ပဲခူးတိုင်းဒေသကြီး ပေါက် ခေါင်းမြို့နယ်ရှိ မင်္ဂလာပွဲတွင် ကျွေးမွေးသော နို့စိမ်းခေါက်ဆွဲစားရာမှ လူခြောက်ဆယ်ကျော် အစာအ ဆိပ်သင့်ခဲ့ပြီး ပေါက်ခေါင်းဆေးရုံကြီး၌ တက်ရောက် ကုသနေ ကြောင်း သတင်းရရှိသည်။
ပေါက်ခေါင်းမြို့နယ် အင်ငါး ခွ သကြားစက်ရုံ ၀န်ထမ်းအိမ်ရာ တွင် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မင်္ဂလာပွဲကျင်းပရာ နို့စိမ်းခေါက်ဆွဲစားမိပြီး လူဦးရေ ခြောက်ဆယ်ကျော် အစာအဆိပ်သင့်ခဲ့ ကြောင်း ပေါက်ခေါင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဟန်ညွန့် က ပြောသည်။
‘‘မင်္ဂလာဆောင်က မနက် ၆ နာရီကစပြီး နို့စိမ်းခေါက်ဆွဲကျွေး တယ်။ ၁၁ နာရီလောက်မှာ ဒေသခံကျန်းမာရေး ဆရာမရဲ့ သတင်းပေးတာကြောင့် ချက်ချင်းသွားပြီး ကုသခဲ့တယ်။ မူးတယ်၊ အန်တယ်၊ ၀မ်းလျှောတာတွေလည်းရှိတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ တစ်ယောက်ဆို သွေးပေါင်ချိန် ဇီးရိုးဖြစ်ပြီး ရှော့ခ်ရနေတယ်။ အချိန်ဦးလို့သာ ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်။ ရှော့ခ်ရတဲ့ လူနာ ငါးဦးလောက်ရှိခဲ့ပေမယ့် အခုတော့ အားလုံးအခြေအနေကောင်းနေပါပြီ။ လူနာအားလုံး စိုးရိမ်စရာမရှိတော့ပါဘူး’’ဟု ဒေါက်တာ ဟန်ညွန့်က ပြောသည်။
ပေါက်ခေါင်း ဆေးရုံတွင် အစာအဆိပ်သင့်လူနာ ငါးဆယ် ကျော်နှင့် ပြည်ဆေးရုံတွင် ငါးဦး တက်ရောက်ကုသနေပြီး အစာအ ဆိပ်သင့်မှုကြောင့် လူသေဆုံးမှု မရှိကြောင်း၊ အစာအဆိပ်သင့်ရာ မင်္ဂလာဆောင်နေအိမ်နှင့် ဆေးရုံ သည် ကိုးမိုင်ခန့်ကွာဝေးကြောင်း သိရသည်။
အစာအဆိပ်သင့်ခဲ့သည့် နို့ စိမ်းခေါက်ဆွဲနှင့် ချက်ပြုတ်သူ များ၊ သုံးစွဲသည့်ရေစသည်တို့ကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာ ရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ် ဆေးမည် ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်ဆေးရုံကြီးမှ သိရ သည်။
7day
No comments:
Post a Comment