Saturday, November 5, 2016

ဆူဇူကီးကားကုမ္ပဏီ မြန်မာအစိုးရ၏ မော်တော်ယာဉ်မူဝါဒများကို စောင့်ကြည့်နေဟုဆို

ဆူဇူကီးကားကုမ္ပဏီ သည် ပြည်တွင်း၌ ကားထုတ်လုပ် နိုင်ရန် အဆင်သင့်ဖြစ်နေပြီး မြန် မာ အစိုးရ၏ မော်တော်ယာဉ်မူဝါဒပိုင်း အပြောင်းအလဲများကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း ဆူဇူကီး (မြန်မာ) မန်နေဂျင်း ဒါရိုက်တာ မစ္စတာတာကာယူကီ စုဂီရာမာက ပြောသည်။

‘‘ဆူဇူကီးအနေနဲ့ သီလဝါမှာ ဟက်တာ ၂၀ ကျယ်ဝန်းတဲ့ မြေနေရာကို နှစ် ၅၀စာ ဝယ်ယူထား ပြီးပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ဖို့လည်း အဆင် သင့် ဖြစ်နေပါပြီ။ မြန်မာအစိုးရရဲ့ မော်တော်ယာဉ် မူဝါဒပိုင်း အ ပြောင်းအလဲ တွေကိုသာ စောင့်ကြည့်နေရတာ ဖြစ်တယ်’’ဟု ၎င်းကဆိုသည်။

လက်ရှိ ပြည်တွင်း၌ ဆူဇူကီး ကုမ္ပဏီအနေဖြင့် Suzuki Ertiga ကို အစိတ်အပိုင်း တင်သွင်းပြီး တပ်ဆင်ထုတ်လုပ် ရောင်းချမှု (SKD)စနစ်ဖြင့် တင်သွင်းရောင်း ချနေရှိသည်။ ဆူဇူကီး Claz ကိုနိုဝင်ဘာ ၂ ရက်က စတင်မိတ် ဆက်ခဲ့သည်။

အစိုးရအသစ်၏ မော်တော် ယာဉ်မူဝါဒ အပြောင်းအလဲများ တည်ငြိမ်မှု မရှိသေးသောကြောင့် စောင့်ကြည့်နေရခြင်းဖြစ်ကြောင်း ဆူဇူကီး (မြန်မာ)မန်နေဂျင်း ဒါရိုက်တာက ပြောသည်။

မြန်မာနိုင်ငံ၏ လမ်းစနစ်မှာ ညာကပ်မောင်းလမ်းစနစ် ဖြစ် သောကြောင့် ဘယ်မောင်းကား များကိုသာ မောင်းသင့်ပြီး ညာ မောင်းကားများကို ညာကပ်လမ်း များ၌ မောင်းနှင်ခြင်းက အန္တရာယ် အလွန်များကြောင်း ဆူဇူကီး (မြန်မာ) မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။

ပြည်တွင်း၌ ကားထုတ်လုပ် ရန် ယခင်အစိုးရလက်ထက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်ထံ တင်ပြလျှောက်ထားသည့် ကားကုမ္ပဏီသုံးခုရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူက ပြောကြားထား သည်။

လက်ရှိ အစိုးရသစ် လက် ထက်တွင် ကားထုတ်လုပ်ရန် လျှောက်ထားသည့် ကုမ္ပဏီ မရှိ သေးကြောင်း သတင်းရရှိသည်။

ပြည်တွင်း၌ ကားအသစ် တရားဝင်  ဖြန့်ဖြူးရောင်းချခွင့်ရရှိထားသည့်  Brand  New ကုမ္ပဏီ ၁၄ ခုခန့်ရှိပြီး ဆူဇူကီး(မြန်မာ)က လက်ရှိတွင် အိမ်စီးကားနှစ်မျိုး မိတ်ဆက် ရောင်းချနေသည်။

No comments: