Wednesday, November 23, 2016

ရန်ကုန်မြို့က ကမ်းနားညဈေးကို နိုဝင်ဘာလ၂၃ရက်နေ့ ညနေ ၆နာရီမှာ အခမ်းအနားကျင်းပပြီး စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဒီဈေးကိုနေ့စဉ် ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီဈေးမှာတော့ အစားအသောက်နဲ့သစ်သီးတွေကို ရောင်းချနေတာပါ။္ဒဒီဈေးမှာရောင်းချနေတဲ့ ဈေးသည်အများစုကတော့ နေရာအကန့်အသတ်ကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ ကမ်းနားလမ်း ညဈေးတန်းဟာ ကမ်းနားလမ်းတလျှောက်မြို့နယ် ၄ မြို့နယ်ပါဝင်ပြီး ဆိုင်ခန်းပေါင်း ၁၆၀၀ရှိပါတယ်

သတင်းဓာတ်ပုံ - ရန်နိုင်ဇော်ဝင်း

DVB TV News

No comments: