။
စစ်ဆေးရေးအဖွဲ့သည် အမ်းမြို့နယ်ရှိ ကျေးရွာ အုပ်စုကိုးအုပ်စုမှ ကျေးရွာပေါင်း ၃၇ ရွာကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဦးမျိုးလွင်က ပြောသည်။
မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကြောင့် ကျောက်ဖြူမြို့နယ် ကျေး ရွာအုပ်စုများနှင့် အမ်းမြို့နယ်ရှိ ကျေးရွာ အုပ်စုကိုးစု၊ ကျေးရွာ ပေါင်း ၃၇ ရွာမှ လယ်မြေ၊ ယာ မြေ၊ ကိုင်းမြေ၊ ဥယျာဉ်ခြံမြေ၊ သုသာန်မြေနှင့် ပုစွန်မွေးကန်များ အပါအ၀င် ဧကထောင်ချီ၍ နစ်နာ မှုရှိနေကြောင်း သတင်းရရှိသည်။
No comments:
Post a Comment